Monday, July 16, 2012

0 ထားဝယ်သားများဒုတ်/ဓါးများကိုင်ပြီး ထားဝယ်ဖွံ့ဖြိုးမှုအများပိုင်ကုမ္မဏီသို့ ဆန္ဒပြခြင်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ကျေးရွားသူ၊ ကျေးရွားသား(၅၀)ကျော်ခန့်သည် ၂၀၁၂ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့တွင်ထားဝယ်ဖွံ့ဖြိုးမှုအများပိုင်ကုမ္မဏီမှဟိုတယ်ဆောက်ရန်မြေနေရာတွင် မြေတူးစက်ကြီးများဖြင့် လမ်းဖောက်လုပ်ခြင်းကို ကျေးရွာသူ/သားများမှ(၀၉၀၀)ချိန် မှ(၁၁၃၀)နာရီချိန်ထိဒုတ်/ဓါးများကိုင်ဆောင်ပြီး ဆန္ဒပြရာ လမ်းဖောက်ခြင်းလုပ်ငန်းရပ်ဆိုင်းသွားသဖြင့် (၁၂၀၀)ချိန်ခန့်တွင် ရွာသူ၊ ရွာသားများမှ ကျေးရွာ ဓမ္မာရုံတွင်စုရုံပြီး နိုင်ငံတော်သမ္မတထိ တင်ပြသွားရန် ဆွေးနွေးခဲ့ကြပါသည်။

ထားဝယ်ဒေသဖွံ့ ဖြိုးမှုအများပိုင်ကုမ္မဏီမှ ကျေးရွာသူ/သားများအား အစုရှယ်ယာထည့်ခိုင်းပြီးစည်းရုံးကာ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အများပိုင်ကုမ္မဏီမှ ထားဝယ်ခရိုင်အတွင်း မြေသိမ်းဆည်းမှုများမှာဧကပေါင်း(၅၀၀၀၀)၀န်းကျင်အထိရှိ ပါ သည်။

သိမ်းဆည်းခံရသောကျေးရွာများသို့လည်းလမ်းဖောက်ပေးခြင်း၊စာသင်ကျောင်းများဆောက်ပေးခြင်းတံတားများကောင်းအောင် လုပ်ပေးခြင်း များပြုလုပ်ပေးမည်ဟု အကြောင်းအမျိုးမျိုးပြကာ လိမ်ညာကာ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ထားဝယ်အများပိုင်ကုမ္မဏီမှ လူကြီးများကို သုံး သပ်ရမည်ဆိုရင် လက်ရှိတာဝန်ယူထားသူ များမှယခင်ကထားဝယ်ဒေသကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာမရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်အများဆုံးပါဝင်သဖြင့် ရွေးကောက်ပွဲကာလများတွင်လည်း ကျေးရွားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမည်ဟုအကြောင်းပြကာ ဆောင်ရွက် ပေးခြင်းမရှိဘဲလိမ်လည်ခြင်း၊ဥက္ကဌတာဝန်ထမ်းဆောင်သူဦးခင်စိုးမှာလည်းစိတ်ဓါတ်ကောင်းသူ(၁)ဦးမဟုတ်ကြောင်းပုဂ္ဂိုလ်ရေအရမုန်းတီးပြီးပြောကြားခြင်းမဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟုအကြောင်းပြကာ ဆောင်ရွက်ပေးခြင်းမရှိခြင်း၊ဦးခင်စိုးနာမည်ခံကာ မြေများလိုက်လံသိမ်းဆည်းခြင်း၊တစ်ဘက်နိုင်ငံသားများသို့ ရောင်းစားရန်ကြံစည်ခြင်း၊ သိမ်းဆည်းထားသော မြေများကိုလည်း ယခုထိတိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
မရှိ ကြောင်း တွေ့ရှိရပါသဖြင့် ထားဝယ်သားများ စည်းလုံးကြရန် လိုအပ်ပါသည်။
ထားဝယ်ကိုကိုကြီး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.