Saturday, July 25, 2009

0 ဒါရိုက်တာမီးပွါး၏ "ကြိုးတန်း"အမေရိကတွင် ကြည့်ရတော့မည်။


ဒါရိုက်တာ မီးပွား၏ ကြိုးတန်း

မြန်မာအမေရိကန် လူမျိုးများ ကွန်ယက်အသင်း (NetMAA) ၏ ဒုတိယအကြိမ်မြောက် မြန်မာရုပ်ရှင် ပွဲတော်ကို လာမည့် စက်တင်ဘာလတွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Independence Theater ရုံကြီးတွင် ၂ရက်ကြာပြသကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲတော်တွင် အင်္ဂလိပ်စာတန်းထိုး မြန်မာရုပ်ရှင်ကားကြီးဖြစ်သော ကြိုးတန်း ကိုရွေးချယ် ပြသမည် ဖြစ်ကာ ယခုမြန်မာပြည်တွင် ရုံတင်ပြသလျှက် ရှိနေကြောင်း၊ ဒါရိုက်တာ မီးပွါးက ရိုက်ကူးပြီး ကျော်ဟိန်း၊ ကျော်ရဲအောင်၊ အမျိုးသမီး သရုပ်ဆောင် ထွန်းအိနြာဗိုနှင့် စိုးမြတ်သူဇာတို့က ပါဝင်သရုပ်ဆောင် ထားကြကြောင်း၊ မကြာသေးမီ အချိန်ကမှ သာသနာ့ဘောင်သို့ ဝင်သွားသော ကျော်ဟိန်း၏ နောက်ဆုံးကား ဖြစ်ကြောင်း သိရသည်။

NetMAA အသင်းသည် ၂၀ဝ၈ခုနှစ် ဩဂုတ်လအတွင်း ပထမဦးဆုံး မြန်မာရုပ်ရှင် ပွဲတော်ကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော အသင်းဖြစ်သည်။ အသင်းမှမြန်မာရုပ်ရှင် သရုပ်ဆောင်တချို့ကို ပွဲတော်သို့ တက်ရောက်နိုင်ရန် ဖိတ်ကြား ထားပြီး ကြိုးတန်း ဒါရိုက်တာ မီးပွါးကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သဲသောင်ခုံတစ်ခုပေါ်မှာ နေထိုင်ကြတဲ့ တံငါသည် မိသားစုနှစ်ခု တို့ရဲ့ ဆင်းရဲလှတဲ့ ဘ၀သရုပ်ကို အခြေပြုပြီ ဇာတ်အိမ်ကို ဖွဲ့စည်းထားတာပါ။ မသေချာ မရေရာမှုတွေကြားမှာ လောဘ၊ ဒေါသ၊ မောဟ တွေများနေတဲ့ လူဘ၀ရဲ့အကြောင်းလေးကို သင်ခန်းစာရဖွယ်တင်ဆက် ထားတာပါ။ မြန်မာ စစ်အစိုးရကတော့ အခုလို ဆင်းရဲနွမ်းပါးလွန်းတဲ့ မြင်ကွင်းတွေပါတဲ့ ဇာတ်လမ်းမျိုး နောက်နောင်ရိုက်ကူးပြသခွင့် မပြုတော့ဟု တားမြစ်ထားကြောင်း သိရပါတယ်။

Mandalay Gazette

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.