Sunday, July 19, 2009

0 ဂျပန်နိုင်ငံရေးပြောင်းလဲမှု မြန်မာအပေါ်ရိုက်ခတ်နိုင်


ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးမှုရှိပြီး မြန်မာဒီမိုကရေစီ အရေးကူညီဆောင်ရွတ်ပေးသော DPJ ပါတီ၏ လက်ရှိဥက္ကဌဖြစ်သူ Mr.Yukio Hatoyama

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေအစိုးရအပြောင်းအလဲတွေ ဖြစ်လာတဲ့အခါတိုင်းမှာ အဲဒီအပြောင်းအလဲ အရှိန်အဟုန်က အိမ် နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေကိုပါ ရိုက်ခတ်မှုဖြစ်လာတတ်ပါတယ်။

အခုဆိုရင် ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက တောက်လျှောက်
ဆိုသလို အာဏာရလာတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ဟာ ဂျူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ တိုကျိုမြို့တော်ကောင်စီအုပ်ချုပ်ရေးရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

LDP ပါတီက အခုလိုတိုကျိုမြို့တော်ရွေးကောက်ပွဲရှုံးနိမ့်တာဟာ လွန်ခဲ့တဲ့အနှစ် ၄၀ အတွင်း ပထမဉီးဆုံးအကြိမ်လဲ ဖြစ်ပါတယ်။ LDP ပါတီကိုအနိုင်ရသွားတာကတော့ ဒီမိုကရက်တစ်ပါတီ ဂျပန် DPJ ဘဲဖြစ်ပါတယ်။ DPJ ပါတီရဲ့လက်ရှိဥက္ကဌဖြစ်သူ Mr. HATOYAMAဟာဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိသူသာမက ပါတီရဲ့ DPJ လွှတ်တော်အမတ်တွေဟာ မြန်မာ့ဒီမိုကရေစီရေး ကူညီဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များအဖွဲ့ GIREN ရဲ့အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

အကယ်၍ DPJ သာလာမယ့် သြဂုတ်လ ၃၀ ရက်မှာ ကျင်းပမယ့် ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲအတွင်း အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင်မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့မူဝါဒတွေဟာ ပြေင်းလဲလာနိုင်ဘွယ် ရှိသလားဆိုတာကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြား စိတ်ဝင်စားနေကြပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.