Sunday, May 23, 2010

0 NLDရွေးကောက်ပွဲအနိုင်ရနှစ်၂၀ပြည့်အထိမ်းအမှတ်၊နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးဆန္ဒပြပွဲ(ဓာတ်ပုံမှတ်တမ်း)ဂျပန်။တိုကျို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ Ebisu ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။ ဂျပန်ရောက်မြန်မာများ နိုင်ငံခြားသားများ ၃၀၀ကျော်ခန့်ပူးပေါင်းပါဝင်ပြီး Ebisu ပန်းခြံမှ နေ့လည်၂နာရီခွဲမှစတင်ထွက်ခွာပြီး Meiji(shiki no niwa)ပန်းခြံအထိမိုးသည်းထန်စွာရွာနေသည့်အကြားမှကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြခဲ့ကြောင်းသိရပါသည်။
ဓာတ်ပုံ။ ။ Minnyowan (moethaukkye)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.