Monday, April 2, 2012

0 အောင်ပွဲခံ ခွပ်ဒေါင်းနီ NLD နှင့် ပြည်သူများ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်းများကို ရုံးချုပ်ရှေ့LED ဆိုင်းဘုတ်ဖြင့် အနိုင် အရှုံးကြေညာနေရာ နှစ် ၂၀ ကြာ အောင်ပွဲကို မျှော်လင့် နေကြသည့် ပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ သောင်းသောင်း ဖျဖျ လာရောက်ကြည့်ရှု အားပေးနေကြတာ ဖြစ်ပါသည်။

မနက် ၁၂ နာရီ ၄၅ မိနစ် လမ်းထောင့်တွင် ဟစ်ကြွေးနေသူ လူငယ်များအား NLD ပါတီ အဖွဲ့သားများမှ အမေစု၏ သတိပေးလက်ကမ်းစာစောင်များအား လိုက်လံဝေငှပြီး အိမ်ပြန်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အမေစုကို ချစ်ရင်ပြန်ကြမယ်၊ သိက္ခာရှိရှိ အောင်ပွဲခံကြမယ် လို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်တွန်းရင်း ပြန်သွားကြပါတယ်။ အချို့ကလည်း ကြောက်လို့ပြန်တာ မဟုတ်ဘူး၊ အမေစုကိုချစ်လို့ ပြန်တာ လို့ ဟစ်ကြွေးပြီး ပြန်သွားကြပါတယ်။ အားလုံးပြ...န်သွားပြီးတဲ့နောက် လမ်းမပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများကို လက်ကမ်းစာစောင်ဝေခဲ့သူ သုံးဦးမှ လိုက်လံကောက်ယူ ရှင်းလင်းပေးနေသည်ကို လေးစားဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အခုလို ထိန်းသိမ်းပေးသော အမေစုနှင့် NLD ပါတီမှ အဖွဲ့သားများ၏ နိုင်ငံကြီးသားပီသသော လုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အတွက် အလွန် ကျေနပ်ပီတိဖြစ်မိပါသည်။ (dnyein lin)
Burma vj media network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.