Sunday, July 26, 2009

0 သွားဦးမှာလား နိုင်ငံခြား

ယနေ့ခေတ်လူငယ်အများစု၏ ဘ၀တက်လမ်းရှာရန် ရွေးချယ်မှု လမ်းကြောင်းများထဲတွင် နိုင်ငံရပ်ခြားသို့ သွားရောက်ကျောင်းတက် ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့က အဓိကရည်ရွယ်ချက်များထဲမှ တစ်ခု အနေဖြင့်တည်ရှိလာခဲ့ကြောင်း လူ ငယ်ရေးရာနှင့် အလုပ်အကိုင်အခွင့် အလမ်းရှာဖွေခြင်းဆိုင်ရာပညာရှင် များကသုံးသပ်ပြောကြားခဲ့ကြသည်။

နိုင်ငံရပ်ခြား၌ ပညာသင်ကြား ခြင်း၊ အလုပ်အကိုင်ရရှိခြင်းဖြင့် ပ ညာဥစ္စာနှင့် ဓနဥစ္စာကိုလျင်မြန်စွာ တိုးတက်စေခဲ့သည့်သာဓကအချို့ ရှိ နေခြင်းကလည်း လူငယ်များ၏ဘ၀ တက်လမ်းရှာရန်ရွေးချယ်မှုများထဲ တွင် အဓိကရည်ရွယ်ချက်တစ်ခု အဖြစ်ပါဝင်နေခြင်းဖြစ်ကြောင်းလူငယ် ရေးရာလေ့လာသူများကဆိုသည်။

တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်ခဲ့ ရသည့် ဘဏ္ဍာရေးအကျပ်အတည်း ကာလအတွင်း၌ ပြည်ပရောက် အ လုပ်သမားအချို့ အလုပ်လက်မဲ့ဖြင့် ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း အလုပ်အကိုင်အေဂျင်စီ အချို့ထံမှသိရသည်။ ပြည်ပအလုပ်အကိုင်အခွင့်အ လမ်းများအပေါ် စိတ်ကုန်ခဲ့ကြပြီး နောက်ပြည်ပတွင်လုပ်ကိုင်ခဲ့ရသည့် လုပ်ငန်းခွင်အခြေအနေနှင့် ၀င်ငွေ အတိုင်းရရှိနိုင်မည့် အလုပ်အကိုင် များကို ပြည်တွင်း၌ ရှာဖွေခဲ့ကြ ကြောင်း သိရသည်။

ပြည်တွင်းတွင်ရှာဖွေခဲ့ရာ၌ လူ ငယ်များဘက်မှ¤င်းတို့ဘ၀အဆင့် အတန်းမြင့်တက်နိုင်သည်ဟု သတ် မှတ်ထားသည့်လုပ်ငန်းအတွေ့အကြုံ စံနှုန်းများ၊ လုပ်ငန်းခွင်အဆင့်အတန်း စံနှုန်းများ၊ ၀င်ငွေလစာစံနှုန်းများ အတိုင်း ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများပြည်တွင်း၌ရရှိရန် ခက်ခဲခဲ့ကြောင်း လူငယ်များထံမှ သိရှိရသည်။

ဘဏ္ဍာရေးအကျပ်အတည်းကာ လ ကျော်လွန်ပြီးနောက် ကမ္ဘာ့စီး ပွားရေးအခြေအနေအသင့်အတင့် ပြန်လည်တည်ငြိမ်လာချိန်၌လူငယ် များ၏ အလုပ်အကိုင်အခွင့်အလမ်း မျော်လင့်ချက်များနိုင်ငံရပ်ခြားသို့ပြန် လည်ရောက်ရှိခဲ့ကြောင်းသိရသည်။Crisis ကာလတွင်း ပညာရေး လမ်းကြောင်းများမှ တစ်ဆင့်လည်း နိုင်ငံတကာသို့ဝင်ရောက်ရန် နှောင့် နှေး အချိန်ယူပြင်ဆင်ခြင်းများရှိ ခဲ့ကြရာ ပညာရေးဖြင့် လူငယ်များ ၏အနာဂတ်အတွက် စတင်ပြင် ဆင်ထားရန်အချိန်တန်ပြီဟု ဗြိတိသျ ကောင်စီမှ Exam Services Manager ဦးကျော်ထင်က ''Recession ကာလ မှာ စင်ကာပူမှာ အလုပ်အကိုင်နဲ့ ပတ်သက်လို့ Unskill တွေ Semiskill labours တွေလွင့်ထွက်ပြီး အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။

Professionals သမားတွေနဲ Skillful Labours တွေသာကျန်ခဲ့တာ။ ပညာ ရေးလောကမှာကျတော့ Recession ကာလဖြစ်လို့ ကျောင်းကိုတစ်ဝက်နဲ့ ရပ်ထားလို့မဖြစ်ဘူး။ ပညာရေးဟာ Future Investment ဖြစ်တယ်။ ကိုယ့်ဘက်ကအရည်အချင်းအပြည့်နဲ့ ရှိနေဖို့သာလိုတယ်''ဟု PS Business School ၏ ပညာရေးဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။

အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံ ခြားထွက်ကြဦးမည်ဆိုသောလူငယ် များမှာလည်း¤င်းတို့၏အရည်အချင်း အား နိုင်ငံတကာတွင် တန်းတူယှဉ် ပြိုင်စရာဈေးကွက်တစ်ခုအနေဖြင့် ရှုမြင်ထားသင့်ကြောင်းကိုလည်း ဦးကျော်ထင်က''လူငယ်တွေနိုင်ငံ တကာအလုပ်အကိုင်ဈေးကွက်တွေမှာ တန်းဝင်နေဖို့၊ မိမိကိုယ်ကို Present လုပ်ပေးနိုင်ဖို့၊ မိမိကိုယ်ကိုရောင်း ကုန်တစ်ခုလိုသဘောထားပြီး ကိုယ့် အရည်သွေးကိုတင်ပြနိုင်ဖို့လိုပါ တယ်။ ဒါမှလည်း Higher Position တွေကိုရပြီး နိုင်ငံတကာနဲ့ယှဉ်နိုင် မှာပါ''ဟု ပြောကြားခဲ့သည်။

ပြည်ပအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း ''အခု ဒူဘိုင်း၊ မလေးရှားဘက်ကအလုပ် ခေါ်စာတွေရှိနေတယ်။ ဒါပေမယ့် သွားမယ့်သူက ပိုက်ဆံမသုံးနိုင်ဘူး။ ပြီးတော့ ဟိုဘက်ကိုမယုံရဲဘူးဖြစ် နေတာ။ ဒါပေမယ့် ထွက်မယ့်သူက တော့ထွက်ဖို့လုပ်နေတာပါပဲ။ ဒူဘိုင်း ဆိုဟိုတယ်၊ မလေးရှားဆို General workers နဲ့ပဲထွက်တယ်''ဟု အလုပ် အကိုင်ဈေးကွက်၏ လက်ရှိအနေ အထားကို ပြောပြခဲ့သည်။

ယခုအခါ ပြည်ပအလုပ်အကိုင် ဈေးကွက်တွင် လျောက်လွှာလာ ရောက်တင်၍ အင်တာဗျူးများရှိပါ က ၀င်ရောက်ဖြေဆိုနေသူအချို့မှာ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့လိုအပ် ကြောင်းကို ''တလောက ဒူဘိုင်းက အင်တာဗျူးတစ်ခုလာတာ ၀င်ဖြေသူ တချို့မှာတွေ့ရတာ Personal တော့ ကောင်းတယ်။ ဒါပေမယ့် အင်္ဂလိပ် စာမကောင်းဘူး။ အခု အလုပ်ခေါ်တဲ့ နိုင်ငံတိုင်းက အင်္ဂလိပ်စာကောင်း ဖို့ကိုပဲ အဓိကထားနေတယ်။ အထူး သဖြင့် UAE နိုင်ငံပဲ''ဟုရှင်းပြသည်။

''ဒီမှာက ကုမ္ပဏီဝန်ထမ်းဆို ရင် သာမန်ဘွဲ့ရတစ်ယောက်လစာက လေးငါးသောင်းထက် မပိုပါဘူး။ ပိုတယ်ဆိုတဲ့လူတွေက လုပ်ငန်းမှာ ၀ါရင့်သူတွေဖြစ်ပြီး လုပ်ငန်းရှင်ရဲ့ ယုံကြည်စိတ်ချအားကိုးရတဲ့သူတွေ များပါတယ်။ အဲဒီသူအများစုရဲ့ အခွင့်အရေးက ရိုးသားမှုပေါ်မှာ အခြေခံတာတွေ့ရတယ်။ နောက်ပြီး ဒီမှာကလုပ်ငန်းအများစုက လစာသာ အများကြီးမပေးနိုင်တာအလုပ်ခေါ်ပြီ ဆို အနိမ့်ဆုံးဘွဲ့ရအဆင့်လောက်ကို ခေါ်တာများတယ်။ တချို့လစာ ကောင်းတဲ့အလုပ်တွေဆို ဘွဲ့အပြင် ကျွမ်းကျင်မှုလက်မှတ်၊ ဘာသာရပ်၊ စာရင်းကိုင်၊ ကွန်ပျူတာလို လက် မှတ်တွေပါရမှဖြစ်မှာပါ။ နိုင်ငံခြား မှာက ကိုယ့်မှာသာပညာပြည့်ဝနေ ပါစေ ဟိုနိုင်ငံမှာအလုပ်ရပြီဆိုရင် လခက ငါးသိန်းထက်မှာရှိပါတယ်။ ဒီမှာဆိုရင် ငါးသိန်းဝန်းကျင်က အလွန်ဆုံးပါပဲ။ ဒါကြောင့် နိုင်ငံ ခြားကိုသွားလုပ်ကြဖို့စိတ်ဝင်စား နေကြဦးမယ်လို့ ထင်ပါတယ်''ဟု ဘွဲ့ရလူငယ်တစ်ဦးကသူ၏အမြင်ကို ရှင်းပြခဲ့သည်။

''ကျွန်မက အခုလက်ရှိ စင်ကာပူ မှာ အရောင်းမြှင့်တင်ရေးဝန်ထမ်း လုပ်တာမြန်မာငွေနဲ့တွက်ရင် သိန်း ၂၀ ၀န်းကျင်ရပါတယ်။ အင်္ဂလိပ် ဘာသာစကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အင်္ဂလိပ်စာနဲ့ကွန်ပျူ တာဆိုင်ရာအောင်လက်မှတ်တွေ ကျွန်မမှာရှိပါတယ်။ ဒီကပညာရေး ၀န်ဆောင်မှုကုမ္ပဏီတစ်ခုမှာ အဲဒီ လက်မှတ်တွေနဲ့ပဲအလုပ်လုပ်ခဲ့တုန်း က တစ်သိန်းခွဲထက်ပိုမရခဲ့ပါဘူး။ လူငယ်တွေအနေနဲ့ ပြည်ပအလုပ် အကိုင်အခွင့်အလမ်းတွေကိုရှာနေတာ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘက်က တကယ် ပြည့်ဝပြီး ပညာတတ်တစ်ယောက် အနေနဲ့ပဲသွားလုပ်စေချင်တယ်။ သာမန်အိမ်ဖော်လို၊ အလုပ်ကြမ်း အလုပ်သမားတွေလိုသွားလုပ်ရင်တော့ ဒီမှာထက်တော့ ပိုက်ဆံပိုရကောင်းရ လိမ့်မယ်။ ဒါပေမယ့် စိတ်ရောလူပါ ဒုက္ခရောက်ရမှာပါ''ဟုစင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင်နေသူ အမျိုး သမီးတစ်ဦးက ဆိုပါသည်။

လူငယ်များအနေဖြင့် မိမိတို့ ဘ၀အဆင့်အတန်း မြင့်မားရန်နှင့် ပညာဥစ္စာ၊ ဓနဥစ္စာ တိုးတက်ရန် ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်သူများရှိနေဦးမည်ဖြစ်ရာ မိမိတို့ဘက်မှ ပညာပြည့်ဝထားရန် လိုအပ်ပြီး ပညာတတ်တစ်ယောက် အနေဖြင့်သာ သွားရောက်လုပ်ကိုင် စေလိုကြောင်း ပညာရေးအသိုင်း အ၀ိုင်းမှဝါရင့်ဆရာများကဆိုပါသည်။

ယခုအခါ ပြည်ပသို့အလုပ် အကိုင်ဖြင့် သွားရောက်မည့်သူများ အတွက် အလုပ်ခေါ်စာအချို့မှာ ကျွမ်းကျင်လုပ်သားများအတွက် စစ် ထုတ်ခေါ်ယူခြင်းများရှိနေသကဲ့သို့ မိမိ၏အရည်အချင်းပြည့်ဝထားခြင်းဖြင့် Crisis ကာလကိုကျော်လွန်ပါကများ စွာသောအလုပ်အကိုင်အခွင့်အလမ်း များသည်လည်းရောက်လာနိုင်ကြောင်း Tech Training Centre မှ General Manager ကပြောကြားခဲ့သည်။ Star Resources Co., Ltd မှ ဒေါ်နေရီအောင်က''ဟိုတယ်နဲ့ပြည်ပ ထွက်ကြတာ Crisis ကာလမှာရော Crisis ကျော်လွန်ဆဲကာလမှာပါစဉ် ဆက်မပြတ်ရှိကြတယ်။ အလုပ်ခေါ် စာ နည်းတာနဲ့များတာပဲကွာတယ်။ အခုနောက်ပိုင်းမှာတော့ Demand များလာတယ်။ အဓိက လူငယ်တွေ ကိုပြောချင်တာက ဒီကာလမှာ မဟုတ်လို့ရပ်နေရမယ်လို့တော့ မဆို လိုဘူးပေါ့။ ကိုယ့်ဘက်ကဖြည့်စရာ ရှိတာတွေ၊ လိုအပ်နေတာတွေကို ဖြည့်ထားမှသာ တစ်ချိန်အခွင့်အရေး ရလာရင်အဆင်ပြေပြေရှိသွားနိုင်မှာ။ လူငယ်တွေ မိမိ Professionalေူ တွေ ကိုသွားနေရင်းရပ်မနေကြဖို့၊ ဒီ အချိန်မှာ ကိုယ့်ဘက်ကအရည် အသွေးတွေပြည့်နေဖို့အရမ်းအရေးပါ ပါတယ်''ဟု အကြံပြုပြောကြား ခဲ့သည်။

၂၀၀၅ ခုနှစ်မှစ၍ Crisis ကာ လမရောက်ခင်အထိ မလေးရှား၊ စင် ကာပူနှင့်ယူအေအီးနိုင်ငံများမှာ မြန် မာလူငယ်အများစုအသွားများသည့် နိုင်ငံများပင်ဖြစ်ပေရာ ယူအေအီး နိုင်ငံမှ လာရောက်ခေါ်ယူနေသည့် အလုပ်ခေါ်စာများအတွက် ယုံကြည် စိတ်ချရမှုရှိစေရန် အေဂျင်စီများ၏ တာဝန်ယူမှု၊ သေချာမှုတို့မှာ များစွာ အရေးပါလျက်ရှိနေကြောင်းကိုလည်း အလုပ်သမားရေးရာကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

အထူးသဖြင့် ပြည်ပအလုပ် အကိုင်ကိုသာ မက်လုံးကြီးနေသော ကြောင့် မိမိဘ၀နစ်နာနိုင်သော လူ ကုန်ကူးမှုအပါအ၀င် အခြားသော အလွဲအသုံးချခံရမှုများ မကြုံရစေရန် သတိထားသင့်ကြောင်းလေ့လာသူ များက အကြံပေးခဲ့ကြသည်။

ဟိန်းမင်းလတ်၊ ယုလွင်စိုး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.