Monday, July 20, 2009

0 nld လူငယ်များ၏ အာဇာနည်နေ့ချီတက်ပွဲနှင့် ခြစားနေသောအာဆီယံ ဗီဒီယိုအတို (ဂျပန်)


ဗီဒီယို။ ။ ဂျပန်သတင်း( news 24)မှ ရယူပြီး ဂျပန်ဘာသာအတွက် အောက်ပါအတိုင်းဘာသာပြန်ထားပါသည်။

အရှေ့တောင်အာရှအာရှ (ASEAN)နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့စုံစည်းဝေးပွဲကို မနေ့က ထိုင်းနိုင်ငံ ဖူးခတ် (Phuket) မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Treaty of Amity and Cooperation in Southeast Asia(TAC) လို့ခေါ်တဲ့ အရှေ့တောင်အာရှချစ်ကြည်ရေးနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဖို့ အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းမှုကို ဒီအစည်းဝေးမှာ အဓိကထား တွေ့ဆုံဆွေးနွေးကြတယ်လို့သိရှိရပါတယ်။ ဒေသအတွင်း တရုတ်ရဲ့ သြဇာအာဏာလွမ်းမိုးမှုကိုအိုးဘားမားအစိုးရက ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ရည်ရွယ်ပုံရတယ်လို့သတင်းက ဆိုပါတယ်။

အစည်းအဝေး အစီအစဉ်မှာ တရားရင်ဆိုင်နေရပြီး မတရားအမှုဆင်ဖမ်းဆီးထားခံရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်အကြောင်း လုံးဝပြောဆိုခြင်းမရှိကြောင်းသိရှိရပါသည်။ ဒါဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဘူးဆိုတဲ့ အာဆီယံရဲ့မူကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မနေ့က ဂျူလိုင်လ (၁၉)ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို သွားရောက်ဂါဝရပြုမဲ့ Nld လူငယ် အယောက် (၅၀)ခန့်ကိုဖမ်းဆီးခဲ့ပြီး ဒါဟာ စစ်အစိုးရဟာ ဒီမိုကရေစီရေးကို ဦးတည်မသွားဘူးဆိုတာ သိသာထင်ရှားနေတဲ့ အချက်တခုလည်းဖြစ်ပါတယ်လို့ဆိုပါတယ်။

ှဗီဒီယိုအင်တာဗျူးမှာ ဂျပန်သတင်းထောက်က ဒီလိုမေးမြန်းခဲ့ပါတယ်။

ဂျပန်သတင်းထောက်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရင်ဆိုင်နေတဲ့ အခြေအနေ?

နအဖ။ ။ ငါက တရားသူကြီးမဟုတ်ဘူးကွ

လို့ နအဖက ဒီလိုရင့်ရင့်သီးသီးပြောခဲ့ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.