ယနေ့ (ဇူလိုင်လ၊ ၁ ရက်) နံနက် ၉း၀၀ နာရီ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန်(ရုံးခွဲ) အစည်းအဝေး ခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ရေးရာကော်မတီ ဥက္ကဌများပါဝင်သော အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေး ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဌ)၊ ဦးမောင်မောင်သိမ်း(စီးပွားကူးသန်းရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ)၊ သူရဦးအေးမြင့် (အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဌ)၊ ဦးဌေးမြင့်(ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ)၊ သူရဦးအောင်ကို(တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာကော်မတီ ဥက္ကဌ)၊ ဦးအောင်သိန်းလင်း(ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဌ)၊ ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး၊ ဂျင်မီနှင့် အံ့ဘွယ်ကျော် တို့ တက်ရောက်ခဲ့ကြသည်။
88 Generation Students Facebook
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်