Saturday, August 14, 2010

0 အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်


နောက်ဆုံးမှာစိန်ခေါ်ပွဲဘဲဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂနှင့် ပူးပေါင်းခြင်းမပြုခြင်းသမျှ စစ်အစိုးရ၏ ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဟုစိန်ခေါ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပါလား ဆိုပြီးစိန်ခေါ်လိုက်သည်။ ယနေ့တွင် နိုင်ဝင်ဘာလ ရ ရက်နေ့၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရကကြေညာလိုက်ပြီ။ သည်တော့စိန်ခေါ်ပွဲကိုကြည့်ကြဖို့ဘဲရှိတော့သည်။ ရှေးဦးစွာစိန်ခေါ်ပွဲသည် သဘာဝကျပါရဲ့လားဆိုပြီး တွေးကြည့်ဖို့လိုသည်။ မည်သူတွေကောင်းစားရေးအတွက် စိန်ခေါ်ပွဲနည်း။ နိုင်ငံတကာသည် မြန်မာပြည်သူတို့အတွက် နအဖစစ်အစိုးရကို စိန်ခေါ်ထားသည် ။ဤအချက်ကို မြန်မာပြည်သူတို့ နားလည်ပါသလား။ ခံစားတတ်ပါသလား။ နလဘိန်းတုံးများဖြစ်နေသောသို့မဟုတ် နိုင်ငံရေးနှင့် ကင်းကွာနေပါသည်ဟု ပြောခံနေရသောပြည်သူများရှိပါသလား။ ယင်းပြည်သူများကို နိုင်ငံရေးပါးဝပါသည်ဟု ဆိုသော ရွေးကောက်ပွဲဝင်မည့်ပါတီများက ပြောဆိုရန်မသင့်ပေဘူးလား။ ဦးအေးလွင်က ပြည်သူတွေမှာ နိုင်ငံရေးနှင့် ကင်းကွာနေ၍ အကြောက်တရားတွေ ၀င်နေကြသည်ဟုပြောဆိုထားပါသည်။ သည်မျှလောက်နိုင်ငံရေးခန့်မှန်းမိသူဖြစ်လျင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပင် အသိအမှတ်မပြုပါဟု ကြေညာထားသော ရွေးကောက်ပွဲကို ယင်းပုဂ္ဂိုလ်များက ဤကိစ္စကိုခန့်မှန်းရကြမည်ထင်သည်။ နလဘိန်းများကို ပြောဆိုနိုင်ကြမည်ထင်ပါသည်။ နိုင်ငံရေးနှင့် ကင်းကွာနေသောပြည်သူများကို ရှင်းပြရဲသော သတ္တိများရှိနေကြဖို့လိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စိန်ခေါ်ထားလိုက်ခြင်းသည် မြန်မာနိုင်ငံကောင်းစားရေးအတွက်ဖြစ်သည်။ ယင်းအချက်ကို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက ကျနော်တို့ထက် ပို၍နားလည်ကြမည်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာခြင်းနှင့် စပ်လှဉ်း၍ပြောဆိုလိုက်ခြင်းမှာ ၂၀၁၀ နှစ်၏အချိန်ကာလကို တွက်ချက်၍ပြောဆိုခြင်းဖြစ်သည်။ ယခုနိုဝင်ဘာ ရ ရက်နေ့တွင် ပြုလုပ်မည်ဆိုလာသည်။ သည်တော့အချိန်ကာလကို တွက်ချက်ကြည့်က ၃ လ ပင်မရှိတော့။ ယင်းကြားထဲစည်းရုံးရေးမဆင်းရသေး။ကိုယ်စားလှယ်များတောင်မရှိသေး။ ပါတီရုံးမရှိသေး။ ပါတီသဘောထားများ ကြေညာချက်မရှိသေး။ပါတီဖွဲ့စည်းပုံတွေ မရှိသေး။ရွေးကောက်ပွဲဝင်မည်ပြောနှင့်နေကြသောပါတီများမှာ အလွန်အောက်ကျနောက်ကျ နိုင်လွန်းလှပါသည်။ စစ်အစိုးရ၏ပြုသမျခံနေရပါသည်။ ကြံ့ဖွဲ့ပါတီကိုပင် မျက်စောင်းထိုး၍ မကြည့်ဝံ့စရာဖြစ်နေရပါသည်။ စကားကြီးစကားကြယ် နိုင်ငံရေးစကားပြောဖို့ လွပ်လွပ်ခွင့် တရားမျှတခွင့်တို့မှာ သူတို့နှင့် လားလားမျှမဆိုင်။ ကြေညာစတမ်းသဘောထားထုတ်ရုံမျှနှင့် ပါတီဖျက်သိမ်းခံရနိုင်သည်ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပြည်နယ်ရွေးကော်ပွဲကော်မရှင်ကခြိမ်းခြောက်လိုက်သောသတင်းကိုကြားရပြီ။ တခြားပါတီများကိုလည်း သိစေအောင်လုပ်ခြင်းဖြစ်သည့်သဘော။ ဦးဖြိုးမင်းသိန်းတို့က စောစောစီးစီးရွှေညောင်ပင်က လမ်းခွဲလိုက်ပြီ။ မကြာမှီလမ်းခွဲမည့် ပါတီများထွက်ပေါ်လာနိုင်သည်။ သဘောက သူတို့မှာလုပ်ပိုင်ခွင့်ဘောင်က ဘာမှမရှိသည်ကို အောင့်အီးသည်းညဉ်းမခံနိုင်သည့်အဆုံး ရွေးကောက်ပွဲမှာ သူတို့အနေနှင့် မ၀င်ရောက်တော့ဟု ကြေညာကြတော့မည်အလားအလာ ရှိလာနိုင်သည်။ ကျွန်တော်ထင်သည်။ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်မည့် ပါတိကြီးမှာ တပါတီမျှမရှိသေးချေ။ သူတို့လိုငွေအင်အားမတောင့်တင်းကြောင်း ၀န်ခံနေကြပြီ။ စည်းရုံးရေးဆင်း၍မရကြောင်း ညီညူနေကြပြီ။ ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ပြိုင်ပြီးယှဉ်ပြိုင်၍လည်းရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားနယ်မြေမှာ သူတို့လူမျိုးပါတီကိုဘဲ ဦးစားပေးကြမည်ဖြစ်သည်။ ရှေးဦးစွာကြံ့ဖွံ့နှင့် တစညပါတီတို့နှင့်ယှဉ်ပြိုင်၍နိုင်မည်ဟု မထင်ထားလျင် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ ၀င်ရောက်ရန်မသင့်။ ယခုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ပြည်သူတွေက ၃၃၀ နေရာရွေးချယ်ပြီး စစ်တပ်က ၁၁၀ ရွေးချယ်ပြီးသားရှိမေမည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၂၄ နေရာမှာ ၁၆၈ နေ၇ာကို ပြည်သူတွေက ရွေးချယ်မှာဖြစ်ပြီး ၅၆ ယောက်က ကာကွယ်ရေးစစ်ဦးချုပ်က ရွေးချယ်ပေးမည်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ၁၀ ဦးခန့်ရွေးချယ်ခံရသည်ထားဦး။ ရ၀ ဦးသားရွေးချယ်ခံရမည်ဖြစ်ပြီး ကျန်သော ၂၅၀ လွှတ်တော်ကိုယ်စားလှယ်မှာ ကြံ့ဖွံ့နှင့် တစည ပါတီမှဖြစ်သွားနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲတွင် အတိုက်အခံပါတီများမှ ၁၀၀ ခန့်ပင်အနိုင်ရရှိမည်မဟုတ်။ သည်တော့ စစ်တပ်က ၁၁၀ ဦးရေနှင့် ပေါင်းလိုက်လျင် နေရာ ၄၄၀ တွင် စစ်အစိုးရက သူတို့ပါတီနှင့် သူတို့ကိုယ်စားလှယ်အတွက် နေရာရှိပြီးသားဖြစ်နေပါပြီ။ကျွန်တော်တို့မှာ ဒီမိုကရေစီအင်အားစုဖြစ်သော အတိုက်အခံကောင်းများရှိကြပါသည်။ စုစည်း၍မရကြသောကြောင့် အတွေးအခေါ်မတူညီကြခြင်းကြောင့် ပြန့်ကြဲနေကြခြင်းသာဖြစ်သည်။ အကယ်၍ ယခုလိုနအဖစစ်အစိုးရ၏အချိုးကျ လွှတ်တော်ကိုယ်စားလှယ်နေရာကို တွက်ချက်ကြည့်ပြီး ကျန်သောနေရာများအတွက် မိမိတို့ အတိုက်အခံများဘက်က တွက်ချက်ကြည့်လျင် ရွေးကောက်ပွဲမှာ လုံးဝမ၀င်သင့်ကြောင်း တွေ့ရှိနိုင်ပါသည်။ ဒီမိုကရေစီသူရဲကောင်းများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြှို်မည့်သူထဲတွင် တွေ့မြင်နေကြပါသည် ။ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာရှည်ကြာပြီး နေလာခဲ့သော နိုင်ငံရေးသမားကြီးတို့မှာ ဒီမိုကရေစီတိုက်ပွဲကို ခုအချိန်ထိ ခါးတောင်းကျိုက်ပြီး တွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရပါသည်။ တုပ်တုပ်မျှ မလှူပ်ရဲသော နိုင်ငံရေးကစားကွက်တွင် ဒီမိုကရေစီအောင်ပွဲခံနိုင်ဖို့အရေး နိုင်ငံရေးသမားကြီးတို့က စစ်တုရင်ကစားနေကြသည်မှာ အင်အားချိန်ခွင်လျာမညီဘဲဖြစ်နေပါသည်။ အကယ်၍ယခုလိုချိန်ခွင်လျှာညီမည့်အချိန်မှာ စစ်အစိုးရ၏ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်တော့ပါဟု ကြေညာလိုက်သည်ဆိုလျင် စစ်အစိုးရသည် မည်သည့်နည်းနှင့်မျ ရွေးကောက်ပွဲကိုရှေ့ဆက်မတိုးတော့။ အကြောင်းမှာသူတို့ပွဲဖြစ်မြောက်နေခြင်းမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများကြောင့်ဖြစ်သည်။ဆိုကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ရှုံးမည်ပွဲ၌ မပါဝင်ခြင်းကြောင့် နိုင်ငံရေးလာကမှ ထွက်ခွါသွားရလိမ့်မည်လည်းမဟုတ်ချေ။ ယင်းမှာနိုင်ငံရေးကစားကွက်ပုံဖေါ်ခြင်းတခုသာဖြစ်သည်။

နအဖဖစစ်အစိုးရသည် စိန်ခေါ်လိုက်သည်ဆိုသော်လည်း သူတို့မှာ အနာဒဏ်ရာမရှိမဟုတ်။ နောက်ကြောမှာထိုးထားသောဒဏ်ရာက နာကျင်နေသည့်ကြားမှ စိန်ခေါ်လိုက်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍စစ်အစိုးရပုံဖေါ်ခြင်းကို လိုက်မည်လားဆိုသော ပြသနာကို စဉ်းစားရန်လိုပြီ။ တချိန်တည်းမှာပင် မိမိတို့နိုင်ငံရေးပုံသဏ္ဍန်ကို အကောင်အထည်ဖေါ်သင့်ရန်လည်းလိုသည်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် အာဏာပြသနာဖြစ်သည်။ မိမိတို့ပြောချင်ဆိုချင်သော ပြသနာမှာ အာဏာပြသနာဖြစ်သည်။ ထို့ကြောင့် အာဏာတစက်မျှမရရှိသော ယင်းပုံစံခွက်ကို ပြုပြင်နေစရာလည်းမလို။ ပုံစံခွက်တခုကို မိမိတို့ဘာသာ ဖန်တီးရန်လိုသည်။ ဤနေရာ၌ ပြည်တွင်းပြည်ပပြသနာတွေရှိနေသည်။ ပြည်ပအနေအထားသည် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုထားနှင့်ပြီ။

ပြည်တွင်းမှမူ သာမန်ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲမပေးရေးကို ပြောဆိုနေကြပြီ။ စစ်တပ်ထဲတွင်မူ နှစ်ခြမ်းကွဲနေပြီ။ ရဲမွန်တပ်ရင်းသည် နေပြည်တော်အမိန့်အာဏာဟူသမျှကို လက်မခံတော့ ။ သူတို့၏မိသားစုစားဝတ်နေရေးအတွက် သေနတ်တပြင်ပြင်ရှိနေပြီ။ ငတ်ပြတ်နေသောသူတို့၏မိသားစုများအတွက် ရဲမွတ်တပ်ရင်းမှ ရဲဘော်များသည် နေပြည်တော်မှလာသော အမိန့်ကို မနာခံတော့။ တသွေးတသံတမိန့်ဟု နာမည်ကြီးနေသော နအဖတပ်မတော်သည် ယခုပြိုကွဲနေပြီဖြစ်သည်။ ခလရ ၂၂ မှာလည်း ထွက်ပြေးသူထွက်ပြေးနှင့် တပ်ပြေးတွများနေကြပြီ။ တပ်မတော်ပြိုကွဲမှ နိုင်ငံရေးရာသီပြောင်းလဲသွားမည့် လက္ခဏာရှိနေပြီ။ ဤအချက်သည်နိုင်ငံရေးအခြေအနေများကို ပြောင်းလဲစေနိုင်သော အချက်များဖြစ်နေသည်။ကျွန်တော်တို့မှာ နိုင်ငံရေးအခြေနေပြောင်းလဲနိုင်သော နည်းလမ်းများရှိနေပါသည်။ ယင်းမှာပြည်တွင်းနိုင်ငံရေးအခြအနေတင်းကြပ်လာမူများရှိနေခြင်း။ တပ်မတော်အတွင်းပြိုကွဲလာပြီး အမိန့်မနာခံမူများရှိနေခြင်း။ နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းများဖြစ်ပေါ်ခြင်း။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးတပ်များပြသနာတက်လာခြင်း စသည်တို့မှာနိုင်ငံရေးရာသီများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယခုအချိန်တွင် ပြည်သူတွေက ဒိမိုကရေစီသူရဲကောင်းများကို လိုချင်နေကြပါပြီ။ တိုင်းပြည်ကယ်တင်မည့်ပုဂ္ဂိုလ်များကို ရှာဖွေနေကြ တမ်းတနေကြပါပြီ။ နိုဝင်ဘာလ ရ ရက်နေ့မတိုင်ခင် ဒီမိုကရေစီသူရဲကောင်းများကို ပြည်သူတွေ မြင်ချင်တွေ့ချင်နေကြပါပြီ။ ပြည်သူတွေကြားဖြတ်အစိုးရတခုကို ဖွဲ့ချင်နေမြင်ချင်နေကြပါပြီ။ ယင်းကြားဖြတ်အစိုးရထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါနေစရာလည်းမလိုချေ။ အကြောင်းမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ညစ်ပတ်မသွားအောင် ကြားဖြတ်အစိုးရနှင့် ခပ်ကင်းကင်းထားရန်အရေးကြီးနေပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ တခုခုပြောကြဆိုကြဖို့ မသင့်ပေဘူးလား။ စစ်အစိုးရ၏နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးပစ်လိုက်သောနည်းမှာ ကုလသမဂ္ဂနှင့် ပြည်သူတွေက ပူးပေါင်းရေးသာဖြစ်နေသည်မဟုတ်ပါလား။ သည်တော့ စိန်ခေါ်လာလို့ကတော့ ကိုယ်ကဦးမှ ဖြစ်မည်ကိုစဉ်းစားဖို့သာလိုနေပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )



0 စစ်အုပ်စု၏၂၀၁၀ရွေးကောက်ပွဲကျင်းပရက်ကြေငြာမှုအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်

2010 August 14 NCUB Statement on Objection to Regime_s Election Bur
ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 ဆင်ဖြူတော်ရူးရူးနေသူများ


မနေ့ကမြန်မာ့အလင်းသတင်းစာခေါင်းကြီးပိုင်းမှာ တလောကရခိုင်ပြည်နယ်က ဖမ်းဆီးရမိခဲ့တဲ့ မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့်အရေပြားရောဂါစွဲကပ်နေတယ်လို့လူပြောများနေတဲ့ ပန်းနုရောင်ဆင်အား ဆင်ဖြူတော်လို့ခေါ်ဝေါ်သမုတ်ပြီး နေပြည်တော်ကို အခြံအရံတွေနဲ့ တခမ်းတနားခေါ်လာတယ်လို့ရေးထားပါတယ်.. သတင်းစာဖတ်သူလူအများကိုလှည့်စားလိုသောဖြင့် အဖြူအမဲဓာတ်ပုံဖြင့် ၎င်းဆင်အားထုံးအဖြူသုတ်၍သတင်းစာထဲမှာဖြတ်ညုပ်ကပ်ဖော်ပြထားပါတယ်.. ဒါဟာဘာကိုပြတာလဲဆိုရင် တပ်ချုပ်ကြီးဟာ တိုင်းပြည် တိုးတက်ဖို့ထက် ဘုရင်ရူး ရူးတာ ဘယ်လောက် လွန်ကဲတယ် ဆိုတာ ဒီအချက်ကို ကြည့်ပြီး သိနိုင်တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ ခောတ်နောက်ပြန်ဆွဲနေပြီး တိရိစ္ဆာန်ကိုးကွယ်တာကိုလည်း ဖော်ပြနေတာဘဲဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရသော ATR 72-500 အမျိုးအစား လေယာဉ်အား ဆင်ဖြူတော်လို့နံမည်သုံးရန် ဗိုလ်ချုပ်မှူးကြီးကမှာကြားတယ်လို့လည်းဆိုပါတယ်။

၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရက ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ပြီး “ဆင်ဖြူ တော်” တံဆိပ်ကို ငွေစက္ကူသစ်၏ အမှတ်အသား အဖြစ်သုံးစွဲခဲ့ခြင်း၊ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။

“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေက ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှားရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။

သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းမကွယ်လွန်ခင်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုမှန်ကန်တဲ့ပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာ တပ်ချုပ်ကြီး သိနည်းလည်ဖို့ကောင်းပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အတိုင်း စစ်ဗိုလ်ချုပ်တွေဟာ မိမိတို့ရာထူးအာဏာနေရာရရှိရေး။ မိမိတို့ကောင်းစားရေးအတွက် မြန်မာပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုပြီး ဘုရင်ရူးရူးနေတဲ့ သန်းရွှေအကြိုက် သတင်းစာထဲမှာပါတဲ့အတိုင်း ဗုံမြှောက်ပေးနေကြပါတယ်။



သတင်းစာထဲကထုံးအဖြူသုတ်ထားတဲ့ ဆင်နဲ့ ဖမ်းမိတဲ့ဆင်ရဲ့အရောင်ကို နိုင်းယှဉ်ကြည့်နိုင်ရန် ပုံကို mouse ထောက်ကြည့်ပါ။

ဒေါင်းမာန်ဟုန်

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပညာကုန် ပေးဆပ်မှုနှင့်အမျိုးသားများတန်းတူ ပေးဆပ်မှု


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းအား ၃/၂၀၁၀ အဖြစ် သင်ကြား ပို့ချလျှက်ရှိရာ ၂၂.၇.၂၀၁၀ နေ့မှစတင်၍ ဓါတ်ပုံပညာရပ် အကြောင်း အခြေခံကို စာတွေ့သင်ကြားခြင်း၊ ပရိုဂျက်တာဖြင့် ပြသသင်ကြား ပို့ချခဲ့ရာ သင်တန်း တတိယအပါတ်တွင် ဓါတ်ပုံပညာရှင် TV သက်မွန်နှင့် ဓါတ်ပုံပညာရှင် ကိုမြင့်သန်းတို့မှ Indoor ဓါတ်ပုံရိုက်နည်း၊ မီးအလင်းအမှောင် အယူအဆများကို သင်တန်းသူ/သားများအား လက်တွေ့ရိုက်ကူးခြင်းတို့ကို သင်ကြားပို့ချခဲ့သည်။ ထိုသို့ လက်တွေ့ သင်ကြားပို့ချရာတွင် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်တို့နှင့် သင်တန်းသူ/သား အချို့မှ အလှည့်ကျ သရုပ်ပြ ရိုက်ကူးခြင်းကို ကူညီပေးခဲ့ကြသည်။

ထို့နောက် Outdoor နာရေးသတင်း ဓါတ်ပုံရိုက်ကူးခြင်းကိုလည်း လက်တွေ့ကွင်းဆင်း၍ နာရေးပို့ဆောင်ရာ လမ်းကြောင်း တို့တွင် လိုက်ပါ၍ သင်ကြားပို့ချခဲ့သည်။

ထို့ပြင် မျိုးဆက်သစ် ကလေးငယ်တို့၏ “အဖြူထည် ပန်းချီပြပွဲ”တွင်လည်း ပေါ်ပြူလာ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) အကူအညီဖြင့် အင်တာဗျူး (အမေးအဖြေ) ရိုက်ကူးခြင်း ပညာရပ်ကို လည်း လက်တွေ့ သင်ကြားပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုတို့အပြင် လူမှုရေးသင်တန်း များ မျိုးဆက်သစ်ကလေးငယ်တို့၏ ပညာရေး သင်တန်းများ၊ အဖြူထည်တို့၏ ပန်းချီသင်တန်းများ အပြင် မျိုးဆက်သစ် လူငယ်/ရွယ်တို့အတွက် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပညာသင်တန်း အစရှိသည့် သင်တန်း အသီးသီးတို့အား ပို့ချသင်ကြား ပေးဆပ်ရာတွင် မိမိတို့ တတ်စွမ်းသော ပညာရပ် အသီးသီးတို့အား မချွင်းမချန် ပညာကုန် သင်ကြားပို့ချ ပေးဆပ်လျှက် ရှိပါသည်။

အမျိုးသားများတန်းတူ ပေးဆပ်မှု


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စဆောင်ရွက် ပေးဆပ်ရာတွင်၎င်း၊ ဆေးဝါး ကုသပေးခြင်း ဆောင်ရွက်ရာတွင်၎င်း၊ လူမှုရေးလုပ်ငန်းရပ်များနှင့် ပတ်သက်သော ပေးဆပ်မှု အသီးသီးတို့တွင် အမျိုးသားများတန်းတူ အမျိုးသမီးများသည်လည်း တက်တက်ကြွကြွ ပေးဆပ်လျှက် ရှိပါသည်။

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) ၏ အဒေါ်ဖြစ်သူ၏ နာရေးဈာပန လမ်းကြောင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အသင်းသူ/သားများနှင့် လိုက်လံသယ်ယူ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသောသူသည် အသက် (၈၀) ကျော် ဖြစ်ပြီး တိုက်ရိုက်သင်္ဂြိုလ်ခြင်း ဖြစ်သည့်အတွက် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ကိုဗညား လှူဒါန်းထားသော အထူးနိဗ္ဗာန်ယာဉ်ကို ဒေါ်ရွှေဇီးကွက်မှ နာရေးနေအိမ်မှ မောင်းနှင်ကာ ရေဝေးသု ဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။

ထို့ကြောင့် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပေးဆပ်မှုအသီးသီးတို့သည် မည်မျှပင် ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်း၊ အနှောက်အယှက်များခြင်း၊ ရာသီဥတုဒဏ် ပြင်းထန်ခြင်း ရှိစေကာမူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမား အမျိုးသမီးများသည် အမျိုးသားများတန်းတူ ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့အတွက် ပေးဆပ်ဆောင်ရွက်လျှက် ရှိပါသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 ရွေးကောက်ပွဲရက် ကြေညာချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံကြီးများ တုံ့ပြန်ပြောဆို

လာမယ့် နိုဝင်ဘာလ (၇) ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က သတိနဲ့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင် နက်ဆာကီက သတင်းထောက်တွေကို ပြောဆိုရာမှာ- မြန်မာ စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ ဝပြောစေရေးအတွက် အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါ့မယ်လို့ လူသိရှင်ကြား ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ဖော်ဆောင်ဖို့၊ မြန်မာ့နိုင်ငံရေးဘဝမှာ ပါဝင်နိုင်အောင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်းလွှတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက် တိုက်တွန်းလိုကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောဆိုမသွားခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုကတော့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ မြန်မာပြည် ရွေးကောက်ပွဲဟာ ယုံကြည် လက်ခံနိုင်စရာ မရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဓမ္မ ဖိနှိပ်နေတဲ့ မြန်မာ့နိုင်ငံရေး ဝန်းကျင်မျိုးမှာ ရွေးကောက်ပွဲအတွက် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ ပြင်ညီ ကစားကွင်းမျိုး မရှိပါကြောင်း၊ ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်Phillip Crowley က ပြောလိုက်ပါတယ်။

အလားတူ ရီပတ်ဘလီကင် လွှတ်တော်အမတ် Mitch McConnell ကလည်း နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲဟာ အတုအယောင် ရွှေရည်စိမ်သက်သက်သာ ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ ကျန် နိုင်ငံတွေအားလုံးက အသိအမှတ် ပြုကြရမှာ မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်ဟာ မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်က ဆက်လက်လွှမ်းမိုး အုပ်ချုပ်ခွင့်ရသွားတဲ့ နေ့ရက်တရက်သာ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဝန်ကြီး Jeremy Browne ကလည်း နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲဟာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေအောက်မှာ စစ်အစိုးရ အာဏာမြဲရေးအတွက် ပုံစံထုတ်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မှာ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရတဲ့အတွက်လည်း တရားဝင် အသိအမှတ်ပြုခံရမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

သံတမန်အတော်များများနဲ့ လေ့လာသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ တရုတ်နဲ့ အိန္ဒိယကြားက သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာပြည်မှာ နိုင်ငံခြား အရင်းအနှီးတွေ လှိမ့်ဝင်လာကြအောင်၊ အရပ်သား အစိုးရ မျက်နှာဖုံးတပ်ဖို့ ကြိုးပမ်းချက်အဖြစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရှုမြင်ကြပါတယ်။
(Rfa)

0 အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီ သို့ အိတ်ဖွင့်ပေးစာ

အကြပ်ကိုင် ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခွေးခြင်္သေ့ ဆိုင်းဗုဒ်
အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီ နှင့် ဦးဆောင်သူများအတွက် မြန်မာပြည်က ပေးတဲ့စာ

၁၉၉၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အကြောင်းလို့ ပြောလို့ရတဲ့ စာလို့ လွယ်လွယ်မှတ်ပြီး လေးလေးနက်နက် တွေးတောကြံဆ လှုပ်ရှား ပြုပြင်ကြပါလို့ လူထုတရပ်လုံးအပါအဝင် အားလုံးကို အရင်ဆုံး စကားချီးလိုက်ပါတယ်။

ဒီအသင်းဟာ စဖွဲ့စဉ် အချိန်ထဲက ကြီးးထွားအောင်ဘဲ အရင်လုပ်လာတာကို တွေ့ရမယ်။ အဲလို ကြီးထွားအောင်လည်း ပြည်သူလူထုတရပ်လုံးကို အကြပ်ကိုင်ပြီး အသင်းဝင်ဖြစ်လာအောင် လုပ်လာတယ်။ ဒါကို ပြည်သူ လူထုတရပ်လုံး အသိပဲ ဖြစ်တယ်။ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူးဗျ။ တိုင်းပြည်က ထွက်ရှိတဲ့ သယံဇာတ တွေအပါအဝင် ဂုတ်သွေးစုတ်လို့ ရသမျှတွေကို ဆင့်ကဲ ဆင့်ကဲ ခွံ့ကျွေးနေရတာကိုလည်း သိကြမှာပါ။ အဲဒိတော့ ခု ဒီစာ ရေးတဲ့အချိန်ကစပြီး လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ကြီးကနေ ဒီအသင်းကို ကြံ့ဖွံ့လို့ သရော်ခေါ်မဲ့အစား အကြပ်ကိုင် ခွံ့ကျွေးရေးလို့ ခေါ်ဖို့အတွက် အမည်ပေးကင်ပွန်းပါ တပ်ပေးလိုက်ပါပြီ။

လက်တွေ့မှာတော့ ဒီအသင်းကြီး ကြီိးထွားလာအောင် ပြည်သူတွေ တော်တော်လေး အကြပ်ကိုင် ခံလိုက်ရတယ်။ အခု ရွေးကောက်ပွဲ နီိးလာတော့ သူတိုရဲ့ မူလဇာတိစိတ်ဓါတ်က ပြန်ပေါ်လာပြီ။ ဘယ်လိုတွေ ပေါ်လာလည်း ဆိုရင် -

ပြည့်တန်ဆာမ စိတ်ဓါတ် နှင့်တူအောင် ပြည်သူလူထုတရပ်လုံးကို ပြုလုပ်နေတဲ့ အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းကြီးရဲ့ နိုင်ငံရေး လှုပ်ရှားမှုများ

အကြပ်ကိုင် ဖွံ့ဖြိုးရေး အသင်း ရဲ့ လိုအပ်တာများ မှာစားခြင်း မှတ်တမ်းပုံ
ပြည်သူအပေါင်းတို့ ခင်ဗျား

ကနေ့ နိင်ငံရေး ပါတီတွေ ဖွဲ့ခွင့်ပေးတဲ့အခါ.... မူလ တည်ထောင်စဉ်က ပြည်သူ့အတွက် အလုပ်အကြွေးပြုပါမယ် ဆိုတဲ့ ဆောင်ပုဒ်တွေ မူတွေ ချပြထားတဲ့ အကြပ်ကိုင် ဖွံ့ဖြိုးရေး အသင်းကြီးဟာ တကယ့် လက်တွေ့မှာတော့.. နေ့ချင်းညချင်း (နေ့မွေးညကြီး) အဖွဲ့ကြီး ဖြစ်လာတာ ဘယ် နာယကကြီး ( သန်းရွှေ )၊ဘယ် ဥက္ကဌကြီး(သိန်းစိန်)များ ငြင်းရဲပါသလဲ။



တပ်မတော်ဆိုတာလည်း

ကျုပ်တို့ ဒီနေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ဝန်းရံနေတာ၊ အားဖြည့်နေတာတွေဟာ ပြည်သူအတွက်ဆိုတာ ခင်ဗျားတို့လည်း အသိပဲဖြစ်တယ်။ ခင်ဗျားတို့လို ပြည်သူကိုတော့ မလိမ့်တပတ် မလိမ်ရဲဘူး။ မညာရဲဘူး ။ လုပ်ရင်ရဲတယ်။ ဒါလုပ်ရင် အဖမ်းခံရမယ်ဆိုတာ သိသိကြီးနဲ့လုပ်တာ ဖြစ်တဲ့အတွက်လည်း ခံရဲတယ်။ ဒါပေမဲ့ ကျုပ်တို့ဟာ ခင်ဗျားတို့လို ပြည်သူကကျွေးသော/တိုက်သော ထမင်း၊လ္ဘက်ရည်ကို သောက်/စားပြီး ပြည်သူလူထုရဲ့ သစ္စာကို စောင့်သိရိုသေပါမယ်လို့ သစ္စာ မဆိုထားဘူး။ အဲလိုပဲ သစ္စာတွေ ဆိုပြီးတော့ ထမင်းရှင်ဖြစ်တဲ့ ပြည်သူလက်ကို ပြန်ကိုက်နေရတာပါလား ဆိုတာလည်း သိဖို့လိုတယ်။ နောက်တခု ဗိုလ်ချုပ်ဖွဲ့ခဲ့တဲ့ အစိမ်းရောင်နဲ့ တပ်မတော်ဟာ ခုလို မိန်းမကျင့် မိန်းမကြံ ကြံဖို့အတွက် ဖွဲ့ခဲ့တာ မဟုတ်ဘူး။ ဘာကြောင့်ဆိုရင် ၂၀၀၃ ခုနှစ်တုန်းက ခိုးကြောင်ခိုးဝှက်နဲ့ လူ၃၀၀ လောက်ပါတဲ့ လူအုပ် မိန်းမ ယာဉ်တန်းကို စစ်သားတွေ စစ်ဗိုလ်တွေ ရဲတွေ ပါဝင်ညွှန်ကြားပြီး ထောင်သားတွေ သူခိုးဓါးပြတွေနဲ့ ရိုက်သတ်ရဲတဲ့ အာဃ သတ္တိမျိုးကို တမလွန်က ဗိုလ်ချုပ်သာ မြင်ခွင့်ရရင် ဘယ်လိုနေမလဲ။ ဗိုလ်ချုပ်ဖွဲ့ခဲ့တဲ့ တပ်မတော်သားတွေဆိုတာ အဲဒီလို ယုတ်မာတဲ့ သတ္တိမရှိဘူး ဆိုတာ ခင်ဗျားတို့ သိမှာပါ။ အစိမ်းနုရောင်ဖြစ်တဲ့ ကျောင်းသားဆိုတဲ့ သူတွေ (မျိုးဆက်သစ်/မျိုးဆက်ဟောင်း) တွေကလည်း မလုပ်ရဲကြပါဘူး။
အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းမှ ခေါင်းဆောင်ဇာတ်မင်းသားများ မှ တရုပ်ကို ကြိုဆိုနေပုံ
ဒီအဖွဲ့ စဖွဲ့ကတည်းက ခေါင်းဆောင်ကိုက လူလိမ်၊ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က....အာဏာကို မလွှဲချင်တာနဲ့ အာရုံပြောင်းရအောင်က နံပတ်တစ်။ ပြည်သူကို ပြန် သတ်ရအောင် ဗိုလ်ကျရအောင်က နံပတ်နှစ်။ ငြင်းချင်သလား.... လက်တွေ့ ပြည်သူတိုင်း ပေးဆပ်လိုက်ရ တာကတော့ ဒီအဖွဲ့ကြီး (နေ့မွေးညကြီး) ဖြစ်အောင် အမျိုးမျိုး အကြပ်ကိုင်တာ ခံရတာပါဘဲ။

ပြည်သူလူထုကြီးခင်ဗျား..

နေ့မွေးညကြီး ဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် တွေးဆဖို့ လိုလာပါပြီ။ နေ့မွေးညကြီးဆိုတာ လောကမှာ ညဘက်ကြီးပွားတာကို ပြောတာပါ။ ညဘက်မှာ ကြီးပွားတာ ဘာလဲဆိုရင် ပြည့်တန်ဆာမတွေလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၈၈ အာဏာသိမ်းပြီးကတည်းက ယနေ့ အခြေအနေ အချိန်အခါထိ ကြည့်မယ်ဆိုရင် ပြည့်တန်ဆာခန်းတွေ အနှိပ်ခန်းတွေ ထောင်ချင်ရင် အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နွယ်ကြရတာ လူတိုင်းအသိပါ။ ဘယ်လောက် ပေါများလာပြီလဲ ဆိုတာကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ပိုလျှံနေလို့တောင် နယ်စပ်တွေမှာပါထွက်ပြီး ပြည့်တန်ဆာ လုပ်ကြရတဲ့ အဆင့်ထိကို လုပ်ဆောင်နေတဲ့ အသင်းကြီးဆိုရင် ရိုင်းသွားမလား၊ ဒါပေမဲ့ အဲလိုဖြစ်အောင် လုပ်နေတော့လဲ ဒီလိုပဲ သတ်မှတ်လိုက်ပါတယ်။ နေ့မွေးညကြီးပါတီပေါ့ဗျာ။

တချိန်ကဆိုရင် သန်းရွှေ က ဆိုက်ဝါး ၊ မ.ဆ.လရဲ့ ဆိုဒ်ဝါးဌာနမှူးကြီး လုပ်လာသူဆိုတော့ ပြည်သူတွေကို အတော်လေး အထင်အမြင်သေးတဲ့ အခံက သူ့မှာ အတော်လေး ကြီးကြီမားမား ရှိနေပါတယ်။ ငါက ဆိုဒ်ဝါးဆရာကြီး ဒီပြည်သူတွေကို ငါထင်တိုင်း လိမ်လို့ရတယ်၊ ညာလို့ရတယ်ဆိုပြီး သူက ဒီလိုဘဲမြင်ထားတယ်။ ဒီစိတ်အခံက ကြီးမားလွန်းတော့ သူ့လက်အောက်က ဗိုလ်ချုပ်တွေကို မောင်အေးကအစ ပါးစပ်တောင် ဟခွင့်ပေးမထားပါဘူး။ တပ်ထိပ်ပိုင်းက ဗိုလ်ချုပ်တွေ ဒါကို မငြင်းရဲပါဘူး။ ဒါ ဒီအဖွဲ့ကြီးရဲ့ အဆိုးဆုံး ပြည်သူအပေါ်ထားတဲ့ အမြင်နဲ့ သဘောထားတွေပါ။

အဓိက တာဝန်ရှိသူအား နံမည်ပေးကင်းပွန်းတပ်ခြင်း

ကနေ့ အကြပ်ကိုင်ခွံ့ကျွေးရေးပါတီကို သူတို့ကိုယ်သူတို့ ဘယ်လိုဘဲ နံမည်လှအောင် ပေးထား ပေးထား၊ ကျနော်တို့နဲ့ ပြည်သူလူထုကြီးက ကိုယ်တိုင်လက်တွေ့ မြည်းဖူးပြီးပြီမို့ သူတို့ရဲ့ သရုပ်မှန်အတိုင်း ကျနော်တို့ မြေသြဇာအဖွဲ့က လူထုတရပ်လုံးကိုယ်စား သရုပ်မှန်အတိုင်း နံမည်ပေးလိုက်ပါတယ် ။ ပြည်သူတွေက အရှိကို အရှိအတိုင်း မြင်ရဲသူ၊ သတ္တိရှိသူတိုင်း ကျနော်တို့ ပေးထားတဲ့ နံမည်နဲ့ ၇ှုမြင်ကြပါ.. ခေါ်ဆိုကြပါလို့ တင်ပြပါတယ်။ သန်းရွှေ နာယက လုပ်ပြီး သိန်းစိန် ဥက္ကဌ အဖြစ် ဦးစီးပြီး ဖွဲ့ထားတဲ့ ပါတီကို ပြည်ထောင်စု အကြပ်ကိုင်ရေးနှင့်ခွံ့ကျွေးရေးပါတီ လို့ အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ကြပါစို့။

ကျနော်တို့ မြန်မာပြည်သူတွေကလဲ သမိုင်းမှာ ဥပမာ… တိုင်းနိုင်ငံသာယာ ၀ပြောလွန်းလို့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ သတိုးဓမ္မရာဇာဘွဲ့ခံ ဘုရင်တပါးကို သာလွန်မင်းတရားကြီး လို့ ခေါ်ဝေါ်ခဲ့ကြပြီးတော့ မင်းဆိုးမင်းညစ် နရသူ ကိုလဲ ကုလားတွေ လာသတ်လို့ သေရသူမို့ ကုလားကျမင်း လို့ ခေါ်ဝေါ်ခဲ့ကြတာဟာဖြင့် မြန်မာတို့ရဲ့ အစဉ်အလာပါ။ ဒီလိုဘဲ ကနေ့ အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နာယကကြီး သန်းရွှေလိုဘဲ ကေသရာဇာင်္ခြင်္သေ့မင်း နံမည်တောင် ထည့်ကာ မှည့်ခေါ်ထားပြီး ဗမာ့ရာဇ၀င်မှာ စည်းစိမ်အမူးယစ်ဆုံး ကမ်းကုန်အောင် တကိုယ်ကောင်းအဆန်ဆုံးဖြစ်တဲ့ မင်းဆိုးမင်းညစ်။ တရုပ်တပ်တွေကို ဒူးတုန်အောင် ကြောက်ပြီး ပြေးခဲ့လို့ နံမည်လှလှလေး ယူထားတဲ့ နရသီဟပတေ့ ကို ပြည်သူတွေကလဲ တရုပ်ပြေးမင်း တဲ့။ ကနေ့ သန်းရွှေဟာလဲ တကိုယ်ကောင်းဆန်တာ လွန်ကဲတဲ့နေရာမှာတော့ အထူးပြောပြစရာတောင် လိုမယ်မထင်ပါဘူး။ သူ့အာဏာ တည်မြဲရေးအတွက် တရုတ်အစိုးရက ကုလသမဂ္ဂမှာ ဗီတိုအာဏာ နဲ့ အကာအကွယ် ပေးအောင်.... တတိုင်းတပြည်လုံးကို တရုတ်ကို ထိုးကျွေးထားသူမို့ ကျနော်တို့ မြေသြဇာအဖွဲ့ကတော့ အရှိကို အရှိအတိုင်း သန်းရွှေကို တယုတ်ကျွေးမင်း လို့ ကဗျည်းကင်မွန်းတပ်ပေးလိုက်ပြန်ပါပြီ ။

ဒီနေ့ ပုဂံမှာဆိုရင် စာချိုးလေး တခု ရှိပါတယ်။ စာချိုးလေးက ( အနုမှာ . အာန္နဒါ...။ ဥာဏ်တော်....သဗိညု ။ ထု....ဓမ္မရံ...နရသူ..ငရဲခံ ) လို့တောင် ပြည်သူတွေက အဲဒီ မင်းဆိုးမင်းညစ်ကို ငရဲပြည် ပို့ထားလိုက်ပါသေးတယ်။ ဒါ ကျနော်တို့ ချိုးထားတဲ့ စာအချိုးမဟုတ်ပါဘူး။ ပုဂံသူ ပုဂံသားတွေ ချိုးထားတဲ့စာပါ။ သန်းရွှေတို့က ကြိုးစား ဖုံးဖိနေတဲ့ စာချိုးလေးပါ ။ ပြည်သူတွေက အဲဒီလောက်တောင် ရွံကြ မုန်းကြတာပါ။ သန်းရွှေ ကတော့ နရသူထက်ကို ဆိုးရွားသူ ဆိုတော့ … ?

ကနေ့ အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ဘဲ ပေးသေးတယ်။ ငါတို့ ပါတီက လက်ရှိ ဓါးမြကြီး သိန်းစိန် ဦးဆောင်ထားတာဆိုပြီး ဘယ်ပါတီမှ စည်းရုံးရေး ဆင်းခွင့် မပေးသေးတာ၊ သူတို့က ဗြောင်စည်းရုံးရေး ဆင်းရုံတင်မက သူတို့ပါတီထဲဝင်ရင် မှတ်ပုံတင် နေ့ချင်းလုပ်ပေးနေတာ။ သူတို့ပါတီထဲဝင်ရင် နိုင်ငံတော်က အတိုးနှုန်းထက် ချိုသာတဲ့နှုန်းနဲ့ ငွေချေးပေးတာတွေ လုပ်နေပါတယ်။

ဒါဟာ ဘာကိုပြသလဲဆိုတော့ နိုင်ငံရေးစည်း ( ထုပ်စည်းထိုးရင် တားထားတဲ့ စည်းလိုမျိုးပေါ့ ) ကို ခိုးကျော်ပြနေတာ။ ကျော်ပြနေတာမှ ဗြောင်ကျကျ လူပါးဝ ကျော်ပြနေတာပါ။ အမှန်တော့ ငါတို့က ဥပဒေလဲ ခိုးမှာဘဲ၊ ထုံးထမ်းစဉ်လာလဲ ခိုးမှာဘဲ၊ ငါတို့က ခိုးရဲတယ် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပြည်သူကို ဂရုစိုက်ရမှာလဲ ဆိုတဲ့ ပုံစံနဲ့ လုပ်ပြနေတာပါဘဲ။ ဒါဟာ..ဘာကိုပြသလဲဆိုရင် သန်းရွှေ ပါးစပ်က တဖွဖွ ပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆိုပြီး ပြောနေတဲ့သူ ကိုယ်တိုင်က ကိုယ်ချမှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်ပြန်ချိုးဖေါက်ပြနေတော့ စည်းကမ်းပြည့်မပြည့်တော့မသိဘူး။ သူတို့ မိန်းမတွေ ဦးစီးပြီး ဖွဲ့စည်းလိုက်တဲ့ အမျိုးသမီးရေးရာဆိုတာ ပေါ်လာမှပဲ ပြည့်တန်ဆာခန်းတွေ ၊ မာ့ဆက် ခန်းတွေဆိုတာ လက်ညိုးထိုးမလွဲတော့ဘူးဆိုတာလည်း အားလုံးအသိပါပဲ။ အဲဒိတော့ အဲဒီလို လူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကြံ့ဖွတ်ပါတီမျိုးဟာ ပြည်သူတွေကို ပြည့်တန်ဆာ စိတ်ဓါတ် မွေးခိုင်းနေတာ ဟုတ်မဟုတ် အသေအချာ ပြန်သုံးသပ်ကြပါ။ မဟုတ်ဘူးဆိုရင် မြေသြဇာတို့ လာ ရှစ်ခိုးတောင်းပန်ပါ့မယ်။

ဒီထက်ပိုဆိုးတာက... အခုလိုပြည်သူတွေကို မွဲပြာကျပြီး စိတ်ဓါတ်အောက်တန်းကျအောင် လုပ်ထားနိင်လေ တနည်းအားဖြင့် ပြည်သူတွေ ငတ်နေလေ ရွေးကောက်ပွဲ တိုင်းမှာ ဒီလိုငွေလေးနဲနဲခင်းပေးပြီး နိုင်အောင်လုပ်မယ်လို့ သူတို့စီမံချက် ချထားပြီးဖြစ်နေလို့ ကျနော်တို့ ပြည်သူတွေက ကွက်ကျော်မြင်ကြစေချင်ပါတယ်။ ငွေလေး မသထာရေစာ ထုတ်ချေးပေးတာကိုဘဲ..မောင်မင်းကြီးသားတို့ပါတီက ကျေးဇူးကြီးမားလှပါပေတယ် ဆိုတဲ့ပုံစံ ဖြစ်အောင်/မြင်အောင် လုပ်လိုက်တာပါဘဲ။

တကယ်ပြည်သူတွေအပေါ် စေတနာထားတယ်ဆိုရင် ကျနော်တို့ ပါတီဥက္ကဌကြီးလို ၀င်ငွေ ရနိင်တဲ့ အလုပ်မျိုးတည်ဆောက်ပေးပါ့မယ်၊ ကတိတွေပေးပါလား ။ ကနေ့ ပြည်သူတွေ ငတ်ပြီး ကျပ်တည်းနေရတာ ဘယ်သူတွေအုပ်ချုပ်လို့လဲ ဆိုတာလဲ ရဲရဲကြီး ၀န်ခံရဲပါသလား မောင်မင်းကြီးသား အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီဝင်တို့….


တကယ်ဆိုရင် ကျနော်တို့ အမိမြန်မာပြည်ကြီးဟာ ဘယ်သူ့ဆီကမှ ငွေချေးနေစရာ မလိုအောင် နိုင်ငံတော် ဘတ်ဂျက်ထဲကနေ ပံ့ပိုးပေးနိုင်တဲ့ တိုင်းပြည်ပါ။ သန်းရွှေဟာ..သူ့အာဏာ တည်မြဲရေးအတွက်ဘဲ။ တချိန်လုံးတွေး… သူ့ မြေးတွေ နောင်လုံခြုံရေးဘဲ။ တွေးနေတဲ့သူဆိုတော့ နိုင်ငံတော်ဘက်ဂျက်တွေ ထွက်ရှိတဲ့ သယံဇာတတွေကိုလည်း ထင်သလို သုံးစွဲနေတာကို တွေ့ရှိကြမှာပါ။ ကနေ့ ဧရာဝတီတိုင်းဟာ ကျန် ကမ္ဘာ့ပထ၀ီ အနေအထားနဲ့ လုံးဝ မတူတဲ့နေရာပါ။ ဧရာဝတီတိုင်း ဒီရေကနေ ဒီရေလျှပ်စစ်ဓါတ်အား၊ သူတို့ ပြောပြောနေတဲ့ (မီဂါဝပ်) အား သိန်းနဲ့ချီ ထုတ်လုပ်နိုင်ပြီး တတိုင်းတပြည်လုံးကို လျှပ်စစ် အိမ်တိုင်း အိမ်တိုင်း.လျှပ်စစ်..( ဥပမာ ..မီတာယူနစ် ၁၀၀-၁၅၀) လောက် ဖရီးပေးနိင်တယ်လို့ မြေသြဇာတို့ လေ့လာထားတာ ရှိပါတယ်။


ဒီပါတီဟာ ဒီလို မစို့မပို့ငွေလေးကို ပိုကြီးကြီး မြင်အောင်ပေးပြီး ပြည်သူတွေ ပိုကျပ်တည်းနေဖို့ လိုတယ်လို့ ခံယူထားသူတွေဖြစ်တယ်။ အကြပ်ကိုင်ပါတီကြီးက ဒီလို ဆက်လက်စည်းရုံးမယ်ဆိုရင် ကျုပ်တို့ ပြည်သူတွေ ကြွယ်ဝလာအောင် လုပ်ပေးမလား.. မစို့မပို့ ငွေလေးထုတ်ချေးပြီး မယားငယ်လို ထားမလားဆိုတာ ပြည်သူလူထုတရပ်လုံးက တွေးကြည့်ဖို့  လိုပါတယ် ။

ကနေ့ သန်းရွှေက စတင်ဖွဲ့စည်းကတည်းက မူမမှန်တဲ့ ရည်ရွယ်ချက်တွေနဲ့....ပြီးတော့ နရသီဟပတေ့လိုဘဲ ခြင်္သေ့တံဆိပ်ကြီး ယူသုံးပြီး နရသီဟပတေ့ စေါက်ကျင့်နဲ့ တပုံစံထဲ ချိုးပြနေတဲ့ ကြံ့ဖွတ်ပါတီကြိးကိုလဲ..ကျနော်တို့ မြေသြဇာပေးလိုက်တဲ့..အကြပ်ကိုင့်ဖွံ့ဖြိုးရေး ခေါ်မလား....ကြံ့ဖွတ်ဘဲ ဆက်ခေါ်မလား.. တခြား ပိုသင့်လျှော်မဲ့ နံမည်ဘဲ ထပ်ပေးကြမလား၊ သင့်လျှော်တဲ့ အမည်နာမပေးပြီး ဝိုင်းဝန်းကန့်ကွက်ဖို့ လိုနေပါပြီ။

ကနေ့ ငွေလေး မစို့မပို့ ချေးပေးပြီး..ပါတီထပ်ဝင်ခိုင်းတာကို ဘယ်လိုမြင်ကြပါသလဲ။ ငွေပေးပြီး ပြည်သူတွေကို ဒူးထောက်ခိုင်းတာဟာ ကျုပ်တို့ဆီက မတရားညစ်ယူထားတဲ့ငွေနဲ့ ကျုပ်တို့ ပြည်သူတွေကို ဒဲ့ဒိုး ( ရိုင်းရိုင်း ) ပြောရရင် ဒါဟာ..ပြည့်တန်ဆာစိတ်ဓါတ် ရိုက်သွင်းနေတာဘဲ ဖြစ်ပါတယ်။ ငွေပေးပြီး လိုတာခိုင်းလို့ ရစေတဲ့ စိတ်ဓါတ်ဟာ ပြည့်တန်ဆာတွေရဲ့ စိတ်ဓါတ်ဘဲ။ အဲဒါ အကြပ်ကိုင်ပါတီဝင်တွေရဲ့ စိတ်ဓါတ်ဘဲ။ ကိုယ်ငွေနဲ့ ကိုယ့်ကို တဖက်လှည့် လည်ပင်းကြိုးကွင်းတပ်နေတာဆိုတာကို လူထုတရပ်လုံးက သိထားကြဖို့လိုပါတယ်။

ဗိုလ်ချုပ်ရဲ့ ဇူလိုင် (၁၃) ရက်နေ့ နောက်ဆုံး မိန့်ခွန်းထဲက ဗိုလ်ချုပ်စကားကို ယူသုံးရရင် ( ယခင်အစိုးရ လက်ထက်တုံးက လာတ်စားတဲ့ သူတွေရှိတယ်။ အဲဒီလို လာတ်စားတဲ့ သူတွေဟာ တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ် ဖြစ်တယ်။ အဲဒီလို တိုင်းပြည်ရဲ့ နံပါတ်တစ် ရန်သူကို ရိုးရိုးသားသားဖြစ်စေ၊ မရိုးမသားဖြစ်စေ (ဒါကတော့ အကြပ်ကိုင်လို့ မယားငယ်လို အခွင့်အရေးပေးလို့ဖြစ်ဖြစ်) မဲပေးခဲ့ရင် ခင်ဗျားတို့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တယ်လို့ ပြောချင်ပါတယ်)

အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းလေသံနဲ့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ကနေ ကနေ့ ပြတ်ပြတ်သားသား တတိုင်းတပြည်လုံး သိအောင် ကြေငြာလိုက်ပါတယ်။

( ကနေ့  အကြပ်ကိုင်ခွံ့ကျွေးရေးပါတီ ဟာ အကြပ်ကိုင်ပြိး ပြည်သူတွေကို ပြည့်တန်ဆာ စိတ်ဓါတ်ရိုက်သွင်းနေတာကို....ဘယ်လိုပင်..နိင်ငံရေးပြေလည်မှု ရသွားပါစေ.....ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဘယ်လိုအစိုးရဘဲတက်တက် ဘယ်လိုပင် သင်ပုန်းချေတာလုပ်လုပ် ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့က နံပါတ်တစ် တရားခံလို့ သတ်မှတ်ပေးဖို့ နောက်တက်လာမဲ့ အစိုးရကို တရားစွဲဆိုခွင့်ပေးဖို့ ခု စာနဲ့အတူ တောင်းဆိုလိုပါတယ်)။

အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းက တာဝန်ရှိသူတွေကိုလဲ ဒီလို ခင်ဗျားတို့တည်ထောင်ထားတဲ့ အဖွဲ့ကြီးဟာ ပြည်သူတွေ ငွေလေးနည်းနည်းလေးပေးတာကို ဒူးထောက်ကြရတာ ကျုပ် အုပ်ချုပ်ရေးကြောင့် ဖြစ်ရတာပါလို့  အရင်ဝန်ခံခိုင်းရပါမယ်။

အရေးကြီးဆုံးနဲ့ လူထုအတွက်ပါဆိုတဲ့သူတွေ အတွက်ကတော့ လာပါပြီ

ရွေးကောက်ပွဲဝင်မဲ့ ဒီမိုကရေစီ စစ်စစ်ပါတီတွေကိုလဲ ခင်ဗျားတို့လက်ထက်မှာ ပြည်သူတွေ အခုလိုမစို့မပို့ ငွေလေးချေးတာကို ဒူးမထောက်ရအောင် ပြည်သူတွေ ငွေကြေး (၀င်ငွေကောင်းတဲ့) အလုပ်စီမံချက်တွေ ချပြပေးကြပါလို့ တခါထဲ တောင်းဆိုလိုက်ပါတယ်။ တပွဲထိုး ငွေချေးတာမဟုတ်ဘဲ ပုံမှန်အလုပ်နဲ့ လူတန်းစေ့ ၀င်ငွေ ရစေမဲ့ လုပ်ငန်းတွေကို ဘယ်လို ဖေါ်ဆောင်မယ်ဆိုတာကို ပြည်သူတွေကို ချပြပေးပါ။ လမ်းဖေါက်တံတားဆောက်တာ လာမရွီးကြပါနဲ့။ ဒါ အစိုးရတိုင်းရဲ့ အလုပ်ပါ။

အေးငါတို့ကို နိုင်အောင်မဲထည့်တဲ့ ဒေသအရပ်ကိုမှ လမ်းဖေါက်ပေးမယ် ပြောလာရင် အဲဒါ စိတ်ဓါတ် အလွန်ယုတ်မာတဲ့သူရဲ့ အတွင်းစိတ်ဆိုတာကို သိထားကြပါ။ အဲဒါ ဘိန်းရာဇာ ဖါခေါင်းတွေရဲ့ စိတ်ဓါတ်ဆိုတာ မြင်ယောင်လိုက်ကြပါလို့ လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲက ပွင့်ပွင့်လင်းလင်း ထောက်ပြလိုပါတယ်။ အဲဒီတော့ ကနေ့ အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီကြီးကို သတိပေးလိုပါတယ်။ ကနေ့ ခင်ဗျားတို့ လုပ်နေတာတွေဟာ ဖါခေါင်းအတွေးအမြင်..ဖါခေါင်းလုပ်ရပ်၊ တနပ်စားဥာဏ်တွေ ဆိုတာရယ် ဖါခေါင်းအကြံဥာဏ်တွေ ဖြစ်နေတယ်ဆိုတာ ပြန်သုံးသပ်ကြပါ။ ပြီးတော့ ခင်ဗျားတို့ပါတီ ကြီးပွား ကြီးထွားလာလေလေ တိုင်းပြည်မွဲသွားလေလေပါလား ဆိုတာ ပြန်စဉ်းစား ကြပါအုံးလို့ ထပ်မံသတိပေးရင်း... ကနေ့ လုပ်နေတဲ့ ဖါခေါင်းအကြံဥာဏ် ဖါခေါင်းစီမံချက်တွေကို ရပ်တန်းကရပ်ပါ။ မဟုတ်ရင် နာမယ်ဆိုတာကို.. ပြတ်ပြတ်သားသား သတိ ပေးလိုက်ပါတယ်။

ဒီစာကို အဆုံးသတ်ရရင်တော့ ဒီစာဟာ ပြည်သူလူထုတရပ်လုံးအနေနဲ့ ဖတ်သင့်သလို၊ အကြပ်ကိုင်ခွံ့ကျွေးရေး ပါတီအနေနဲ့ သေချာစဉ်းစားပြီး ကိုယ့်သေတွင်းကို တူးထားသင့်သလို ပြည်သူလူထုအတွက်ပါ တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ လုပ်နေတာပါဆိုတဲ့ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအနေအတွက်လည်း အလွန် အရှက်အကြောက်ကို ပေါ်လွင်စေမဲ့စာ တစောင်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီစာရေးနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အကြပ်ကိုင်ခွံ့ကျွေးရေး ပါတီရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းခွင်ကို လှမ်းကြည့်နေရင်း…

ဒွေးခြံ
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
http://www.thebestmanure.org/

0 "အရေးကြီးပြီ"သီချင်းဖန်တီးရှင် အဆိုတော်ထူးအိမ်သင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့်အမှတ်တရလွမ်းဆွတ်ခြင်း



ဖခင် ဦးထွန်းမြင့်နှင့် မိခင် ဒေါ်မြရင်တို့မှ ဇူလိုင်လ ၁ ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံး ဖြစ်သည်။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပြီး၊ ကိုငွေသီးဟု အဓိပ္ပာယ်ရသော 'ပေါ်စွမ်း' ဟူသည့် မွန်ဘာသာဖြင့် ငယ်နာမည်လည်း ရှိခဲ့သည်။ သျှပ်၊ ဘဲဥ၊ ငှက်ကြီးဟုလည်း ချစ်စနိုး ခေါ်ကြသည်။
မူလတန်း ပညာကို အမှတ် (၂ဝ) အ-မ-က တွင် ပညာ သင်ကြားခဲ့ပြီး၊ ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉ - ၈ဝ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ ဒေသ ကောလိပ်‌သို့ တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် မော်လမြိုင်‌ တက္ကသိုလ်‌မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။
ဂီတနှင့် ပတ်သက်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်းနှင့် ဦးစန်းတင့် (လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး၊ မော်လမြိုင်တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၁ ဒေသ ကောလိပ် ကျောင်းသားဘဝတွင် 'မြ' အမည်ရှိ ကျောင်းတွင်း ကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် 'အမေ … အမေ ဝမ်းရည်စပ်တယ် ဆိုရင် ခွင့်လွှတ်ပါ။ သားရင်ထဲမှာ ကဗျာ' ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာ အဖြစ် ထင်ရှား အမှတ်ရစေခဲ့သည်။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက်ဖြင့် 'မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍' ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ လင်းထက် နာမည်ဖြင့်ပင် ကဗျာများလည်း ရေးခဲ့သည်။ သူ၏ အခြား ကလောင်အမည် တခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ် ဖော်ပြခဲ့သည့် တပုဒ်တည်းသော ကဗျာမှာ 'သက်တန့်မြစ်' ဖြစ်ပြီး သရဖူ မဂ္ဂဇင်း (ဟောင်း) နှစ်ပတ်လည် အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် 'နာရီပေါ်မှ မျက်ရည်စက်များ' တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ရေးသား သီကုံးခဲ့ပြီး ဂီတ ပညာရှင်တဦး ဖြစ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး 'နာရီပေါ်မှ မျက်ရည်စက်များ' စတင် သွင်းယူခဲ့ပြီးနောက် မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တနေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့်တို့ တေးစီးရီးများ သွင်းပြီ ထုတ်ဝေ ဖြန်ချိခဲ့သည်။

၁၉၈၈ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက် သံယိုနှိမ်နင်းပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူပြီးနောက် ဒီမိုကရေစီ လိုလားသူ အများအပြား နယ်စပ်ဒေသ အသီးသီးကို ထွက်ပြေးပြီး စစ်အာဏာရှင်တွေကို လက်နက် တော်လှန်ဖို့ ကြိုးပမ်းရာမှာ ထူးအိမ်သင်လည်း ပါဝင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ ကျောင်းသား တပ်မတော်တို့ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး၊ ကျောင်းသား တပ်မတော်၏ စစ်တေးသီချင်း တပုဒ် ဖြစ်တဲ့ "အရေးကြီးပြီ" သီချင်း ရေးဖွဲ့ပေးသည်။ နောက်ပိုင်းမှာ မိခင်ကို ချစ်မြတ်နိုး လွမ်းဆွတ်လှသဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။


ထူးအိမ်သင်ပုံရိပ်များနှင့်အတူ အရေးကြီးပြီသီချင်းအတူတကွနားထောင်လိုလျှင် audio playbuttomခလုတ်လေးကိုနှိပ်ပါ။

ထူးအိမ်သင် သီဆို ထုတ်ဝေခဲ့သော တေးသီချင်းခွေများ

စဉ် သီချင်းခွေ အမည် ထုတ်ဝေသည့် ခုနှစ် အသံဖမ်း တေးဂီတ ထုတ်လုပ်ရေး
၁ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇ Oasis The Aces ဂန္ဓမာ တေးသံသွင်း
၂ မှော်ဆရာအိပ်မက် ၁၉၈၈ (ဖေဖော်ဝါရီ) Oasis The Aces ပန်းနုလဝန်း တေးသံသွင်း
၃ သက်ငြိမ် ၁၉၈၉ (အောက်တိုဘာ) Oasis The Aces Country Boy Recording
၎ အတ္တပုံဆောင်ခဲများ ၁၉၉၁ (ဇန်နဝါရီ) Oasis Emperor စံပယ်ဦး တေးသံသွင်း
၅ အကြင်နာအိပ်မက် ၁၉၉၁ (ဇွန်) Oasis, May T Four, Emperor, Success ယင်းမာ တေးသံသွင်း
၆ အရင်အတိုင်း ၁၉၉၁ (ဒီဇင်ဘာ) Oasis Emperor ဂျူပီတာ တေးသံသွင်း, Ko Ye Music Production
၇ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉၉၅ (ဖေဖော်ဝါရီ) Oasis Emperor နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး
၈ ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) ၁၉၉၆ (ဒီဇင်ဘာ) Oasis Iron Cross Sein Min Music Production
၉ မြို့ပြလရောင်တမ်းချင်း ၁၉၉၆ (အောက်တိုဘာ) May Session Players Mercury Recording
၁ဝ ဝင်ရိုးစွန်းမီး ၁၉၉၇ (ဖေဖော်ဝါရီ) LYNN Session Players NASA Recording
၁၁ အမေ (သို့) အွ့ကင်းမဲ့ မေတ္တာတော် သီချင်း ၁၉၉၇ (မေ) LYNN Iron Cross IC Music Production
၁၂ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉၉၉ (ဇွန်) Oasis Emperor Emperor Heart Music Production
၁၃ အစိမ်းရောင် ရက်စွဲများ ၂ဝဝ၁ (နိုဝင်ဘာ) Oasis Iron Cross စံပယ်ဦး တေးသံသွင်း
၁၄ တနေ့စာအလွဲများ ၂ဝဝ၃ (အောက်တိုဘာ) Oasis Emperor မန်းသီရိ တေးသံသွင်း
၁၅ ချစ်ခြင်းအားဖြင့် ၂ဝဝ၅ (သြဂုတ်) Oasis, PTL, Nawarat Iron Cross, The Trees, Session Players CMP Music Production
၁၆ သီချင်းခွေကြမ်း - - - -

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့။
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်။
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်။
photos။ ။ htooeainthin fan club

Friday, August 13, 2010

0 ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းကျဆုံးခဲ့ရသော ကျောင်းသူလေး မ၀င်းမော်ဦး၏ မိဘများနှင့် စကားပြောကြားခြင်း။


ပေးပို့လာသော ရွှေကျောင်းသား အားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်စု ရွေးကောက်ပွဲတွင် မပါနိုင်ရန် အကွက်ချစီစဉ်ဟု ဦးဝင်းတင် ပြော

(Nej)
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖစစ်အစိုးရက ကြေညာလိုက်ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန်လိုက်သည်။

“ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ကျင်းပရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ အစကတည်းကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်အကွက်ဆင် စီစဉ်ထားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန် စီစဉ်သည့်အပေါ် ဦးဝင်းတင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ် အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများအနေဖြင့် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု နအဖစစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “လာမယ့် နိုဝင်ဘာ (၁၃) ရက်နေ့ဆိုရင်၊ ဥပဒေအရဆိုရင် ဒေါ်စု ပြန်လွတ်မယ်ပေါ့။ အခုကျခံခဲ့တဲ့ သက်တမ်းကာလတလျှောက်မှာ ဒေါ်စုက ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ခဲ့တယ်။ စစ်အစိုးရက အဲဒီမတိုင်ခင် ကျင်းပတယ်ဆိုတာ ဒီလွတ်ရက်ကို ရှောင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုဆုံးဖြတ်တာလဲတော့ မသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်၍ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ဒေါ်စုကို အခုချထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ဆိုတာက တရားစီရင်ရေးအာဏာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာဖြစ်တယ်။ အာဏာအရ စည်းကမ်းချက် သတ်မှတ်ပြီး နေအိမ်အကျယ်ချုပ် လုပ်ထားတာ ဖြစ်တယ်။ (၄၀၁) က အများဆုံး (၁) နှစ်ခွဲပဲ ကျခံရတယ်။ အခုဟာက ဆိုင်းငံ့အပြစ်ဒဏ် (၁) နှစ်ခွဲက အခြေအနေအရ ကောင်းကောင်းမွန်မွန် နေထိုင်ရင် ဖျက်ချင် ဖျက်လိုက်မယ်။ ဒါမှမဟုတ် ကျန်တဲ့ (၁) နှစ်ခွဲက အစကနေပြန်စပြီ ချရင်လည်း ရတယ်။ (၂) မျိုး ရှိတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေများအရ ကျင်းပမည့်ရွေးကောက်ပွဲဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရက် အတိအကျကို မသိရှိနိုင်ကြောင်း ပြောကြားသည်။

“ဒေါ်စုကို စွဲချက်တင်တာက ၂၀၀၉ မေလ (၅) ရက်နေ့ကပါ။ မေ (၁၄) မှာ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ နောက်ဆုံး ပြစ်ဒဏ်ချတာက သြဂုတ် (၁၁) ရက်နေ့မှာ ချတာဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရက ဘယ်ရက်ကနေ စရေတွက်ပြီး ပြစ်ဒဏ်ချတာ မသိတော့ လွတ်ရက်အတိအကျကို ကျနော်တို့ မသိနိုင်ဘူး။ အခုလိုမျိုး နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်ရင် ဒေါ်စုကို အဲဒီနောက်ပိုင်းမှ လွှတ်ဖို့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနိုင်ငံရေးသမား (၂,၁၀၀) ကျော်တို့၏ ပါဝင်ခွင့် အခန်းကဏ္ဍကို လာမည့် ရွေးကောက်ပွဲတွင် ကန့်သတ်ထားမည်ဆိုပါက တရားမဝင်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် အခြားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့က ပြောဆိုထားသည်။

0 မြန်မာပြည်သူပြည်သားများကံဆိုးမိုးမှောင်မကျဖို့နအဖရဲ့မတရားသောရွေးကောက်ပွဲအား နည်းမျိုးစုံနဲ့တိုက်ဖျက်ကြစို့

သို့

မြန်မာပြည်သူပြည်သားအပေါင်း

ပြည်တွင်း၊ နယ်စပ်၊ နှင့်နိုင်ငံတကာရှိဒီမိုကရေစီအင်အားစုများအပေါင်းတို့ခင်ဗျား

လေးစားစွာဖြင့်အကြံပြုရေးသားလိုက်ပါသည်။

နအဖကသူတို့ရွေးကောက်ပွဲကို နိုဝင်ဘာ(၇)ရက်နေ့လုပ်မယ်ကြေငြာလိုက်ပါပြီ။

ထိုနေ့ရောက်ရန်ရက်ပေါင်း(၈၅)ရက်လိုပါသေးသည်။

အကြမ်းအားဖြင့် ဘုန်းမော်နေ့မှ တံတားနီနေ့အထိ(၃)ရက်သာကြာခဲ့ပါသည်။

ဇူလိုင်ကျောင်းသားအရေးအခင်းများမှရှစ်လေးလုံးနေ့အထိ(တလ)သာကြာခဲ့ပါသည်။

ဆရာနန္ဒသိန်းဇံပြောသလို ကျနောတို့ရဲစိတ်ဓါတ်အင်အားသာရှိလျှင်မီးခင်းတဲ့ခရောင်းလမ်းကိုတောင်ဖြတ် ကျော်နိုင် ကြမှာသေချာပါတယ်။

ဒါကြောင့်တတ်နိုင်သမျှအစွမ်းကုန်စုစည်းကြ၊ နအဖရွေးကောက်ပွဲကိုနည်းလမ်းပေါင်းစုံ(အနုနည်း၊အကြမ်းနည်း ကြိုက်တဲ့နည်းနဲ့) ဖျက်ဆီးကြ။ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေများကိုမီးရှို့ဖျက်ဆီးကြ။ လက် နက်ကိုင်တပ်များအားလုံးပြည်သူလှုပ်ရှားမှုနှင့်ပူးပေါင်းပါဝင်တိုက်ပွဲဝင်နိုင်အောင်လက်နက်များကိုအသင့်ပြင် ထားကြ။တတ် နိုင်တဲ့နည်းနဲ့နအဖအမိန့်အာဏာအားလုံးကို မျက်ကွယ်ပြုကြ။ နိုင်ငံရေးပါတီများ ရှဲဒိုးကက်ဘိ နက်များဖွဲ့ထားကြ။ နအဖနဲ့ထိပ်တိုက်မတွေ့လိုသူများရှောင်ရှားကြ၊ အလိမ္မာသုံးကာ ငြင်းဆန်ကြ။ လူထုလူတန်းစားအားလုံးမဖြစ်ဖြစ်တဲ့နည်ဖီဆန်တွန်း လှန် ကြ။ အထွေထွေသပိတ်ကိုဆင်နွဲကြ။ ပြည်ချစ်စစ်သည်များ… စစ်သားအချင်းချင်းစစ်ကျွှန်ဇာတ်သွင်းထားမှုကိုတွန်းလှန်ပုန်ကန်ကြ။ ဗိုလ်ချုပ်ယုတ်များကို ပူးကပ် လုပ်ကြံကြ။ပြည်သူတို့နှင့် ပူးပေါင်း ကြ။ ရောက်လေရာအရပ်မှာနအဖနှင့် နအဖဒေါက်တိုင်များကို ထိပ်တိုက်ရင်ဆိုင်ကြ။

နိုဝင်ဘာ(၇)ရက်၊ ၂၀၁၀ခုနှစ် မှသည်အဆုံးသတ်ပြည်သူ့တိုက်ပွဲဆီသို့တတ်နိုင်သရွေ့ပြင်ဆင်ကြ။

စစ်အာဏာရှင်တွေနဲ့စစ်အာဏာရှင်စနစ်ပြုတ်ကိုပြုတ်ကျစေရမည်။

ဒီမိုကရေစီအောင်ကိုအောင်ရမည်။

ဒီမိုကရေစီတော်လှန်ရေးသစ္စာဖြင့်

ရဲထွဋ်

0 ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်ဦးဆောင် ၍ တာမွေမြို့နယ် NLD အဖွဲ့ဝင်များထဲမှ အကျဉ်းကျနေသောပါတီဝင်များ၏ မိသားစုများကို တွေ့ဆုံ


ယနေ့ ၁၃ ရက် နေ့တွင် ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်ဦးဆောင် ၍ တာမွေမြို့နယ် NLD အဖွဲ့ဝင်များထဲမှ အကျဉ်းကျနေသောပါတီဝင်များ၏ မိသားစုများကို တွေ့ဆုံ၍ အားပေးစကားပြောကြားသည့် ပုံများ

(ဓါတ်ပုံများပေးပို့ လာသော ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

0 (၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကျဆုံးသွားတဲ့ မဝင်းမော်ဦး မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ နှစ်ချက်ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..



မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့

အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------
------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုဇော်ဝင်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုဇော်ဝင်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောနိုင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၀၉ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။


မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , skype-shwekyaungtharr 0044-07915157660
shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
Ma Win Maw Oo
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်သန်းထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖြစ်သည့် (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသော်လည်း... မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... မဝင်းမော်ဦး ကိုအမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာသုဂတိလားပါစေ...။

ဒီမိုဝေယံ...

Thursday, August 12, 2010

0 အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day), Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) ၏ လှုပ်ရှားမှု

ရဟန်းရှင်လူပြည်သူများနှင့် ညီအစ်ကိုမောင်နှမများခင်ဗျား..


ကျနော်၊ကျမတို့ Generation Wave ( မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်ယနေ့ ကျရောက်သော သြဂုတ်လ၊(၁၂)ရက်နေ့ (၂၀၁၀)ပြည့် နှစ်၏့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ တွင် ကျနော်၊ ကျမ တို့ ၏ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှလူငယ်များသည် လူငယ်ထုအကြား နအဖစစ်အစိုးရ၏ မတရားဖိနှိပ်မှု့ များအား သိရှိစေရန်နှင့် တော်လှန်ရေးစိတ်ဓါတ်များ နိုးကြားလာစေရန်ရည်ရွယ်၍ မျိုးဆက်လှိုင်းတေးအယ်(လ်)ဘမ်ဟု အမည်ပေးထားသော တေးသီချင်းများနှင့်သီချင်းစာသားအပါအ၀င်တေးသီချင်း(၇)ပုဒ်တိတိအားဖြန့်ဝေလိုက်ပါသည် ။


သို့ဖြစ်ပါ၍ကျနော်၊ကျမတို့GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ ဖန်တီးရေးစပ်ထားသောတေးသီချင်းများအားနားဆင်ပြီး နအဖ စစ်အစိုးရ၏ မတရားဖိနှိပ်မှု့ များအား
သိရှိလာကာ ကျနော်၊ ကျမတို့ နှင့်အတူ လက်တွဲ၍ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကြပါဟု လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


Dear venerable monks and the people of Burma,

We, Generation Wave, releases an album including 7 songs with
lyrics on 12th August 2010 (International Youth Day) with the
motivation of youth to know about the oppression of the military
regime and to be aware of revolutionary spirit against the military
regime in Burma.

Therefore, we would like to encourage to cooperate with us for our
democracy movement in Burma listening the songs and knowing the
oppression of the military regime.


Generation Wave
(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)


သီချင်းများကို အောက်ပါလင့်များ၌ download လုပ်၍ နားဆင်နိုင်ပါသည် ။
All the songs can be download from the following links.

1.) http://www.mediafire.com/?4odmz3ttuaa (နိုးထကြလော့) (Let's get up)
2.) http://www.mediafire.com/?gzonjmynweo (တစ်ဆယ်) (10)
3.) http://www.mediafire.com/?dnyyywvnjfd (အမေ ၆၄) ( Mother 64)
4.) http://www.mediafire.com/?nnmyxz3yei1 (အခြေအနေများ) (Situations)
5.) http://www.mediafire.com/?4ggimrnkzim (မာရ်နတ်အိမ်) (Devil's House)
6.) http://www.mediafire.com/?gjwthkjgmjm (တိုက်) (Fight)
7.) http://www.mediafire.com/?kzndm3j2niu (ခွင့်ပြုတော့မေမေ) (Let me Mom)

ကျေးဇူးပြု၍ ပူးတွဲပါ ဖိုင်အား ဖွင့်ကြည့်ရန် ရည်ညွှန်းအပ်ပါသည်။

Please see the attach file for your reference.

သီချင်းစာသားဒေါင်းလုပ်လုပ်ရန်..http://www.mediafire.com/?zfzzb4zo9c9bn4a

Best Regards,
Bo Bo
Generation Wave
www.generationwave.org

0 မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ မှ “မဲမပေးခွင့်ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိသည်” ဟူသော စာရွက်စာတမ်းများ ရန်ကုန်တွင် ဖြန့်ဝေ






ကျတော်၊ကျမတို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့် သူငယ်ချင်းမိတ်ဆွေများသည်ယနေ့ သြဂုတ်လ ၁၂ရက်၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော ဒဂုံမြို့သစ်၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဘုရင့်နောင်၊ ယုဇနပလာဇာ၊ ဒဂုံစင်တာ စသည့်မြို့နယ်များ၊ ဘတ်စကားများ ၊ လမ်းဘေးအုတ်ခုံများ၊ ကားပါကင်များ၊ အများသုံးရေအိမ်များ၊ လမ်းဘေးဓါတ်တိုင်များတွင် ဒေါ်အောင်ဆန်းစုကြည့်ပုံပါ ၊ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြည်သူတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ မဲမပေးခွင့်ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိသည်ဟူသောရည်ရွယ်ချက်ဖြင့် မဲမပေးရန် ပိုစတာများကို ကပ်နှံသည့် လှုပ်ရှားမှုများအား ပြုလုပ်ခဲ့ပါသည်။
ပူးတွဲပါဖိုင်အား ကြည့်ရှုနိုင်ပါသည်။


We, Generation Wave and other alliance friends, On August 12th 2010, conducted the No-Vote Poster campaigns with the distribution of Daw Aung San Su Kyi's picture posters with the purpose of encouraging the public not to take part in the 2010 election in accordance with one of the acts from the 2010 Election Commission: "It is our right to vote or not to vote for 2010 election" in the public places such as public buses,pavements, parking-lots, public rest-rooms, and lamp-posts in Yangon areas including Dagon-Myo-Thit, Inn-Sein, Hlaing-Thar-Yar, Mingalardon, Bayint-Naung, Yazana Plaza, Dagon center.

Please see the attached file for your reference.




Best Regards,
Bo Bo
Generation Wave
http://www.generationwave.org

0 stickers for boycott 2010



Pamphlet Anti 2010-1

0 သင်္ကြန်ဗုံးဖေါက်ခွဲမှုတွင်“ရဲချုပ်ခင်ရီရဲ့ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

Letter of Phowaiaung}s Mother
ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီးး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီးး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီးလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှတလတကြိမ်နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာ ပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြားထိခိုက်တာကြောင့်ရော၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီး မားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက်ထုတ်ပြန် ပြီးး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီးးဝပ်လို့အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကိုနေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစိစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကိုလိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ ပြဿနာတွေကိုရှင်းဘို့၊ အာဏာ ရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအဝိုင်းကိုပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့ သားသမီးတွေစုဝေးရာဖြစ်ပြီးး ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါလာသွားနေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်ထွက် ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီးး ဗိုလ်မှူးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအ ဝင် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်းပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့် ကို မကြည် တဲ့ တပ်တွင်းအသိုင်းအဝိုင်း၊ တခြား VIP သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီးအုန်းချိုကိုမကြည်တဲ့ တပ် တွင်း အသိုင်းအဝိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလွင်နေအိမ်နဲ့ နယ် စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီးး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ)၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီးး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီးး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေကပေါ်နေ ပတ်သက်နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိဘဲ ပေါက်ထွက်လာပြီးး ပြည်ပသတင်းဌာနတွေကနေပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံးပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီးးမကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက်အင်အားစာရင် ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါ တယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဖို့၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာ ကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်းဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဖူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီးး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာတွေ၊ နိုင်ငံရေးနယ်ပယ်ကသူတွေနဲ့ ပတ်သက်ခဲ့တာတွေကို ပြော ပြဖြစ်ခဲ့မှာဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးး ကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည်ဟု ဝန်ခံလက်မှတ်ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံဘုန် ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၎င်းသံဃာတော်များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါတော့တယ်။ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်းအပြီးးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီးးနောက်နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေ တာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြော သွားတာတွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅ မိနစ်တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်း ပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီးး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့်မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ်၊ ထောင်ပို့ပြီးဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူးပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ် သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေကသက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုး ကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေ သက် သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကိုလိမ်ညာလှည့်ဖြားဖို့ ရဲချုပ်ခင်ရီရဲ့ ထွက် ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်
---------- Forwarded message ----------
demowaiyan

0 စိတ်လှုပ်ရှားမှုများသည် `မော်ဒန်´ ဖြစ်နေပါဦးမည်

အစဉ်အလာရှိသည်။ ရွေးကောက်ပွဲကား နတ်မကြီးပါ။ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေးမဟုတ်။ ‘ဘူကြီး’ ကစားရတာ မှ ပေါင်းနေ၊ နှုတ်နေရဦးမည်။ မြန်မာ့ရွေးကောက်ပွဲသည် ခန့်မှန်းရမခက်။ စစ်တပ်နှင့်ပက်သက်သော နိုင်ငံရေး ပါတီများ ရုပ်ပျက်ဆင်းပျက် ‘ကွဲ’ ၏။

၉၀ ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသည်ဟု ယူဆကြသော တစညပါတီအပေါ် လူထုသဘောထားမှာ ရှင်းလင်းလှသည်။ မှော်ဘီ၊ မင်္ဂလာဒုံ၊ ဒဂုံ၊ ကိုကိုးကျွန်း .. စသော စစ်တပ်အ၀န်းအ၀ိုင်းနယ်မြေများတွင် ဘယ် လိုအဖြေထွက်ခဲ့ပါသလဲ။ NLD အကုန်စားသွားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို လူထုကြီးက ပုံ အောလိုက်သည်။ ချွေးမပြန်ကြပါနှင့်။ လက်ခံရမည်။

၆၀ အိမ်စောင့်အစိုးရ ရွေးကောက်ပွဲတွင် စစ်တပ် ပင်းခဲ့၊ ပင့်ခဲ့သော တည်မြဲပါတီ အလဲလဲအကွဲကွဲ ဖြစ်ခဲ့ဖူး သည်။ လူ တည်မြဲ၊ မဲ သန့်ရှင်း။ အလွန်လှ၊ အလွန်ကြွသည်။ တည်မြဲတရားပွဲပြီးတိုင်း သန့်ရှင်းပရိသတ် တိုး လာသည်။ လူထုကြီး၏ မေတ္တာမှာ ဦးနုပါတီထံပြေး၏။ လူထု၏ နိုင်ငံရေးအသိကို ဝေလေလေဟု စော်ကားသူ များ ဇာတ်သိမ်းမကောင်း။

ဘယ်နှစ်ပါတီပြိုင်လို့ ပြိုင်ကြမှန်းမသိ။ ဘယ်ကိုယ်စားလှယ်တွေ ဘာအရည်အချင်းရှိလို့ ရှိမှန်းမသိ။ ကိုယ့်အ လုပ်မဟုတ်သဖြင့် လူထုကြီးက လုံးဝ စိတ်မ၀င်စား။ ငါ့မိသားစု ဆင်းရဲ၊ ငါ့တိုင်းပြည် ‘ဖွတ်’ ဖြစ်၊ ငါ မလွတ်လပ် ဟု ယူဆလျှင် အငြိုးအတေးထားပြီး လက်တုံ့ပြန်ဖို့ စောင့်၏။ ရွေးကောက်ပွဲများတွင် ထိုဖီလင်ကို ဖောက်ခွဲ သည်။

“ရွေးကောက်ပွဲမှာ ဦးနှောက်သုံးကြစမ်းပါ”

ဒါတွေ လာမပြောပါနှင့်။ နားကလောလွန်းလှသည်။ လူထုချဉ်ဖတ်ဖြစ်မည်။ ရှင်းပါသည်။ လူထုသည် နိုင်ငံရေး ကို စိတ်လှုပ်ရှားမှုဖြင့်သာ ချဉ်းကပ်ပါလိမ့်မည်။

“မှားသွားမယ်”

ဆယ်ခါပြန် မှားစမ်းပါစေ။ နောက်ဆုတ်စရာ မြေမရှိတော့သည့် အခြေအနေရောက်မှတော့ အခါတရာ မှားပ လေ့စေဟု လူထုက ကြက်ခေါင်းဆိတ်မခံ ပြန် ‘ထေ့’ သည်။

ခံစားချက်များဖြင့် ညီမျှခြင်းချကာ လာလတ္တံ့သော ရွေးကောက်ပွဲများကို စိတ်လှုပ်ရှားမှုအထိုင်ပေါ်မှ ဖြတ်သန်း သွားကြပါဦးမည်။ ဒေါ်အောင်ဆန်းစုကြည်ပါတီ၊ ဦးနုပါတီတို့၏ ဇာတ်ရုပ်ဇာတ်ကွက်တို့ကို မမေ့အပ်ချေ။ သ မိုင်းသင်ခန်းစာရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲသမားများ နာနာကျက်မှတ်ကြစေချင်သည်။

နိုင်ငံရေးနှင့် စိတ်တိမ်းညွတ်မှုကို မခွဲခြားပါနှင့်။ ဒီမိုကရေစီအရိုးရင့်နိုင်ငံကြီးများတွင်ပင် မဲဆန္ဒရှင်များ၏ ဖီလင် သည် အလုပ်ဖြစ်တုန်း။ ရွေးကောက်ပွဲတို့ ရှိနေသမျှ စိတ်လှုပ်ရှားမှုများသည် ‘မော်ဒန်’ ဖြစ်နေပါဦးမည်။

ဟောဒီက ယိမ်းထိုးလှုပ်ခါနေသည့် စီးပွားရေး၊ လူမှုရေးအခံပေါ်တွင် အာဏာပိုင်တို့ဘက်မှ လစ်လျှင်လစ်သ လို နိုင်ငံရေးဇက်ပိုးအုပ်တတ်သော မြန်မာနိုင်ငံအဖို့ ရွေးကောက်ပွဲဆိုသည်မှာ လူထု၏ ဖီလင်ကို စနစ်တံဖြုတ် ပစ်ဖို့ မဟာအခွင့်အရေးကြီးဖြစ်သင့်သည်။ ဆင်းရဲဆိုးရွားခြင်းကား နူးညံ့နေသေးလျှင် လေတမြမြချွန်ပြီး လူး လိမ့်ခံနိုင်သော်ငြား လူထုဘ၀များမှာ မှောင်အတိဖြင့် ကြမ်းကြမ်းရှရှ နိုင်လွန်းလှပါသည်။ ဘ၀များစွာကို တစစီ ဖဲ့ခြွေနေသလို ဒဏ်ရာပြင်းလှသည်။ အနာပေါ် ဒဏ်ဆင့်စေသည်။

ထိုလက်စလက်နများမှာ အပြီးမသတ်၊ မှုန်ဝါးမသွားဘဲ လူထု၏ ရင်ဘတ်အောက်တွင် ‘တည်’ စေသည်။ အစိုင် အခဲသည် အချိန်နှင့်အမျှ ကြီးထွား၏။ ထုနှင့် ထည်နှင့် ရေကာတာကြီးများပင် မိုးကြီးရေကြီးလျှင် ကျိုးပေါက် ပွင့်ထွက်ရသေးသည်။ လူထုရင်ဘတ်ကြီးထဲက အခိုင်အခန့် ဖြစ်တည်နေသော ကြိမ်မီးအုံးကိစ္စသည် ဒဏ်ကြေ ဆေးလိမ်းရုံမျှဖြင့် လျော့ပါးသွားမည်ထင်ပါသလား။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖောက်ခွဲစရာကွင်းပြင်ဟု လူထု စဉ်းစားသေးသည်။ စစ်တပ် မွေးထုတ်ပေး သောပါတီနှင့် ၀န်ကြီးများက ကျွေးမွေးထားသော နိုင်ငံရေးသမားများကို လူထုလက်မခံပါ။ နိုင်ငံရေးနှင့် ပတ် သက်ပါက ချက်ဆို နားခွက်က မီးတောက်သော မြန်မာလူထုသည် ဘယ်အချိန် ဘာလုပ်ရမှန်းသိသည်။ ဆ ရာကြီး သွားမလုပ်ပါနှင့်။

ငွေထုတ်ချေးခြင်း၊ လမ်းခင်းပေးခြင်း၊ မတော်မလျော် အကာအကွယ်ပေးခြင်းများအတွက် လူတချို့သည် ကျေးဇူးတင်ကောင်းတင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ထိုပါတီကို “မဲမထည့်နိုင်ပါ” အပြတ်ပြော သည်။ “တလုပ်စားဖူး သူ့ကျေးဇူး” ဆိုသည့် မြန်မာ့စကားပုံကို ရွေးကောက်ပွဲနေ့တွင် ချောင်ထိုးထားဖို့ ဆုံးဖြတ် ထားကြသည်။ အများစုက ထိုမြင်ကွင်းများကြောင့် ယမ်းပုံမီးကျ ပိုဒေါသဖြစ်ရသည်။

လူထုသည် တာဝန်ကျေ၏။ သူတို့၏ အဖြူအမည်း သဲကွဲလွန်းမှုများအတွက် သမိုင်းတွင်ပါဦးမည်။

သို့သော်....
၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ရှိသည်။
၁၉၆၀ ရွေးကောက်ပွဲတွင် ဦးနု၏ သန့်ရှင်း ရှိသည်။
လာမည့် ရွေးကောက်ပွဲတွင် လူထုရင်ခုန်စရာ ပါတီမရှိ။
ခွင့်ပြုဖို့ကောင်းသည်။ လူထု လုပ်ချင်တာလုပ်ပါစေ။
“နိုင်သူလည်း ရှုံး၊ ရှုံးသူလည်း ရှုံး” အဖြေထွက်နိုင်သည်။

aungmyo tun

Wednesday, August 11, 2010

0 ၂၀ဝ၈ ဖွဲ့စည်းပုံ ဥပဒေ ကို ကုလသမဂ္ဂ က ပယ်ဖျက်နိုင်


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခု ဟာ နိုင်ငံ တကာ ဥပဒေ တွေနဲ့ ဆန့်ကျင် နေမယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပယ်ဖျက် နိုင်ကြောင်း မြန်မာ့ အရေး ဆိုင်ရာ ရှေ့နေ အဖွဲ့ တခု က ပြောပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူး က မြန်မာနိုင်ငံ က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ အရင် က ကျုးလွန်ခဲ့တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေ အတွက် ပြန်လည် အရေးမယူ နိုင်အောင် လွတ်ငြိမ်းခွင့် ပေးထားတဲ့ ဥပဒေ မျိုးဟာ နိုင်ငံ တကာ ဥပဒေ တွေနဲ့ဆန့်ကျင် နေတာ၊ နောက် အဲဒီ ဖွဲ့စည်းပုံ အရ ကာကွယ်ရေး ဦးစီးချုပ် ဟာ အာဏာ အများ အပြား ကို ထိန်းချုပ် နိုင်တဲ့ အတွက် မြန်မာပြည် လို နျူကလီးယား လက်နက် ထုတ်ဖို့ကြံစည် နေတဲ့ နိုင်ငံ မျိုးမှာ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာ ဒေသ လုံခြုံရး ဆိုင်ရာမှာ အန္တရာယ် များတဲ့ အတွက် နိုင်ငံ တကာ ဥပဒေ တွေနဲ့ မကိုက်ညီ တာတွေ ဖြစ်နေပြီး ဒီ အတွက် ဖွဲ့စည်းပုံ ဥပဒေ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပယ်ဖျက် လာနိုင် ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

တောင်အာဖရိက ၁၉၈၃ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာလည်း လူထုဆန္ဒခံယူပွဲ က ပုံမမှန် တာ၊ အသားအရောင် ခွဲခြားရေး စနစ် ပိုမို ကျယ်ပြန့်လာမှာ စတာ တွေကို တွေ့ရပြီး ဒါတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိစွန်း တဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အဲဒီ ဖွဲ့စည်းပုံ ကို ၁၉၈၄ မှာ ပယ်ဖျက် ခဲ့ကြောင်း သူ က ပြော ပါတယ်။

သို့သော်လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် တွေ ရဲ့ ထောက်ခံချက် ရမှသာ အခုလို ပယ်ဖျက် တာမျိုး အကောင်အထည် ဖော်နိုင်မှာပါ။

တနင်္လာနေ့ မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း က ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲ တိုးတက် ရေး နဲ့ ပတ်သက်၍ မြန်မာ အစိုးရ ကို ဘယ်လို တိုက်တွန်း ပြောဆိုမှု လုပ်လုပ် မြန်မာအစိုးရ က လိုက်ပါ ဆောင်ရွက် မပြုတဲ့ အတွက် စိတ်ပျက် စရာ ဖြစ်နေ ကြောင်း ထုတ်ဖော် ပြောသွား ပါတယ်။

မြန်မာ့ အရေး စောင့်ကြည့် သူ အချို့ကတော့ မြန်မာ့ အရေး ပြုပြင် ပြောင်းလဲရေး အတွက် ကုလသမဂ္ဂ က ရွေးချယ် လုပ်ကိုင် စရာ နည်းလမ်း နည်းပါး နေပြီ လို့သုံးသပ် ကြပါတယ်။
(ဘီဘီစီ)

0 သမိုင်းရဲ့လက်များ


ကိုသော်-ဂျပန်မှ ပုံရိပ်များဖြင့်ခံစားတင်ပြသည်။

0 အမေ့ကိုပြောပြချင်တယ် ( ၂ )

Wanna Say to Mom (2)
ပေးပို့သော ရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

0 စစ်အစိုးရက နိုင်ငံရေး အခွင့်အလမ်းများ ဖြုန်းတီးပစ်ခြင်းအတွက် ကုလ အတွင်းရေးမှူးချုပ် စိတ်ပျက်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအပေါ် အားမလို အားမရ ဖြစ်မှုများ တိုးပွားလာနေကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က မှတ်ချက်ပေး ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည် ကျုံဒါးကျေးရွာရှိ မိသားစုများနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ- UNIC.

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည် ကျုံဒါးကျေးရွာရှိ မိသားစုများနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ- UNIC.

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များအား ပြောကြားခဲ့ရာတွင် မြန်မာ စစ်အစိုးရမှ ယခု နှစ်ထဲတွင် ကျင်းပ ပြုလုပ်မည်ဟု ဆိုသည့် ရွေးကောက်ပွဲ မတိုင်မီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးမှ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန် အတွက် အကြံပြု တိုက်တွန်းချက်များအား မြန်မာ စစ်အစိုးရက လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ အစိုးရဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်မကျေတဲ့ အတွက် အားမလို အားမရ ဖြစ်မိပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာ သံတမန်များအား မှတ်ချက်ပေး ပြောကြားခဲ့သည်။

“အခုလို အလွန်အရေးကြီးတဲ့ အခြေအနေ အချိန်အခါမျိုးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးသွားစေနိုင်ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂ဝဝ၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံ၏ နာဂစ်ဘေးဒဏ်သင့် ဒေသများသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးမှု တချို့ ရရှိခဲ့သော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်း များ ပြေလည်ကာ နိုင်ငံရေး အဖြေတခု ရရှိလာစေရန် ကြိုးပမ်းခဲ့သည့် ၄င်း၏ ရည်ရွယ်ချက်မှာမူ မအောင်မြင်ခဲ့ပေ။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးအရာရှိ အိန္ဒိယသံတမန် ဝိဂျေ နမ်ဘီယာ (Vijay Nambiar) သည် ဇွန်လက အိန္ဒိယ၊ တရုတ် နှင့် စင်ကာပူ နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီ ၂ဝဝ၉ ခုနှစ် နှောင်းပိုင်း ရာထူးမှ နုတ်ထွက်သွားခဲ့စဉ် ကတည်းက ထိုရာထူးအတွက် နေရာလစ်လပ်လျက် ရှိသည်။

မစ္စတာ ဘန်ကီမွန်းသည် ထိုရာထူးတွင် ခန့်ထာရန်အတွက် ဂျပန်အဆင့်မြင့် သံတမန်တဦးကို ရှာဖွေနေသည် ဟုလည်း သြဂုတ်လ ပထမပတ်ထဲတွင် ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ဦးနေဝင်း၏ လမ်းစဉ်ပါတီအစိုးရခေတ်၌ ဂျပန်၏ အကူအညီကို ရယူခဲ့ဖူးသည့် သမိုင်းကြောင်း ရှိခဲ့ဖူးသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းကမူ ဂျပန်အစိုးရသည် အနောက်နိုင်ငံများ မြန်မာနိုင်ငံ အပေါ်တွင် ပိတ်ဆို့အရေးယူသကဲ့သို့လည်း မပြုလုပ်၊ အာဆီယံ နိုင်ငံများကဲ့သို့လည်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း မကျင့်သုံးခဲ့ပဲ ဖွံ့ဖြိုးရေး အကူအညီများပေးခြင်းဖြင့်သာ နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုခဲ့သည်။

မစ္စတာ ဂမ်ဘာရီ၏ ရာထူးအား ဆက်ခံမည့်သူသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား တာဝန်ယူ ကူညီ ဖြေရှင်းပေးရမည်ဖြစ်ပြီး ထိုရာထူးကို ဂျပန်သံတမန် တဦးဦးက ဆက်ခံသည် ဖြစ်စေ၊ အခြားနိုင်ငံမှ သံတမန် တဦးဦးက ဆက်ခံသည်ဖြစ်စေ ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်နိုင်စွမ်းသည် အတူတူပင် ဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူမှ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးဟာ တယောက်ချင်းစီ လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတဲ့သူတွေလည်း ရှိပါတယ်။ အားလုံးရဲ့ မျက်စိရှေ့မှောက်မှာချည်း အရာရာအားလုံးက ဖြစ်ပျက်နေတာ မဟုတ်ပါဘူး” ဟု ၄င်းကဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ မြောက်အမေရိကနိုင်ငံများနှင့် ဥရောပအစိုးရများက မြန်မာစစ်အစိုးရ၏ တဘက်သတ်ဆန်သော ရွေးကောက်ပွဲ အခြေအနေများကို အပြင်းအထန် ဝေဖန်နေချိန်တွင် ဒေသတွင်း နိုင်ငံများကမူ မြန်မာ့နိုင်ငံရေး အခြေအနေ တည်ငြိမ်တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရင်း စောင့်ကြည့်နေကြသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာမူ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ဆက်လက် ကျခံနေရဆဲ ဖြစ်ပြီး ရွေးကောက်ပွဲ ဖြစ်စဉ်မှလည်း ပ,ထုတ်ထားခြင်း ခံနေရသည်။ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာစစ်အာဏာပိုင် များ၏ အနှစ် နှစ်ဆယ်ကျော် နိုင်ငံရေး အငြင်းပွားမှု ဖြစ်စဉ်သည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရေးဖြစ်စဉ်ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။

Tuesday, August 10, 2010

0 မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းကိစ္စ ပြည်တွင်း နိုင်ငံရေး ပါတီ တခုမှ သဘောထားထုတ်ပြန်

ရမ္မာဝတီ အရှင် ပညာစာရ ဖမ်းဆီး လူဝတ်လဲ ခံရပြီးနောက် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ သိမ်းဆည်း ခံရမူနှင့် ကလေးငယ်များကို နယ်ဝေး ပြောင်းရွှေ့မူများနှင့် ပတ်သက်ပြီး များမကြာမှီကမှ နိုင်ငံရေး ပါတီ တခု အဖြစ် အသိအမှတ် ပြုခံထားရသော RNDP မှ ကျေညာချက် တစောင်ကို သြဂတ်စ်လ ၉ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

သဘောထားထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဦးခိုင်ပြည်စိုး ကို မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျောင်းမှာ ကျန်ရှိလိုက်တဲ့ကလေးတွေ၊ တခြားနေရာတွေကို ခေါ်ဆောင် သွားခံရတဲ့ ကလေးတွေ၊ နောက် စာအုပ် စာပေတွေနဲ့ ပတ်သက်ပြီး အစိုးရက သိမ်းဆည်းသွားတဲ့ကိစ္စကို အဓိက ရည်ရွယ် ပါတယ်။ ဒီကိစ္စကို ဘယ်လို ဆက်လက်ထိမ်းသိန်းမလဲ၊ ဘယ်လို နေရာချ ထားပေးမလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ အဓိကထား စဉ်းစားပါတယ်။ နောက်ပြီးတော့ အဲဒီ ကျောင်းမှာ မှီတင်း နေထိုင်နေကြတဲ့ သူတွေဟာ မှီခိုရာမဲ့ ဖြစ်နေကြ ပါတယ်။ အဲဒါတွေကို ကျနော်တို့ စနစ်တကျ ပြန်လည် နေရာ ချပေးနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ရဟန်း သင်္ဃာတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ပြန်လည် လုပ်ပေးသင့်တယ် ဆိုတဲ့ အမြင်မျိုး ရှိနေတဲ့ အတွက် အခုလို ကျနော်တို့ သဘောထားကို ထုတ်ပြန်ရ တာ ဖြစ်ပါတယ်။”

အဆိုပါ သဘောထား ထုတ်ပြန်ချက်ထဲတွင် “ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတွင် ထားရှိခဲ့သော ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိသော ပစ္စည်းများသည် ရခိုင်အမျိုးသားများ မြတ်နိုးတန်ဖိုးထားသော သမိုင်း အမွေအနှစ် ပစ္စည်းများ ဖြစ်သည်နှင့် အညီ ရခိုင် အမျိုးသားများ အစဉ်အမြဲ တန်ဖိုးထား ဂုဏ်ယူလေ့လာ နိုင်ရန် အတွက် အမျိုးသား ဂုဏ်ဆောင်ပစ္စည်းများ အဖြစ် ရခိုင် ဒေသ၌သာလျှင် ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောင့် ခင်းကျင်းပြသနိုင်ရမည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။” ဟု ဖေါ်ပြထားသည်။

၎င်းအပြင် ထုတ်ပြန်ချက်ထဲတွင် “ဘုန်းတော်ကြီးကျောင်း အရိပ်အာဝါသ အောက်တွင် ခိုလှုံခဲ့ကြသော ကျောင်း သားလူငယ်၊ ကလေးသူငယ်များ အနေဖြင့် မိမိတို့ နေထိုင်ရာ ဇာတိပတ်ဝန်ကျင်းမှ ဝေးကွာသော နေရာသို့ ခရီးဝေး သွားလာရခြင်းများကြောင့် နာဖျား မကျန်းဖြစ်ရခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားငယ် စိုးရွံ့မှုများ ခံစားရ နိုင်ဖွယ် ရှိခြင်းတို့ အပေါ် စိုးရိမ် မကင်း ဖြစ်ကြသူများ လာရောက်တင်ပြ အကြံပြုကြသကဲ့သို့ မိမိတို့လည်း ပြည်သူများနှင့် ထပ်တူ စိုးရိမ် ပူပန်မှုရှိပါသည်” ဟု ဖေါ်ပြထားသည်။

ရမ္မာဝတီ အရှင် ဦးပညာစာရအား ဇူလိုင်လ ၂၇ ရက်နေ့က အာဏာပိုင်များ မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျောင်း၌ထားရှိသော သမိုင်းဝင် ပစ္စည်းများ၊ စာပေကျမ်းဂန်များ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများနှင့် အဖိုးတန်ပစ္စည်း မြောက်များစွာ ကို သိမ်းဆည်းသွားခဲ့သည်။

ထိုနောက် ယခုလ ၅ရက်နေ့က ကျောင်း၌ကျန်ရှိခဲ့သည့် ကလေးများထဲမှ ၉၀ကျော်ကို မကွေးတိုင်းနှင့် မန္တလေးတိုင်းသို့ အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့သည်။

ဦးခိုင်ပြည်စိုးမှ “အခုက ဒီကလေးတွေ ရပ်ဝေးကို ပါသွားတဲ့ကိစ္စနဲ့ ကျောင်းကို မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အပေါ်မှာ ပြည်သူတွေက စိုးရိမ် မှုတွေဖြစ်နေကြပါတယ်။ ကျောင်းမှာ မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အခုဆို စစ်တွေမြို့မှာ ပြန့်ကျဲ နေကြပါတယ်။ ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် ဒီကိစ္စကို မြို့ခံ လူထုတွေအနေနဲ့ ငါတို့ တခုမှ လုပ်မပေးနိုင် ပါလားဆိုတဲ့ အမြင်တွေ ရှိနေကြပါတယ်။ လုပ်ပေး ချင်ပေမယ့် မလုပ်ပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေကြရပါတယ်။ စစ်တွေမြို့မှာ ရှိတဲ့ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေက တာဝန်ယူ လုပ်ဆောင် ပေးချင်စိတ်တွေ ရှိနေကြတာကို တွေ့နေကြပါတယ်” ဟု ဆက်ပြောသည်။

ဦးပညာစာရအား တရားစစ်ဆေးစီရင်ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံသား တဦး၏ ရပိုင်ခွင့်များနှင့် အညီ ဥပဒေအရ နည်းလမ်းတကျ ခုခံနိုင်သော အခွင့်အရေး ရရှိသင့်သည်ဟုလည်း RNDP က ကျေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြို့ခံပြည်သူလူထုအကြား၊ အစိုးရဌာနဆိုင်ရာ ရုံးများတွင်လည်း ဆက်လက် ဖြန့်ဝေ သွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ဆရာတော်အား ဖမ်းဆီးခြင်း၊ ရခိုင်သမိုင်းဝင်ပစ္စည်းများကို သိမ်းယူခြင်း၊ ကလေးငယ်များအား ဗမာပြည်သို့ ခေါ်ဆောင်ခြင်းများသည် ဥပဒေအရ လုပ်ဆောင်ခြင်းမဟုတ်ပဲ လူမျိုးရေး အရ လုပ်ကြံ ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင် ပြည်သူလူထုအကြားတွင် ပြောဆိုနေကြကြောင်း သတင်း ရရှိသည်။
သတင်း - နိရဉ္စရာ သတင်းဌာန

Monday, August 9, 2010

0့ မြောက်ဥက္ကလာမှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား၊ ဦးဝင်းတင်၊ နိုင်ငံရေးအင်အားစုများ တက်ရောက်ကြပါသည်








ပေးပို့သော ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.