Saturday, December 3, 2011

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့လူမှုအဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း ထောက်ပံ့မည်



source: channelnewsasia.com
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာပြည်အတွက် အသေးစားချေးငွေလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် မြေမြုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။ "ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာတာနဲ့အမျှ ကျွန်မတို့ရှေ့ဆက် လက်တွဲသွားကြမှာပါ"ဟု ကလင်တန်ကဆိုသည်။

အမေရိကန်အစိုးရက တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကူညီသွားမှာဖြစ်ကြောင်း သိရသည်။ အမေရိကန်အရာရှိတစ်ဦးအဆိုအရ စဦးဆုံးထောက်ပံ့ကြေးမှာ အမေရိကန်ဒေါ်လာ တစ်သန်းဖြစ်ကြောင်းနှင့် နောက်ထပ် အမေရိကန် ဒေါ်လာ နှစ်သိန်းမှာ မြေမြုပ်မိုင်းဒဏ်ခံခဲ့ရသူများကို ကူညီရန်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်အတွက် ဟာဝိုင်အီအခြေစိုက် East-West Center မှ အင်္ဂလိပ်စာသင်တန်းများလည်း သင်ကြားပို့ချသွားရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ အမည်မဖေါ်လိုသူ အမေရိကန်အရာရှိတစ်ဦး၏အဆိုအရ အဆိုပါ အင်္ဂလိပ်စာသင်တန်းများအတွက် ငွေကြေးဆိုင်ရာအကူအညီကို ဘရူနိုင်းနိုင်ငံက ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံက မြန်မာပြည် အကူညီပေးရေးအစီအစဉ်များအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၈ သန်းထောက်ပံ့နေကြောင်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.