Friday, January 15, 2010

0 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် ပြုလုပ်သောလူထု ဦးလှ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်


(၁၄.၁.၂၀၁၀)တွင်ကျရောက်သောလူထုဦးလှ၏နှစ်၁၀၀ပြည့်အထိမ်းအမှတ်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စာဖတ်ဝိုင်း ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် အပါအ၀င် အဖွဲ့ ချုပ်
ဗဟိုအလုပ်အမှု့ ဆောင် များနှင့်အတူ ဆရာအောင်ဝင့် ၊ ဆရာ မုံရွာအောင်ရှင် ၊ ဘကြီးမိုး
( ဦးမိုးသူ ) ၊ ဆရာ ဦးအောင်ကြည်ညွန့်  ၊ ဖျာပုံ နီလုံဦး အစရှိသည့်စာရေးဆရာကြီးများ ၊
အဖွဲ့ ချုပ် လူငယ်များ စုံညီစွာတက်ရောက် ခဲ့ကြပြီး ဆရာကြီး လူထုဦးလှ ၏ စာပေ များကို
ဆွေးနွေးခဲ့ကြသည် ။ အဆိုပါ စာဖတ်ဝိုင်း အား နေ့  လည် ( ၁ ) နာရီတွင်စတင်ခဲ့ကြပြီး
ညနေ (၄) နာရီ တွင်ပြီး ဆုံးခဲ့သည် ။
စာဖတ်ဝိုင်းသိုတက်ရောက်လာကြသူများအား အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်များမှ ကော်ဖီ ၊
ကောက်ညင်း ဆီထမင်း များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ပါသည် ။

ပေးပို့ ပေးသောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်.။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.