Saturday, November 26, 2011

0 (အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီ)မှ ကျေးဇူးတင်လွှာ


Thanksgiving Letter (25.11.2011)မိတ်ဆွေများအားလုံးခင်ဗျား

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုချီးမြှင့်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့်
ပံ့ပိုးကူညီဆောင်ရွက်ကြသူများ အားလုံးအား မိမိတို့ ဆုချီးမြှင့်ရေးကော်မတီအနေဖြင့်လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိရပါကြောင်း ထုတ်ပြန်ချက်များပါရှိသည့် ကျေးဇူးတင်လွှာအား ပေးပို့အပ်ပါသည်။

ငွေစာရင်းရှင်းတမ်းအား မကြာမီ ထုတ်ပြန်ပေးသွားပါမည်။

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်အားဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဒီဇင်ဘာလ (၁၈) ရက်၊ တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ၊ သူရဲကောင်းဂုဏ်ပြု တေးသံသာများဖြင့်ပါ ဂုဏ်ပြုဖျော်ဖြေတင်ဆက်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

တတိယအကြိမ်မြောက် ဆုချီးမျြင့်နိုင်ရေးအတွက် နှစ်သစ်ကူး ရံပုံငွေ ခရီးစဉ်တခုကိုလည်း
စီစဉ်လျှက်ရှိပါသည်။

အခမ်းအနား ဖိတ်ကြားလွှာ၊ ခရီးသွား ကြော်ငြာ (poster) များအား မကြာမီ ဖြန့်ချီတော့မည် ဖြစ်ပါကြောင်းသတင်းကောင်း ပါးအပ်လိုက်ရပါသည်။

လေးစားစွာဖြင့်
မင်းထက်ဇော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.