Saturday, July 25, 2009

0 နအဖမှ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမှုဆင်ထားသောတရားရုံးကိစ္စနှင့်ပတ်သတ်၍ ဦးဥာဏ်ဝင်းမှ ပြောကြားချက်




ဗီဒီယိုကို ရွှေနန္ဒမှ ရရှိပါသည်။

0 ရုရှားပြန် စစ်တပ်အရာရှိသုံးဦး ပြည်ပကို ထွက်ပြေးတိမ်းရှောင်


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဇူလိုင်လ ၂၀ ရက်နေ့ကစလို့ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာ ရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပြည်ပ ထွက်ခွာမဲ့သူတွေ အခွန်ငွေ ပေးသွင်းရတဲ့ ပုံစံ ၁၉ ရုံးတို့ကို နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် အရာရှိ၊ ဝန်ထမ်းတချို့နဲ့ ပတ်စပို့ပွဲစားတွေ အပါအဝင် လူ ၈၀လောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီရုံးတွေနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။

ရုရှားနိုင်ငံမှာ ပညာသင်ယူပြီး ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်က ဗိုလ်ကြီးအဆင့် အရာရှိသုံးဦးဟာ ပွဲစားတွေကတဆင့် နိုင်ငံကူးလက်မှတ်တွေ ရယူပြီး၊ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် နေပြည်တော် အထူးရဲတပ်ဖွဲ့က အဲဒီရုံးတွေကို အခုလို အပူတပြင်း စီးနင်း ရှာဖွေစစ်ဆေးခဲ့တာလို့ ပတ်စပို့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပတ်စပို့ရုံးနှင့် နီးစပ်သူ။ ။ “ရုရှားကနေ ပညာသင်ပြီး ပြန်လာတဲ့ ကက်ပတိန် သုံးယောက် တံဆိပ်တုံးအတုတွေ ဘာတွေ လုပ်ပြီးတော့ နိုင်ငံခြား ထွက်သွားတာပေါ့။ ထွက်သွားတော့ ထိုင်း၊ ထိုင်းကတဆင့် ဘယ်သွားဦးမလဲတော့ မသိဘူးပေါ့။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သူတို့ ပွဲစားတွေ လိုက်ဖမ်းတာပေါ့။ ပွဲစားတွေနဲ့ ဝန်ထမ်းတချို့၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဆိုင်တွေကိုပါ ဝင်ဆွဲတာပေါ့။ ဓာတ်ပုံတွေနဲ့ နာမယ်နဲ့ တိုက်ပြီးတော့၊ ပွဲစား အယောက် ၈၀ လောက်လို့ ကြားတာပဲ။ သူတို့ဆီမှာ စာရင်းတွေ ရှိတယ်။ အရင်တုန်းက ပတ်စပို့ ပွဲစားတွေပေါ့။ ပတ်စပို့ ပွဲစားဆိုတာ အရင်တုန်းက အက်စ်ဘီဟောင်းတွေ များပါတယ်။ အက်စ်ဘီပြုတ်တွေလေ။

”ဒါ့ပြင် မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ ပြည်ပခရီးစဉ် မှတ်တမ်းတွေ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ရုရုား၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေက နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တာဟာ အဲဒီ ထွက်ပြေး တိမ်းရှောင်သွားတဲ့ တပ်မတော် အရာရှိ ၃ ဦးရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် အာဏာပိုင်တွေက အထူးအလေးထား ဖော်ထုတ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုချက် ရယူနိုင်ဖို့ နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့၊ ရန်ကုန် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပုံစံ ၁၉ အခွန်ရုံးတို့ကို RFA ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ကိုင်သူတွေက လက်ခံဖြေဆိုမှု မရှိပါဘူး။

ဒီကနေ့မှာတော့ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေမှာ ခါတိုင်းနဲ့မတူပဲ လူသူ အထူးနည်းပါး ခြောက်ကပ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေဟာ ကြိုးနီစနစ် များတာကြောင့် ပွဲစားတွေ အထူးပေါများသလို လာဘ်ပေးလာဘ်ယူ အဆိုးဆုံး ရုံးတွေအဖြစ် လူသိများပါတယ်။
(RFA)

0 ဒါရိုက်တာမီးပွါး၏ "ကြိုးတန်း"အမေရိကတွင် ကြည့်ရတော့မည်။


ဒါရိုက်တာ မီးပွား၏ ကြိုးတန်း

မြန်မာအမေရိကန် လူမျိုးများ ကွန်ယက်အသင်း (NetMAA) ၏ ဒုတိယအကြိမ်မြောက် မြန်မာရုပ်ရှင် ပွဲတော်ကို လာမည့် စက်တင်ဘာလတွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Independence Theater ရုံကြီးတွင် ၂ရက်ကြာပြသကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲတော်တွင် အင်္ဂလိပ်စာတန်းထိုး မြန်မာရုပ်ရှင်ကားကြီးဖြစ်သော ကြိုးတန်း ကိုရွေးချယ် ပြသမည် ဖြစ်ကာ ယခုမြန်မာပြည်တွင် ရုံတင်ပြသလျှက် ရှိနေကြောင်း၊ ဒါရိုက်တာ မီးပွါးက ရိုက်ကူးပြီး ကျော်ဟိန်း၊ ကျော်ရဲအောင်၊ အမျိုးသမီး သရုပ်ဆောင် ထွန်းအိနြာဗိုနှင့် စိုးမြတ်သူဇာတို့က ပါဝင်သရုပ်ဆောင် ထားကြကြောင်း၊ မကြာသေးမီ အချိန်ကမှ သာသနာ့ဘောင်သို့ ဝင်သွားသော ကျော်ဟိန်း၏ နောက်ဆုံးကား ဖြစ်ကြောင်း သိရသည်။

NetMAA အသင်းသည် ၂၀ဝ၈ခုနှစ် ဩဂုတ်လအတွင်း ပထမဦးဆုံး မြန်မာရုပ်ရှင် ပွဲတော်ကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော အသင်းဖြစ်သည်။ အသင်းမှမြန်မာရုပ်ရှင် သရုပ်ဆောင်တချို့ကို ပွဲတော်သို့ တက်ရောက်နိုင်ရန် ဖိတ်ကြား ထားပြီး ကြိုးတန်း ဒါရိုက်တာ မီးပွါးကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သဲသောင်ခုံတစ်ခုပေါ်မှာ နေထိုင်ကြတဲ့ တံငါသည် မိသားစုနှစ်ခု တို့ရဲ့ ဆင်းရဲလှတဲ့ ဘ၀သရုပ်ကို အခြေပြုပြီ ဇာတ်အိမ်ကို ဖွဲ့စည်းထားတာပါ။ မသေချာ မရေရာမှုတွေကြားမှာ လောဘ၊ ဒေါသ၊ မောဟ တွေများနေတဲ့ လူဘ၀ရဲ့အကြောင်းလေးကို သင်ခန်းစာရဖွယ်တင်ဆက် ထားတာပါ။ မြန်မာ စစ်အစိုးရကတော့ အခုလို ဆင်းရဲနွမ်းပါးလွန်းတဲ့ မြင်ကွင်းတွေပါတဲ့ ဇာတ်လမ်းမျိုး နောက်နောင်ရိုက်ကူးပြသခွင့် မပြုတော့ဟု တားမြစ်ထားကြောင်း သိရပါတယ်။

Mandalay Gazette

Thursday, July 23, 2009

0 ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ရင် အမေရိကန်ရင်းနှီးမြှပ်နှံမယ် သန်းရွှေ ခေါင်းမာ နေလို့အကျိုးမရှိ။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် နအဖနိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရင် အမေရိကန်က မြန်မာနိုင်ငံမှာရင်းနှီးမြှတ်နှံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကပြောပါတယ်။
"တကယ်လို့ သူ့ကိုလွှတ်ပေးရင် အနိမ့်ဆုံးအနေနဲ့ ကျွန်မတို့ အမေရိကန်နိုင်ငံဟာ ရင်းနှီးမြှတ်နှံမှုတွေအပါအ၀င် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေတိုးမြှင့်သွားမှာဖြစ်ပါတယ်လို့်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကပြောပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကြီးမကျင်းပမှီတစ်ရက် ဒီကနေ့ မစ္စက်ကလင်တန်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး အခွင့်အရေးအားလုံးဟာမြန်မာခေါင်းဆောင်တွေအပေါ်မှာ မူတည်နေပါတယ်လို့လည်း ပြောပါတယ်။

အစည်းအဝေးနေရာကို သွားရောက်သတင်းယူနေတဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က သတင်းထောက်ကလည်း ဒီနေ့ဆွေးဆွေးကြတဲ့ အကြောင်းအရာတွေမှာ မြန်မာနဲ့ မြောက်ကိုးရီးယားအရေးတွေက ထိပ်ဆုံးမှာ နေရာယူခဲ့တယ်လို့ပြောပါတယ်။

ဒီနေ့အာဆီယံ အစည်းအဝေးမှာ အာဆီယံနဲ့ တရုတ်၊ ကိုးရီးယား၊ ဂျပန်နိုင်ငံတွေ ဆွေးနွေးကြပြီး မြန်မာ့အရေးကို အထူးသဖြင့် ဂျပန်နိုင်ငံက အတော်အလေးထားပြီး ဝေဖန်ဆွေးနွေးသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင်အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး အကျဉ်းသားတွေလွှတ်ဖို့နဲ့၂၀၁၀မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင်လုပ်ဖို့ ဂျပန်နိုင်ငံက တိုက်တွန်းသွားပါတယ်။
(bbc)


ကိုမိုးသီး
ဟီလာရီကလင်တန်က က သန်းရွှေ ကို ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့ တောင်းဆို တယ်။ လွတ်ပေးမယ်ဆို ရင် ရင်းနှီးမြုပ်နှံမှုတွေလုပ်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါ တယ်။ ဒါဟာ စီးပွားရေးပိတ်စို့ မှုကိုရုတ်သိမ်းပေးမယ်ဆိုတဲ့ သဘောပဲ။
ဒါဟာ တကယ်ကိုအခွင့်အလန်းကောင်းတခုလို့ ပြောချင်ပါတယ်။ ဒီအခွင့်လန်းကောင်းကို နအဖ အနေနဲ့ ယူသင့်ပါတယ်။
တိုင်းပြည်နဲ့ လူထုအကျိုးစီးပွား နောက်ဆုံးတပ်မတော်သားတွေရဲ့ အကျိုးစီပွား ဖြစ်ထွန်းမှာပါ။ ကိုယ်ကျိုးကြည့် ပြီး ဒေါ်စုကို ဆက်လက်ဖမ်းထားမယ်ဆိုရင်တော့ အစွန်းဆုံပျက်သုဉ်းမှု ကိုရောက်မှာပါ။ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံလိုက်ရင်
လူတိုင်းအကျိးရှိမှာပါ။ ဘိုးဘိုးအောင်မတဲ့ ကိန်းဆိုက်မှာပါ။ အမေရိကန် က စီးပွားရေးပိတ်စို့ မှု ရပ်ပေးရင် မြန်မာ ပြည်သူတွေ ဘာတွေကိုခံစားရမလဲ ။

၁- အလုပ်အကိုင်တွေရလာမယ်။
၂- မီးမှန်မှန် ရမယ်။ မီးစက်သံတွေကြောင့်နားညီးတဲ့ ဘ၀ က လွတ်ကင်းသွားမယ်။
၃- အလုပ်အကိုင်တွေရလာမယ်။
၎- ရေကောင်းကောင်းသောက်ရမယ်။
၅- ထမင်းနပ်မှန်အောင်စားရမယ်။
၆- ခင်ဗျားတို့  ကလေးတွေနိင်ငံခြားမှာ ပညာလာသင်နိင်မယ်။
၇- နိင်ငံခြားမှာဆေးကုသနိင်မယ်။
၈- အမေရိကန်လုပ် အ၀တ်အထည်နဲ့  ပစ္စည်းတွေဆေးချိုချိုနဲ့ သုံးစွဲလာနိင်မယ်။ ( အမေရိကန်မှာ ရှောပင်ထွက်လာနိင်မယ်။ )
၉- တပ်မတော်သား တွေရဲ့ အမျိုးသမီးတွေ ကျမ္မာရေးသုံး ( Pad) ကို သုံးစွဲလာနိင်မယ်။
၁၀- တပ်မတော်သားတွေလည်း ၀ီစကီကောင်းကောင်းကို ဗိုလ်ချုပ်မောင်အေးသောက်သလို ဈေးချိုချိုနဲ့ သုံးစွဲလာနိင်မယ်။
၁၁- ကျောင်းသားတွေ ကွန်ပြူတာ၊ အင်တာနက်၊ နဲ့  ပညာရေးထောက်ကူပြုမှုတွေ ပိုမိုရလာမယ်။

ဒါကြောင့် နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးပါ။ အမေရိကန် ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံပါလို့  ယဉ်ယဉ်ကျေးကျေး တိုက်တွန်းလိုက်ပါရစေ- ။ ဒီကမ်းလှမ်းချက်ကို သန်းရွှေက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ တပ်မတော်သားတွေ လုပ်သင့်တာကိုလုပ် ဖို့ လိုပြီလို့ အကြံပေးပါရစေ-


-------------------------------------------------------
ဟီလာရီကလင်တန် ကမ်းလှမ်းချက်ကို အောက်မှာဖတ်ရှု့ နိင်ပါတယ်။
-------------------------------------------------------

Clinton urges Myanmar to free Suu Kyi

(AFP) – 5 hours ago

PHUKET, Thailand — US Secretary of State Hillary Clinton on Wednesday urged Myanmar to free democracy leader Aung San Suu Kyi, saying such a move could pave the way for investments from the United States.

"If she were released that would open up opportunities at least for my country to expand our relationship with Burma, including investments in Burma," she said, referring to Myanmar by its former name.

Speaking after meetings in Phuket on the eve of Asia's biggest annual security forum, she said such opportunities were "up to the Burmese leadership".

Military-ruled Myanmar recently sparked outrage by putting Aung San Suu Kyi on trial in prison over an incident in which an American man swam to her lakeside house.

US President Barack Obama has described the court proceedings as a "show trial" and Myanmar has already been slapped with US sanctions for its detention of thousands of political prisoners.

Clinton said that while countries from the Association of Southeast Asian Nations (ASEAN) were moving "in a very positive direction", Myanmar was "moving in the opposite direction".

"We have been very clear in stating that the United States would like to see changes in the behaviour of the regime in Burma" she said, adding that the release of Aung San Suu Kyi was "critical".

Earlier Wednesday she said ASEAN should consider expelling Myanmar -- the bloc's problem child since it joined in 1997 -- if it does not release the imprisoned Nobel Peace Laureate.

Referring to US man John Yettaw's uninvited visit to Aung San Suu Kyi, Clinton said: "I regret deeply this unfortunate incident, which she had nothing to do with, and which served as an excuse for them to put her on trial."

The pro-democracy leader has spent 13 of the last 19 years in detention since the junta refused to recognise her National League for Democracy's landslide victory in elections in 1990.

Critics of Myanmar's regime believe the trial is a ploy to keep her locked up for elections scheduled for next year.

Clinton reiterated concerns about possible cooperation over nuclear weaponry between Myanmar and fellow pariah state North Korea, one of the issues that is dominating the talks in Phuket.

On Tuesday Clinton also said she was "deeply concerned" by reports of human rights abuses in Myanmar, "particularly by actions that are attributed to the Burmese military concerning the mistreatment and abuse of young girls."
Copyright © 2009 AFP. All rights reserved. More »

Monday, July 20, 2009

0 နအဖ မောင်အေးနှင့် ရုရှား ကြည်းတပ် ဒုဦးစီးချုပ် General Evnevich Valery G ဦးဆောင်သောအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှု လျှို့ဝှက်မှတ်တမ်း(2008)



နအဖနိုင်ငံခြားရေးဝန်ကြီးအမည်ခံ ဥာဏ်ဝင်းနှင့် အမေရိကန် သံရုံးယာယီတာဝန်ခံ Mr.Larry Dingerလာရောက်တွေ့ဆုံစဉ်ကတွေ့ဆုံဆွေးနွေးမှု လျှို့ဝှက်မှတ်တမ်း (၂၀၀၈)

0 (၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ကျင်းပ။

နည်းပညာစမ်းသပ်မှုတခုအနေနဲ့ မနေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အာဇာနည်နေ့အခမ်းအနားဓာတ်ပုံများကို ပုံစံတမျိုးနှင့်တင်လိုက်ပါသည်။ ဓာတ်ပုံများ အပေါ်ဘယ်ညာဒေါင့်တွင် PREV , NEXT အလိုအလျောက်မြင်ကွင်းရှင်းလင်းစွာဖြင့်ပေါ်လာမည်ဖြစ်ပြီး photo gallery showပုံစံဖြင့် စမ်း၍တင်လိုက်ပါသည်။



2 contact



Your Name
Your Email Address
Subject
Message
Image Verification
captcha
Please enter the text from the image:
[ Refresh Image ] [ What's This? ]



0 ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၆၂)နှစ်ပြည့် အာဇာနည်နေ့အခမ်းအနား


အာဇာနည်နေ့အခမ်းအနားကို shizuoka / Hamamatsu- ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်တိုင်တွင် LDB မှဦးဆောင်ပြီးအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
ဓာတ်ပုံ။ ။ kopour

0 nld လူငယ်များ၏ အာဇာနည်နေ့ချီတက်ပွဲနှင့် ခြစားနေသောအာဆီယံ ဗီဒီယိုအတို (ဂျပန်)


ဗီဒီယို။ ။ ဂျပန်သတင်း( news 24)မှ ရယူပြီး ဂျပန်ဘာသာအတွက် အောက်ပါအတိုင်းဘာသာပြန်ထားပါသည်။

အရှေ့တောင်အာရှအာရှ (ASEAN)နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့စုံစည်းဝေးပွဲကို မနေ့က ထိုင်းနိုင်ငံ ဖူးခတ် (Phuket) မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Treaty of Amity and Cooperation in Southeast Asia(TAC) လို့ခေါ်တဲ့ အရှေ့တောင်အာရှချစ်ကြည်ရေးနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဖို့ အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းမှုကို ဒီအစည်းဝေးမှာ အဓိကထား တွေ့ဆုံဆွေးနွေးကြတယ်လို့သိရှိရပါတယ်။ ဒေသအတွင်း တရုတ်ရဲ့ သြဇာအာဏာလွမ်းမိုးမှုကိုအိုးဘားမားအစိုးရက ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ရည်ရွယ်ပုံရတယ်လို့သတင်းက ဆိုပါတယ်။

အစည်းအဝေး အစီအစဉ်မှာ တရားရင်ဆိုင်နေရပြီး မတရားအမှုဆင်ဖမ်းဆီးထားခံရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်အကြောင်း လုံးဝပြောဆိုခြင်းမရှိကြောင်းသိရှိရပါသည်။ ဒါဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဘူးဆိုတဲ့ အာဆီယံရဲ့မူကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မနေ့က ဂျူလိုင်လ (၁၉)ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို သွားရောက်ဂါဝရပြုမဲ့ Nld လူငယ် အယောက် (၅၀)ခန့်ကိုဖမ်းဆီးခဲ့ပြီး ဒါဟာ စစ်အစိုးရဟာ ဒီမိုကရေစီရေးကို ဦးတည်မသွားဘူးဆိုတာ သိသာထင်ရှားနေတဲ့ အချက်တခုလည်းဖြစ်ပါတယ်လို့ဆိုပါတယ်။

ှဗီဒီယိုအင်တာဗျူးမှာ ဂျပန်သတင်းထောက်က ဒီလိုမေးမြန်းခဲ့ပါတယ်။

ဂျပန်သတင်းထောက်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရင်ဆိုင်နေတဲ့ အခြေအနေ?

နအဖ။ ။ ငါက တရားသူကြီးမဟုတ်ဘူးကွ

လို့ နအဖက ဒီလိုရင့်ရင့်သီးသီးပြောခဲ့ပါတယ်။

Sunday, July 19, 2009

0 အာဇာနည်နေ့ အခမ်းအနားကို ပြည်တွင်း နှင့် နိုင်ငံတကာတွင်ကျင်းပပြုလုပ် ရာ ရန်ကုန်တွင် လူ၆၀ ကျော်ခန့် ဖမ်းဆီးခံရ


အာဇာနည်နေ့ ဒို့မမေ့

မယ်ဆရီယန်၊၊ Freedom News Group
ရန်ကုန် အာဇာနည်နေ့ အခမ်းအနား အတွက် လမ်းများပိတ်ဆို့ ထားသဖြင့် အများပြည်သူသွားလာရေး အဆင်မပြေဟု သိရသည်။ ထို ကဲ့သို့  မြေနီကုန်း လမ်းဆုံ မှ စတင်ပိတ်ထားသော လမ်းများမှာ ညနေ သုံးနာရီထိ ဖွင့်လှစ်ခြင်းမရှိ သေးဟု သိရသည်။

အခြားတက္ကသိုလ်ကျာင်းသား ၁၅ ယောက် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ
ဝင် လူငယ် အယောက် ၅၀ ကျော်တို့ ကို အာဇာနည် ကုန်း အနီး ၊လင့်လမ်း နှင့် ဦးထောင်ဗိုလ်
လမ်းတို့ တွင်ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိသည်။

၆၂ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား တွင် စစ်အစိုးရ ကိုယ်စား ရန်ကုန် မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း တက်ရောက်၍ လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအခမ်းအနားဖြင့် အလေးပြုခဲ့သည်။အာဇာနည် နေ့ အခမ်းအနားသို့ နိုင်ငံခြားသံတမန်များ စုံညီစွာတက် ရောက်ခဲ့ကြသည်။

အာဇာနည်နေ့ အခမ်းအနားသို့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များတက်ရောက်၍ ဂါရ၀ ပြုခြင်းမ
ရှိသည် မှာ ဆယ်နှစ်နှစ် နှစ်ခုနီးပါး ရှိသွားပြီဖြစ်သည်။

0 ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်သော (၆၂)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား


(၆၂)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့နာဂအိတဘရှိရပ်ကွက် ရှိ မြန်မာဘုန်းကြီးကျောင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ )ဂျပန်ဋ္ဌာနခွဲမှ ကြီးမှုး၍ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။၁၉၄၇ဇူလိုင်၁၉ရက်တွင် ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ရာ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်နှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
ဓါတ်ပုံ-ကေသီ၊ဦးစိုးအောင်ဝင်း, သတင်း-လူငယ်ဌာနNLD(LA)JB
credit ။ ။http://nldlajb.blogspot.com/

0 အာဇာနည် ခေါင်းဆောင်ကြီးများအား အလေး ပြုပါသည်

အာဇာနည်နေ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်း -



http://www.lovelamp88.co.cc/အားကျေးဇူးတင်ရှိပါသည်။

0 ဂျပန်နိုင်ငံရေးပြောင်းလဲမှု မြန်မာအပေါ်ရိုက်ခတ်နိုင်


ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးမှုရှိပြီး မြန်မာဒီမိုကရေစီ အရေးကူညီဆောင်ရွတ်ပေးသော DPJ ပါတီ၏ လက်ရှိဥက္ကဌဖြစ်သူ Mr.Yukio Hatoyama

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေအစိုးရအပြောင်းအလဲတွေ ဖြစ်လာတဲ့အခါတိုင်းမှာ အဲဒီအပြောင်းအလဲ အရှိန်အဟုန်က အိမ် နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေကိုပါ ရိုက်ခတ်မှုဖြစ်လာတတ်ပါတယ်။

အခုဆိုရင် ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက တောက်လျှောက်
ဆိုသလို အာဏာရလာတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ဟာ ဂျူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ တိုကျိုမြို့တော်ကောင်စီအုပ်ချုပ်ရေးရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

LDP ပါတီက အခုလိုတိုကျိုမြို့တော်ရွေးကောက်ပွဲရှုံးနိမ့်တာဟာ လွန်ခဲ့တဲ့အနှစ် ၄၀ အတွင်း ပထမဉီးဆုံးအကြိမ်လဲ ဖြစ်ပါတယ်။ LDP ပါတီကိုအနိုင်ရသွားတာကတော့ ဒီမိုကရက်တစ်ပါတီ ဂျပန် DPJ ဘဲဖြစ်ပါတယ်။ DPJ ပါတီရဲ့လက်ရှိဥက္ကဌဖြစ်သူ Mr. HATOYAMAဟာဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိသူသာမက ပါတီရဲ့ DPJ လွှတ်တော်အမတ်တွေဟာ မြန်မာ့ဒီမိုကရေစီရေး ကူညီဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များအဖွဲ့ GIREN ရဲ့အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

အကယ်၍ DPJ သာလာမယ့် သြဂုတ်လ ၃၀ ရက်မှာ ကျင်းပမယ့် ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲအတွင်း အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင်မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့မူဝါဒတွေဟာ ပြေင်းလဲလာနိုင်ဘွယ် ရှိသလားဆိုတာကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြား စိတ်ဝင်စားနေကြပါတယ်။

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် Generation Wave၏ သီချင်းသစ်


ကျနော်တို့GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှပြီးခဲ့သည့် ၁၉ရက်ဇွန်လ၂၀၀၉နေ့တွင် အင်းစိန်ထောင်တွင်းအကျဉ်းစံဘ၀ဖြင့် သူမရဲ့၆၄နှစ်မြောက်မွေးနေ့ကို အထီးကျန်စွာဖြတ်သန်းခဲ့ရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်ရည်ရွယ်၍
သီချင်းအသစ်တပုဒ်ကိုရေးစပ်သီဆိုပြီးဖြန့်ချိမျှဝေလိုက်ပါသည်။

အချို့သောအခက်အခဲများကြောင့်တလခန့်နောက်ကျပြီးမှဖြန့်ဝေနိုင်ခြင်းကိုခွင့်လွှတ်နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

သီချင်းကိုနားဆင်ရာတွင် မီဒီယာစက်ပစ္စည်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ရန်အတွက်mpeg,mp3, 3gp ဖိုင်များဖြင့် ပြုလုပ်ထားပြီး မိုဘိုင်းဖုန်းများတွင်ပါအလွယ်တကူသွင်းယူနားဆင်နိုင်ပါသည်။
Moethway
Generation Wave

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.