Tuesday, January 4, 2011

1 လူပြောများနေတဲ့ဖိုးစိန်လမ်းထဲက International Education School ဆိုတဲ့ စာသင်ကျောင်းတစ်ကျောင်း


ဒီတခေါက်တော့ မောင်အန် သိခဲ့၊ ကြားခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြပါရစေ….
ရင်ထဲမှာ ကျလိကျလိနဲ့ မပြောပဲ မနေနိုင်လို့ပါဗျာ….
ဇာတ်လမ်းအစတည်တဲ့နေရာကတော့ ဖိုးစိန်လမ်းထဲမှာ ရှိတဲ့ International Education School ဆိုတဲ့ စာသင်ကျောင်းတစ်ကျောင်းကနေပါ… သူတို့ ကျောင်းနာမည်က …. International Education Centre ပါ…
ဒါပေမယ့် နောက်ကွယ်မှာ ပြောနေကြတာကတော့ ….. Muslim Education Centre တဲ့ (ဘာသာရေးကို ထိခိုက်စေလိုတဲ့ သဘောမဟုတ်ပါဘူး….မောင်အန်ကြားတဲ့အတိုင်းပြောလိုက်တာပါ)…
ဘာကြောင့် အဲသလို နာမည်တွင်သလဲဆိုတော့ ကျောင်းပိုင်ရှင်က Muslim ဘာသာဝင်၊ ကျောင်းအုပ်ချုပ်ရေးပိုင်း ကလည်း Muslim ဘာသာဝင်၊ ကျောင်းမှာ သင်တဲ့ ဆရာ၊ ဆရာမ အများစုကလည်း Muslim ဘာသာဝင်၊ တခြားဘာသာဝင် ဆရာ၊ ဆရာမတွေတော့ ရှိပါရဲ့။ ဒါပေမယ့် ကျောင်းမှာ ကျင့်သုံးနေတာတွေကတော့ Muslim ဘာသာဦးစားပေးပါပဲ….

ဥပမာလေးတွေ ပြောပြမယ်ဗျာ…
ကျောင်းသား၊ ကျောင်းသူတွေ ၆ တန်းရောက်ပြီဆိုတာနဲ့ သူတို့တွေဟာ အတူတူ ကစားခုန်ကစားခွင့် မရှိတော့ပါဘူး… အကြောင်းပြချက်ကတော့ Muslim ဘာသာမှာ ခွင့်မပြုထားလို့ပါတဲ့….
သိပ်မကြာခင်ရက်ပိုင်းအတွင်းက Christian တွေရဲ့ ခရစ်စမတ်ပွဲတော်ကြီး ကျင်းပခဲ့ပါတယ်… ဒါပေမယ့် Christmas သီချင်းတွေ သီဆိုခွင့် မပြုခဲ့ပါဘူး… သီချင်းဆိုတာကိုလည်း အလ္လာက မကြိုက်လို့ပါတဲ့….
အဲသလိုမျိုးလေးတွေကြောင့် သူတို့ကျောင်းကို …. Muslim Education Centre လို့ ပြောကြတာ မဆန်းပါဘူး…
ကဲ… အဓိက ပြောချင်တဲ့ အပိုင်းကိုပဲ ဆက်ပြောတော့မယ်ဗျာ…

နို့မို့ဆို မလိုတာတွေများနေပြီး ဖတ်ရတာ လေးနေမှာစိုးလို့ပါ…
ကျောင်းမှာ ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေ အများစုက နိုင်ငံခြားသားတွေပါ။ နိုင်ငံခြားသားတွေဆိုတာထက် အဓိက ကတော့ တူရကီလူမျိုးတွေပါ… အခြား နိုင်ငံသား ဆရာတွေရှိပေမယ့် နိုင်ငံခြားသား ဆရာတွေရဲ့ ၈၀ ရာခိုင်နှုန်းက တူရကီတွေပါ… ကျောင်းအုပ်၊ ဒုကျောင်းအုပ် စတဲ့ သူတွေအားလုံးက တူရကီတွေပါ…......................

ဇာတ်လမ်းက အဲမှာတင် စတာပဲ…
လူမျိုးရေးခွဲခြားမှုဆန်တဲ့ လုပ်ရပ်တွေ မထင်မှတ်ပဲ ပေါ်လာခဲ့ပါတယ်… အခြားနိုင်ငံသား ဆရာတွေ တော်ရုံတန်ရုံအမှားလောက်ကို လုံးဝလက်မခံပဲ အလုပ်က ထုတ်ပစ်တတ်ပေမယ့် တူရကီလူမျိုး ဆရာတွေအတွက်တော့ ဘယ်လောက်မှားမှား၊ မှားတဲ့အမှားကလည်း ဘယ်လောက်ပဲ ကြီးကြီး မသိကျိုးကျွံပြုပေးထားတာမျိုးတွေ၊ အခြားနိုင်ငံသားဆရာတွေ( မြန်မာလူမျိုးအပါအ၀င်) ဘယ်လောက်ပဲ မိုးပျံအောင် တော်နေပါစေ နေရာမပေးတာတွေ၊ ကျောင်းနဲ့ ပတ်သက်ပြီး အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ဝေဖန်လိုက်တာနဲ့ အလုပ်ဖြုတ်ပစ်တာတွေ၊ နို့ပေမယ့် တူရကီနိုင်ငံကနေ အလွယ်တကူ တင်သွင်းလာတဲ့ ဆရာတွေ ကို ပြန်ကြည့်လိုက်တော့ English လို ပြောတတ်ဖို့နေနေသာသာ A,B,C,D ကိုတောင် အစအဆုံးမှန်အောင် မရွတ်နိုင်လို့ မြန်မာပြည်ရောက်မှ English စာတွေကို တိုးတိုးတိတ်တိတ် ကျိတ်သင်ပေးနေရတာတွေ စသည်ဖြင့်ပေါ့ဗျာ… အမြင်မတော်တာတွေ တော်တော်များခဲ့တယ်ဗျ…

ကျောင်းသားမိဘတွေခမျာမှာတော့ ဘာမှမသိရှာပါဘူး… မြန်မာလူမျိုးမဟုတ်တဲ့ ဖြူဖြူကောင်ကြီးတွေ စာသင်ခန်းထဲမှာ သင်ပေးနေတာကို မြင်လိုက်ရရင်ပဲ ၀မ်းသာပီတိတွေဖြစ်ပြီး ကိုယ့်သားသမီးတွေ နိုင်ငံတကာအဆင့်ပဲ မီသွားသလိုလိုနဲ့ ကျေနပ်နေကြပါလေရဲ့…
ကံက ကောင်းချင်တော့ ကျောင်းသားတွေထဲမှာ အမှန်တကယ်တော်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပါလာခဲ့ပါတယ်… အဲလို ကျောင်းသားမျိုးကိုတော့ ကျောင်းမှာရှိတဲ့ အတော်ဆုံးဆရာတွေနဲ့ သီးသန့် ကိုယ်ဖိရင်ဖိ သင်ကြားပေးပြီး နိုင်ငံတကာပြိုင်ပွဲတွေကို စေလွှတ်ပေးတာမျိုးတော့ ရှိခဲ့ဖူးပြီး နိုင်ငံတကာက ဆုတွေလည်း ရခဲ့ဖူးတော့ ကျောင်းမှာ ဂုဏ်တတ်ရတာပေါ့… ဒါပေမယ့် တခုဆိုးတာက အဲလို သင်ကြားမှုမျိုးကို ကျောင်းသားတိုင်းမရနိုင်ဘူးဆိုတာပါပဲ…. ကျောင်းရုံးခန်းရှေ့မှာ ကြောငြာဆိုင်းဘုတ်ကြီးတွေနဲ့ အဲလို ဆုရခဲ့တဲ့ကျောင်းသားတွေရဲ့ ဓာတ်ပုံ တွေချိတ်ပြထားတော့ မိဘတွေခမျာ ကိုယ့်သားသမီးတွေလည်း ဒီလိုနိုင်ငံတကာက ဆုတွေ ဆွတ်ခူးရရှိလောက်အောင် ထူးချွန်လာကြတော့မယ်ချည်း ထင်နေကြလေရဲ့….

အဆိုးဆုံးဖြစ်ရပ်ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့ပါတယ်…
မြန်မာနိုင်ငံရဲ့ အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်တစ်ရက်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့(ဇန်န၀ါရီလ ၅ ရက်နေ့)မှာ ကျောင်းဖွင့်တာပါပဲ…. အချို့ မြန်မာဆရာမတွေက ဒီရက်ဟာ အစိုးရရုံးပိတ်ရက်ဖြစ်လို့ ကျောင်းပိတ်သင့်ကြောင်း ပြောပေမယ့် ကျောင်းအုပ်ချုပ်မှုအပိုင်းကို တာဝန်ယူထားတဲ့ တူရကီလူမျိုးတွေက လုံးဝလက်မခံပါဘူး…. သူတို့ ပေးတဲ့အကြောင်းပြချက်ကတော့ လက်ရှိ စာသင်နှစ်မှာ ကျောင်းဖွင့်ရက် ၁၈၀ မပြည့်လို့ပါတဲ့… ဒါနဲ့ ဆရာမတချို့က သေချာပြန်တွက်ပြတော့ ကျောင်းဖွင့်ရက်က ၁၈၆ ရက်ဖြစ်နေပါတယ်… ဒါကြောင့် ဒီတစ်ရက်တော့ ကျောင်းပိတ်ပေးသင့်ကြောင်းပြောပေမယ့် သူတို့ဖက်က ဆုံးဖြတ်ချက်ချပြီးသား အလုပ်ကို ပြန်ပြင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း ထပ်ပြောပြန်ပါတယ်….

ဆရာမတွေဖက်ကလည်း ကျောင်းဖွင့်ရက်တွေ၊ ကျောင်းပိတ်ရက်တွေ မသတ်မှတ်ခင်ကတည်းက သေသေချာချာ မေးမြန်းပြီးစုံစမ်းပြီးမှ လုပ်ခဲ့ရင် ပိုကောင်းခဲ့မယ်လို့ ထောက်ပြကြပေမယ့် တူရကီ ဆရာသမားတွေက မြန်မာလူမျိုးတွေက သူတို့ကို ကြိုအသိပေးသင့်ပါတယ်တဲ့၊ သူတို့အလုပ်ကို ပိုမိုအဆင်ပြေအောင် ကူညီချင်တဲ့ မြန်မာတွေမရှိဘူးဆိုပြီး မြန်မာတွေဖက်ကို ပြန်လွှဲချပါတယ်တဲ့…. ကဲ ခက်ပြီ… ဘယ်တုန်းကမှ ဘာအကြံဥာဏ်မှ မယူခဲ့ပဲ ပြဿနာတက်တော့မှ အပြစ်ကို ကိုယ့်မြန်မာတွေဖက်ကို ပြန်လွှဲချတယ်တဲ့ …. နောက်ဆုံးအဆုံးသတ်မှာတော့ အဲဒီကျောင်းမှာ ဇန်န၀ါရီလ ၅ ရက်နေ့ဟာ ကျောင်းဖွင့်ရက်ပါ… လုံးဝကျောင်းမပိတ်ပါဘူး… ကရင်လူမျိုးကလွဲလို့ ကျန်တဲ့ မြန်မာဆရာ၊ ဆရာမတွေအားလုံး ကျောင်းတက်ရပါမယ်တဲ့…. ဒါဟာ ကိုယ့်နိုင်ငံမှာ စီးပွားရှာပြီး နိုင်ငံကို စော်ကားလိုက်သလိုပါပဲ….
ကျောင်းမလာတဲ့ ဆရာ၊ ဆရာမတွေကို လစာဖြတ်ပါမယ်တဲ့…. ကျောင်းမှာ အလုပ်လုပ်ဖို့ စာချုပ်စဉ်က စာချုပ်ထဲမှာ ပုံမှန် ခွင့်ရက် ၁၀ ရက်၊ ကျန်းမာရေးခွင့်ရက် အနည်းဆုံး ၅ ရက် စတာတွေကို စာချုပ်ထဲမှာပဲ ထားခဲ့တော့မယ့် သဘောပါပဲ…. ဒ့ါအပြင် ကိုယ့်မြန်မာလူမျိုးတွေကိုသာ ကျောင်းဖွင့်ပြီး ကျောင်းလာခိုင်းနေကြတာ၊ သူတို့ တူရကီလူမျိုး ထက်ဝက်လောက်ကတော့ ဇန်န၀ါရီလ ၃ ရက်နေ့ကိုပါ ခွင့်ယူပြီး အပန်းဖြေခရီးတွေထွက်ပြီး ပျော်ပါးနေကြပါပြီ… ဆက်ပြီး ကြားရတဲ့သတင်းကတော့ ပိုဆိုးပါတယ်…. ကရင်နှစ်သစ်ကူးနေ့ကို ကျောင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဆရာမတွေကို အလုပ်ကထုတ်ပစ်တော့မယ်ဆိုပြီး အသံတွေကြားလာရခြင်းပါပဲ….

ကြားခဲ့ရတာတွေကတော့ဗျာ… ရင်ထဲမှာတော်တော်ခံစားရတယ်….
ကိုယ့်မြန်မာလူမျိုးဆရာ၊ ဆရာမတွေကို လက်ခုပ်ထဲက ရေလို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ချင်သလိုလုပ်၊ စော်ကားချင်သလို စော်ကားနေတာလို့ ခံစားရတယ်ဗျာ… ကိုယ့်ဝန်ထမ်းတွေအပေါ်မှာ နည်းနည်းလေးမှ စေတနာမထား၊ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေပေါ့ဗျာ…. ဒါက ကြားရတဲ့ သတင်းတစ်ခုပဲ ရှိပါသေးတယ်…. အခုလို အလားတူ အဖြစ်မျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် များနေပြီလဲဗျာ… မြန်မာလူမျိုးတွေ ဘယ်လောက်တောင် အစော်ကား ခံနေရပြီလဲဗျာ.... တွေးရင်းတွေးရင်းနဲ့ ရင်ထဲမှာ နာကျင်လာခဲ့ရပြီ….

ခင်တဲ့
မောင်အန်
MMCPမှ မောင်အန်အားကျေးဇူးတင်ရှိပါသည်။

1 comment:

  1. အလ္လာဟ်အရှင်မြတ်က သူများယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အတင်းတားမြစ်ဖို့ မပြောထားပါဘူး။ တကယ်လို့ အဲဒီကျောင်းက အီစ္စလာမ်ဘာသာရေးကျောင်းသာ ဖြစ်ရင်တော့ တခြားဘာသာတွေ သင်ကြားခွင့်မရှိပါဘူး။ နိုင်ငံတကာကျောင်းဆိုတော့ တခြားဘာသာတွေကို တန်းတူအခွင့်အရေးပေးရမယ်။ ဥပမာ ကျွန်တော် Master တက်နေဒါ ထိုင်းနိုင်ငံမှာ။ အစိုးရကျောင်း၊ တက္ကသိုလ်တွေမှာ မွတ်စလင်မ်အမျိုးသမီးတွေ ခေါင်းချုံပါဝါ ၀တ်ပြီး ထိုင်းBuddhists ကျောင်းသူကျောင်းသားများနဲ့ အတူတူ ပျော်ပျော်ရွင်ရွင် ညီအစ်ကိုမောင်နှမရင်းလို ကျောင်းတက်ကြတယ်။ တက္ကသိုလ်တွေမှာ ဘုရားရှီးခိုးခန်းတွေထားပေးတယ်။ ဘာသာအားလုံးအတွက် သီးသန့် တစ်ခန်းစီထားပေးတယ်။ ဘာပြသာနာမှ သူတို့မှာ မရှိဘူး။ သူတို့နိုင်ငံမှာရှိဒါက နိုင်ငံရေး အနီ အ၀ါ ပြသာနာကလွဲပြီး ဘာသာရေး လူမျိုးရေးဆိုဒါ ဘာမှမရှိလို့ အခုလို တဖြည်းဖြည်းတိုးတက်နေဒါ။

    အီစ္စလာမ်ဘာသာဝင် အယူသီးအုပ်စုတွေက သူများတကာရဲ့ အခွင့်အရေးကို လေးစားသင့်ပါတယ်။ ကျွန်တော့ယုံကြည်ချက်က-
    “ကျွန်တော်တို့သည် သူများတကာရဲ့ အခွင့်အရေးကို လေးစားမှ မိမိတို့အခွင့်အရေးကိုလည်း သူများတကာက လေးစားမှာပါ။” “မိမိသည် လွတ်လပ်မှုကို မြတ်နိုးရင် သူများကို လွတ်လပ်မှု ပေးကြည့်ပါ၊ မိမိကိုယ်တိုင်လည်း ထိုလွတ်လပ်မှုကို တုန့်ပြန်ခံစားရမှာပါ။”

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.