Saturday, October 16, 2010

0 အို - ချီလီ


အို...ချီ လီ

သင့် ..တိုင်း ပြည် အလံ တွေကို.. လေ ထဲမှာ ဝှေ့ ယမ်းလို့

သင့် ...အမျိုး သားတေးတွေ ကို သံပြိုင် ဟစ်ကြွေးလို့ 
သင့်..မိုင်းလုပ်သား (၃၃) ယောက် ကို
လူသား အဆန်ဆုံး...သိက္ခာ အရှိ ဆုံး

ကယ်တင် နိုင် ခဲ့ ကြ ။

လူ့  အသက် တချောင်းတိုင်း ကို

တန် ဖိုးထား ကြ..။

ကြီး မြတ်ကြ...

ဂုဏ် ယူ ကြ...။



ငါ တို့ မှာတော့

မျက်ရည်တွေ..တွေ တွေစီးကျ

လက်သီးတွေ..ကျစ်ကျစ် ဆုပ်

အံ ကြိတ်...

တောက် ခေါက်...

စုတ် သပ်..

ရင်သပ် ရှု မော..

အံ့  သြကြ...။


ပြည် တွင်းစစ် မှာ

နာဂစ် မှာ

သဘာဝ ဘေး အသွယ်သွယ် မှာ

ယုံကြည်ချက် အတွက်...အကျဉ်းထောင်တွေ ထဲမှာ

ဆင်းရဲ တော နက် နက် ကြီးထဲ မှာ

လူ့  အသက် တွေဟာ

အချိန် မကျ ဘဲ..ကြွေ ရ တဲ့ သစ်ရွက် တွေ လို

တဖြုတ် ဖြုတ် ..ကြွေ ခဲ့ ကြ ရ။

လေ ထဲ မှာ..ဖုန် မှုန့် ကလေးတွေ

လွင့်ပါး သလို..

မထင် မရှား..လွင့် ပါး ခဲ့ ကြ ရ..။


အို..ချီ လီ

သင် ဟာ...အာဏာရှင် စနစ် ကို

မိုင်းတွင်းအပျက်..မြေကြီး နက် နက် ထဲ မှာ

ထာဝရ..မြှုပ် နှံထားနိုင် ခဲ့ပြီ..။



ငါတို့ တွေမှာသာ..

အာဏာရှင် တွင်းပျက်..

ဇောက် ..နက်နက်ကြီးထဲ က

ရုန်းထွက် ဖို့....

ကုပ်ကပ် တွယ် တက် နေသေး ရ ...။ ။
နီဇူလိုင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.