Saturday, November 17, 2012

0 အမေရိကန် သမ္မတ Obama စီးတဲ့ Air force one အကြောင်းတစေ့တစောင်း

အများအထင်မှာ ၊ လေတပ် (၁) (Air force one) လို့ဆိုလိုက်တာနဲ့ ၊ သမ္မတတံဆိပ် နဲ့ အမေရိကန် အာဏါ (ပါဝါ) ကိုဖေါ်ပြတဲ့ ဘိုရင်း (၇၄၇) လေယဉ်ကိုဘဲ မျက်စိထဲ မြင်မိကြလိမ့်မယ် ထင်ပါတယ်။ တကယ်က လေတပ် (၁) (Air force one) ဆိုတာက လေယဉ်ကို သတ်မှတ်ပေးတဲ့ (call sign) လို့ခေါ် တဲ့ လေယဉ်နဲ့ ဆက်သွယ်တဲ့ နံမည်သတ်မှတ်မှုပါပဲ။ လူတွေကို မောင်ဘ ၊ မောင်လှ ဆိုပြီး ခွဲခြားနိုင်အောင် နံမည် ပေးကြသလို ၊ လေယဉ်တွေမှာလည်း ဆက်သွယ်တဲ့ အခါ သိသာ အောင် (call sign) သတ်မှတ်ပေးတာပါ။ ဘယ်လေယဉ် မဆို အမေရိကန်သမ္မတ လိုက်ပါလာတဲ့ လေယဉ်ကို လေတပ် (၁) (Air force one) လို့သတ်မှတ်ပါတယ်။

ဒီလိုသတ်မှတ်ရတဲ့ ရာဇ၀င်ကလည်း ၁၉၅၃ ခုနှစ်မှာ သမ္မတ အိုင်စင်ဟာဝါ စီးနင်းလိုက်ပါလာတဲ့ လေယဉ် (လေတပ် ၈၆၁၀) ဟာ Eastern Airline လေယဉ် အမှတ် ၈၆၁၀ နဲ့ သတ်မှတ်လေနယ်ပယ် (air space) တစ်ခုမှာ call sign ချင်းလာတူနေတဲ့ အတွက် ၊ နောင် မမှားရလေအောင် သမ္မတလေယဉ်ကို လေတပ် (၁) (Air Force (1) ) လို့သတ်မှတ် ခဲ့ရ တာပါ။ တကယ်တော့ မျက်စိယဉ်နေကြတဲ့ ဘိုးရင်း (ရ၄ရ) ပင် (၂) စီးရှိပါတယ်။ သမ္မတပါလာတဲ့ လေယဉ် ကိုမှ အဲဒီအချိန်မှာ လေတပ် (၁) (air force (1)) လို့ သတ် မှတ်ပါတယ်။

သမ္မတအတွက် အထူးဆောက်လုပ်ထားတဲ့ ဘိုးရင် (၇၄၇) နှစ်ဆင်းကို မြို့တော်ဝါရှင်တန် အပြင်ဖက် မေရိလန်မှာ ရှိတဲ့ အင်တရူးလေတပ်စခန်းမှာရှိတဲ့ (၈၉) လေတပ်ထောက်ပံ့တပ် airlift wing ကတာ ၀န်ယူထိန်းသိမ်း ရပါတယ်။ ဗိုလ်မှူးကြီး အဆင့် ကိုယ်တိုင်တပ်ရင်မှူး ဖြစ်သလို ကိုယ်တိုင်လေယဉ်မှူး အဖြစ်တာဝန်ယူ ရပါတယ်။ အမေရိကန်သမ္မတ ရဲ့ လုံခြုံရေးဟာ အလွန်အရေးကြီးတဲ့ အတွက် အမေရိကန် သမ္မတခရီးစဉ်မှာ စီးဖို့ကား (the Beast) ကအစ တခါတရံ ရဟတ်ယဉ် ပါ C130 ပစ္စည်းတင် လေယဉ်ကြီး တွေနဲ့ အရင် သယ်ချလာကြပါတယ်။ လိုအပ်လျှင် အမေရိကန် လုံခြုံရေး နဲ့ လက်ဖြောင့်တပ်သားတွေပါ လေယဉ်ကွင်း တွေမှာ ချထားလေ့ရှိပါတယ်။

သမ္မတလေယဉ်ဟာ ဆီဖြည့်ပြီး အမြဲ အဆင်သင့် ပြင်ထား ရပါတယ်။ လုံခြုံရေး စိတ်မချရသည့် နိုင်ငံများ ခရီးစဉ်တွင် လေယဉ်နှစ်စီးလုံး သေခြာရန် ယူဆောင် လာ လေ့ရှိသည့် အပြင် ဓါတ်ဆီတွေ ပါသယ်လာလှေ့ရှိပါတယ်။

သို့သော် အမေရိကန်သမ္မတ လေယဉ်အတွက် တိုက်လေယဉ် အစောင့်မထားပါ။ အကြောင်းမှာ ဘိုရင်း (၇၄၇) လေယဉ် နှစ်ဆင်းလုံးတွင် ဒုံးကျည် များကို ရှောင်ထွင်းနိုင်သော နောက်ဆုံးပေါ် လျှပ်စစ်ကရိယာ များ တပ်ဆင်ထား၍ ဖြစ်သည်။ ဥပမာ့ heat seeking missile ဟုခေါ်သော (အပူ) ကိုရှာသော ဒုံးကျည်များကိုလမ်းလွှဲရန် ထန်ပြန်းဒုံးကြည်များပါသလို အခြား ခေတ်ပေါ် ထန်ပြန်လျှပ်စစ် ကရိယာများ တပ်ဆင်ထားပါသည်။ တကယ်တော့ အဲဖို့ဝမ်းဆိုတာ သမ္မတတစ်ယောက် အတွက် လိုအပ်တဲ့ ဆက်သွယ် ရေး ကရိယာ တွေ အကုန်ပါသည့် အပြင် အကူရုံးသားအားလုံးကို တင်ဆောင်နိုင်သော လေပေါ် သမ္မတ ရုံခန်း တစ်ခုပင် ဖြစ်သည်။


(၉-၁၁) ဟုနံမည်ကျော်သော ၂၀၁၁ စက်တင်ဘာလ ၁၁ နေ့က နယူးရောက်မြို့ နှင့် ၀ါရှင်တန်မြို့တို့ အတိုက်ခံရစဉ်က ဘာမှန်း မသိနိုင်သည့်အတွက် ၊ သမ္မတဘုရ် စီးလာသောလေယဉ် အတိုက်ခံရမည်ကို စိုးရိမ်သောကြောင့် သာတိုက် လေယဉ် အစောင့်အရှောက် တောင်းဖူးသည်။ ၁၉၇၄ ခုနှစ် ဇွန်လတွင် သမ္မတ နစ်ဆင်သည် ဆီးရီးယား နိုင်ငံသို့ ရပ်နားမှုအစီအစဉ်အတိုင်း ရပ်နားရန် ပျံသန်းစဉ် ဆီရီးယား စစ်တိုက်လေယဉ်များက အကြောင်းမကြားပဲ စောင့် ရှောက် ရန် ချဉ်းကပ်လာကြရာ အဲဖို့ဝမ်း ခမြာ အတင်းထိုးဆင်း (Dive) လုပ်ကာ ရှောင်ထိန်ခြင်းပြုခဲ့ရဖူးသည်။ သမ္မဘုရ် မကြေ ငြာပဲ အန္တရာယ်များသော အီရတ်သို့ တိပ်တစိပ် ပျံသန်းနေစဉ် ခရီးသည်တင် လေယဉ်မှူးတဦးက အမေရိကန်သမ္မတ တံဆိပ်ကြီးနှင့် လေယဉ်ကို တွေ့၍ အဲဖို့ဝမ်း မဟုတ်လားလို့ လှမ်းမေးသည့်အတွက် ဗျာများခဲ့ရဖူးသည်။

သမ္မတ ကနေဒီ လုပ်ကြံခံရပြီး သမ္မတ ဂျွန်ဆင် ဟာ ကျန်ရစ်သူ ဂျက်ကလင်းကနေဒီ ၏ရှေ့မှောက်လေယဉ် ပေါ်မှာပင် ကျမ်းသစ္စာခံယူခဲ့ ပုံကို မည်သူမှ မေ့နိုင်မည်မဟုတ်ပါ။ ရာဇ၀င် တင်ခဲ့သော ဓါတ်ပုံတစ်ခုပင်။ ယင်း လေယဉ် ၏အမည်ရင်းမှာ Speical Airforce Mission (SAM) 26000 အမည်ရှိသော ဘိုရင်း ၇၀၇ လေယဉ် ဖြစ်ပါသည်။ ဤလေယဉ်နှင့် ပင် သမ္မတ နစ်ဆင် သည် ရာဇ၀င်တင်ခဲ့သော ဖေဖေါ်ဝါရီ ၊ ၁၉၇၂ ခုနှစ် တရုတ် ပြည် ခရီးစဉ် နှင့်ထိုနှစ်နှစ်ဟောင်းပိုင်းတွင် ဆိုဗီယက်ယူနီယံ ခရီးစဉ် တို့ကို သွားရောက်ခဲ့ သည်။ ခရီးစဉ် နှစ်ခုလုံးမှာ အမေရိကန်သမ္မတ အတွက် ပထမဦးဆုံး ခရီးစဉ် များဖြစ်သည်။

အခုခေတ်မှာမှ အမေရိကန် သမ္မတတဦး ခရီးထွက်ဖို့ရာ အစောင့်အရှောက်တွေက တဖုံကြီး။ သမ္မတကို စောင့်ရှောက်ရသော secret service ဟုခေါ်သော သက်တော်စောင့် တွေက ၀ိုင်းရံလျှက်။ မမြင်ရသော အကြို ပြင်ဆင်ရသော အမေရိကန် စစ်သည်တွေက ပို၍ပင်များသေး။ မပိုလွန်းဖူးလား လို့ထင်စရာ။ အကုန်အကျ များလိုက်တာလို့ ထင်စရာ။

တချိန်က သမ္မတစံအိမ်တော်ကို တံခါးသွားခေါက်လျှင် လာဖွင့်ပေးသူမှာ သမ္မကိုယ်တိုင် ရှိခဲ့ဖူးသည်ဟု ဆိုလျှင် ယုံနိုင်ဖွယ် မရှိ။ ၁၉၀၁ ခု ၊ ၂၅ ယေက်မြောက်သမ္မတ ၀ီလျှံမက်ကင်းလီ အသတ်ခံရပြီး မှာ ကွန်ကရက်က စီးကရက်ဆာလ်ဖစ် ကို သမ္မတကို စောင့်ရှောက်ရန် အမိန့်ချမှတ်ခဲ့သည်။ အမေရိကန် ရာဇ၀င်မှာ သမ္မတ (၄) ဦး အသတ်ခံရဖူးပြီး (၂) ယောက် မသေသော်လည်း ဒဏ်ရာရဖူးသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် သမ္မတစ်ယောက် ၏အသက်ကို ကာကွယ်ရန်မှာ အလွန်လိုအပ်သော တာဝန်ဖြစ် လာရပေသည်။

မက်ကင်းလီ သည် လူထုနှင့် ထိတွေ့ရသည်ကို သဘောကျ၍ ၎င်းအတွက်လုံခြုံရေးကို လက်မခံခဲ့ပေ။ ၎င်း၏အတွင်းဝန်က စိုးရိမ်၍ ၎င်း၏ခရီးစဉ်ကို (၂) ကြိမ်ဖျက်ခဲ့သော်လည်း သမ္မတက ပြန်လည် ထဲ့သွင်း ခဲ့သည်။ သေဖို့ရာ ကံ ပါဘာသည်လို့ပဲ ဆိုရမလားမသိ။ မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကိစိုးရိမ်၍ ဖဆပလ ခေါင်းဆောင်များက လုံခြုံရေး အားဖြည့်ခဲ့သော်လည်း ဗိုလ်ချုပ်က လက်မခံခဲ့။ ဗိုလ်ချုပ်ကို ဆုံရှူံးခဲ့ ရသည့်အတွက် မြန်မာနိုင်ငံ၏ ရာဇ၀င် လမ်း ပြောင်းခဲ့ရသည်။ ဤကဲ့သို့ အန္တရယ် မျိုးကိုစိုးရိမ်၍ အမေရိကန်တွေက ကုန်ကျမှုကို ဂရုမစိုက်ကြတော့။ လုံခြုံရေးကိုသာ ဂရုစိုက်ကြသည်။ ဒေါ်စု သွားတုန်းက ပေးသော လုံခြုံရေး ကို သာ ကြည့်လျှင် မြင်သာပါသည်။

တရုတ်သမ္မတ ရန်စီမင်းလက်ထက် ကတရုတ်သမ္မတ အတွက်လေယဉ်ကို ပြင်ဆင်မွမ်းမံရန် အမေရိကန် ကုမ္ပဏီတစ်ခုကို အပ်နှံမိရာ စီအိုင်အေက လျှို့ဝှက် အသံဖမ်းစက်တွေ တပ်လွှတ်လိုက်၍ ပြဿနာ တက်ဖူး သည်။ ယ္ခုခေတ်မှာတော့ ချမ်းသာသည့် နိုင်ငံတိုင်း နိုင်ငံ့ထိပ်သီးတွေ အတွက် ကိုယ်ပိုင်လေယဉ် ထားနေ ကြပေပြီ ။

လက်ရှိ ဘိုရင်း ၇၄၇ နှစ်ဆင်းကို အစားထိုးရန် လေတပ်က ဖိတ်ခေါ်ခဲ့ရာ ပထမ ၇၄၇-၈ (သို့) Airbus A380 နှင့် အစားထိုးရန် စဉ်းစားကြသော်လည်း Airbus ကိုထုတ်လုပ်သည့် EADS ကုမ္ပဏီက နောက်ဆုတ် သွားသည့် အတွက် ဘိုရင်း ၇၄၇-၈ (သို့) ဘိုရင်း ၇၈၇ (Dreamliner) ဖြစ်ဖို့သာ ရှိပါတယ်။ သမ္မတအတွက် လေယဉ်အသစ် (၂) ဆင်းဟာ ၂၀၁၇ မှာ စတင်ပျံသန်း နိုင်လိမ့်မယ် လို့ လန့်မှန်းကြပါတယ်။

သမ္မတ လိုက်ပါတဲ့ ရဟတ်ယဉ်ကို မရင်းတွေက တာဝန်ယူရသည့် အတွက် မရင်း (၁) လို့ သတ်မှတ်ကြပါတယ်။


ဘိုဘိုကျော်ငြိမ်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.