Saturday, March 24, 2012

0 သံဒင်းချောင်းဘေးဟင်းရွက်စိုက်ခင်းများအတွင်းတွင် လူသေအလာင်းများလာရောက်မြုပ်နှံမှုအား တားဆီးပေးစေလို





ရွှေပြည်သာ ည(၁၁)ရပ်ကွက် ကျူချောင်သုသာန်ဟောင်းအနီး သံဒင်းချောင်းဘေးနေရာတွင် လွန်ခဲ့သည့် ၁၁ နှစ်ခန့်မှ စတင်နေထိုင်ပြီး ဟင်းသီးဟင်းရွက်ပင်များစိုက်ပျိုးရာ ဧရိယာအနီးတွင် လူသေအလောင်းများ လာရောက်မြုပ်နှံမှုများ ရှိနေကြောင်းသိရသည်။

ယာသမား (၁၁) ဦးသည် သံဒင်းချောင်းဘေးနေရာ၌ ၂၀၁၁ ခုနှစ်တွင် ကျူတောများအား ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်ကာ ဟင်းသီးဟင်းရွက်များစိုက်ပျိုးပြီး နေထိုင်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့လည်း သတ်မှတ်သည့်အခွန်များ ပေးဆောင်ခဲ့သည်။ ယခု စိုက်ပျိုးရေးလုပ်ကိုင်ရာယာခင်းသည် ရွှေပြည်သာ သုသာန်ဟောင်းနှင့် လွတ်ကင်းပြီး ယင်းသုသာန်ဟောင်း၏ တခြားတဖက် သံဒင်းချောင်းဘေးမြေပေါ်တွင်သာ စိုက်ပျိုးခြင်းဖြစ်သည်။ နိုင်ငံတော်၏ စီမံကိန်းများဖြစ်သော ကြက်ဆူပင်စိုက်ပျိုးခြင်း စီမံကိန်းတွင်လည်း ပါဝင်ကူညီခဲ့သည်။

ယခုအခါ ကျူချောင်သုသာန်ဧရိယာ၏အပြင်ဘက် စိုက်ပျိုးရေးပြုလုပ်ရာ ယာခင်းအနီးတွင် ဘာသာခြားများမှ လူသေအလောင်းများ လာရောက်မြုပ်နှံခြင်းများ ပြုလုပ်နေကြသည်။

“စိုက်ခင်းရဲ့ တာဘောင်တဖက်မှာရှိတဲ့ မြန်မာသုသာန်ဟောင်းဟာ ၁၂ဧက ကျော်ကျယ်ပါတယ်။ ဘာသာခြားတွေအတွက် မြေနေရာပေးမယ်ဆိုရင်လည်း မြန်မာသုသာန်မြေဧရိယာကနေ ခွဲဝေပေးလို့ရပါတယ်။ ခုလို လူတွေစားသောက်တဲ့ သီးနှံစိုက်ခင်းအနားမှာ အလောင်းလာမြုပ်တာ မလုပ်သင့်ပါဘူး။” ဟု ယာသမားတစ်ဦးမှ ပြောသည်။

လူအများစားသုံးရာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရာ ယာခင်အနီးတွင် ယခုလို အလောင်းမြုပ်နှံခြင်းသည် မပြုလုပ်သင့်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ယာခင်းလုပ်သားများမှ ပြောဆိုနေကြသည်။

“ဒီသုသာန်က ၁၉၉၆ ခုနှစ် မှာကတဲက ပျက်ပြီးသားပါ။ နိုင်ငံတော်က ရေဝေး၊ ထိန်ပင် စတဲ့ သုသာန်တွေမှာ သွားသင်္ဂြိုဖို့ အမိန့်ထုတ်ထားပြီးသားပါ။ နောက်ပြီးဒီနေရာက လူနေရပ်ကွက်နဲ့ နဲနဲလှမ်းတယ်၊ ဒီလိုသာအလောင်းတွေကို ဒီနေရာမှာ မြေမြုပ်ခွင့် ပြုလိုက်မယ်ဆိုရင် မသမာသူတွေက ရာဇ၀တ်မှုကျူးလွန်ပြီး ဒီနေရာမှာ လာရောက်မြှပ်နှံမယ်ဆိုရင်လည်း ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ ဘာသာခြားတွေရဲ့ ဓလေ့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီစိုက်ခင်းနေရာကိုတော့ အလောင်းမြုပ်နှံရာ သုသာန်အဖြစ် အသုံးမပြုသင့်ပါဘူး” ဟု ၈၈မျိုးဆက်ကျောင်းသားဟောင်းများပါတီမှ မအေးမာက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေဖြင့် ရန်ကုန်မြို့နေ ပြည်သူလူထုအား အကျိုးပြုနေသော ဟင်းသီးဟင်ရွက်စိုက်ပျိုးရာနေရာကို အလောင်းမြုပ်နှံရာသုသာန်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ထားသည်ကို ပြန်လည်စဉ်းစားသုံး သပ်စေလို ကြောင်း ယာသမားများက ဆန္ဒရှိနေကြသည်။



ကိုရဲ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.