Sunday, September 19, 2010

1 Pucci Cake မိသားစု၏ အာဟာရဒါန


Pucci Cake မိသားစု၏ အာဟာရဒါန

Pucci Cake မိသားစု (မြေနီကုန်း) မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၈.၉.၂၀၁၀ (စနေ) နေ့တွင် လာရောက်၍ အင်္ဂလိပ်စာ ပညာသင်ကြားနေသော မျိုးဆက်သစ် ကလေးငယ်များအား အာဟာရဒါနအဖြစ် Pucci ကုမဏ္ဍီမှ ထုတ်လုပ်သော Sandwich Cookie ဘီစကစ်များကို လာရောက် လှူဒါန်းခဲ့ပါသည်။

ယင်းနေ့ ၁၈.၉.၂၀၁၀ (စနေ) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ အင်္ဂလိပ်စာ သင်တန်း နေ့ရက်မဟုတ်သည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းအား လိုက်လံလေ့လာပြီး အလှူငွေ ၅၀၀၀၀၀/- (ငါးသိန်း) ကျပ်ကို လှူဒါန်းခဲ့ပါသည်။ Pucci Cake မိသားစုမှ အာဟာရဒါနအဖြစ် လှူဒါန်းခဲ့ သော Sandwich Cookie ဘီစကစ်များအား ယနေ့ ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ အင်္ဂလိပ်စာသင်တန်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ကလေးငယ်များအား ဝေငှပေးခဲ့သည့်အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ဆေးဝါးကုသကြသော လူနာများ၊ လူနာရှင်များအား၎င်း၊ မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေး “သုခရိပ်မြုံ ဂေဟာ” သို့လည်း ဝေငှလှူဒါန်းပေး ခဲ့ပါသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

1 comment:

  1. very clear and very confortable to view all news...

    thanks tin myo nyunt




    from ireland

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.