Wednesday, October 17, 2012

7 ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော ကိုမြတ်ကိုနိုင် ကွယ်လွန်

၂၀၀၃ ခုနှစ်၊ မေ ၃၀ ရက်၊ ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ ကိုမြတ်ကိုနိုင် (၃၁ နှစ်)သည် ၁၅၊ ၁၀၊ ၂၀၁၂ ရက်နေ့၊ နေ့လည် ၁၂ နာရီ ကျော်လောက်တွင် သေဆုံးခဲ့ခြင်း။

ကိုမြတ်ကိုနိုင်သည် ထိုစဉ်က လူငယ်တာဝန်ခံ (မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ) ဖြစ်ပြီး အန်တီအား အသက်ဘေးမှ ကာကွယ်စောင့်ရှောက်ခဲ့သူတစ်ဦး အပါအ၀င်ဖြစ်ကာ သူ့အား စွမ်းအားရှင် လူတစ်စုမှ ခါးရိုးကို ရိုက်နှက်ခဲ့သော ဒါဏ်ရာကြောင့် အရိုးတီဘီဖြစ်ခဲ့ရသည်။

နောက်ပိုင်းကာလများတွင် အောက်ပိုင်းသေသွားခဲ့ရသည်။ ထိုစဉ်က ကိုမြတ်ကိုနိုင်၏ အသက်သည် ၂၂ နှစ်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားကိုးရသော လူငယ်တစ်ယောက် ဖြစ်ပါသည်။ သေဆုံးခဲ့ခြင်းမှာ တိုင်းပြည်၏ဘဏ္ဍာ လူငယ်တစ်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်ရတဲ့အတွက် ကျန်ရစ်သူများအနေဖြင့် ၀မ်းနည်းမဆုံး ဖြစ်ရပါသည်။ လူစဉ်မမှီဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး သူသေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိနေခဲ့ပါသည်။

ကိုမြတ်ကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် လေးစားစွာဖြင့် အလေးပြုလိုက်ပါသည်။

ကောင်းရာဘုံဘ၀ရောက်ပါစေ ...........။
အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

7 comments:

  1. မြင့်မြတ်သော သားကေါင်းတစ်ယောက်အဖြစ် အသက်ရှင် နေသွားတာကို လေးစားစွာဖြင့် ဦးညွှတ်လိုက်ပါတယ်၊သန်းရွှေ လို အသက်ရှင်နေသရွှေ့  ကျက်သရေယုတ်ပြီး တိုင်းပြည်အတွက် အကျိုးယုတ်စေ တာနဲ့  နှိင်းယုဉ်လို့ မရအောင် မြင့်မြတ်သော နေခြင်း သေခြင်း အတွက် လေးစား ဂုဏ်ယူစွာဖြင့် အားလုံးနဲ့အတူ ၀မ်းနဲေုကကွဲရပါတယ်၊၊

    ReplyDelete
  2. ကောင်းရာသုဂတိလားပါစေ။ ယနေ့အထိပြုခဲ့သမျှကုသိုလ်ကောင်းမှုအစုစုကို အမျှဝေ ဂုဏ်ပြု အပ်ပါသည်။

    ReplyDelete
  3. ကိုမြတ်ကိုနိုင် ကွယ်လွန်သွားတဲ့အတွက် များစွာဝမ်းနည်းရပါတယ်။ဒီအရွယ်က ဘာဘဲပြောပြော
    လူငယ်တစ်ယောက်အတွက် အရွယ်ကောင်းမှာ ကြွေလွင့်သွားတဲ့အတွက်ပါ။ကောင်းရာမွန်ရာရောက်
    ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကိုမြတ်ကိုနိုင်ရဲ့ စိတ်ဓာတ်ကို လေးစားအလေးပြုလိုက်ပါတယ်။

    ReplyDelete
  4. ညီလေး...

    မင်းဟာ...
    အာဇာနည်ပါ
    မင်းဟာ...
    သူရဲကောင်းပါ
    မင်းဟာ...
    တို့အားလုံးအတွက် ကမ်းကြည့်ငှက်ပါ
    မင်းဟာ...
    ငါတို့အမေရဲ့ အသက်သခင်ပါ

    ဒါကြောင့်
    အာဇာနည်မျိုး သေရိုးမရှိဘူး ညီလေး....

    သာကီသွေး

    ReplyDelete
  5. Nyi Lay. Laing yar moon yar York par say.
    Lay sarr par tal
    Oo nyut a lay pu par tal

    ReplyDelete
  6. Nyi Lay. Laing yar moon yar York par say.
    Lay sarr par tal
    Oo nyut a lay pu par tal

    ReplyDelete
    Replies
    1. Of course YOU BELONG in the ANNALS of OUR COUNTRY for RISKING YOUR LIFE for Daw Suu during Than Shwe's ATTEMPT on her LIFE at Depayin.
      I take my hat off for your courage and sacrifice man.
      Don't worry the mass/monk murderer will certainly PAY for his CRIMES with HIS LIFE and FAMILY'S as well one day I promise.
      May you rest in peace man.

      Delete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.