Monday, January 11, 2010

0 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)11-1-2010


ဗီဒီယိုမှတ်တမ်း။ ။ maungwto

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ချီတက်တောင်းဆိုဆန္ဒပြမှုကို ယနေ့ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ebisu ပန်းခြံမှ Sandagaya (MEIJI)ပန်းခြံအထိ နေ့လည်(၁း၃၀)နာရီမှ စတင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးက “ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စကိုပဲ အဓိကထားတောင်းဆိုနေကြပါတယ်။ ဒါကို လျစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက်သာ တဖက်သတ်လုပ်ဆောင်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ ဘယ်သောအခါမှ ငြိမ်းချမ်းမှုရရှိမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေလွတ်မြောက်ဖို့ အဓိကကျသလို တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ကလည်း လိုအပ်ပါတယ်..“ ဟု ပြောဆိုခဲ့သည်။
ချီတက်ဆန္ဒပြပွဲသို့ လူအင်အား ၅၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နှိင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ဆန္ဒပြ ခဲ့ ကြပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.