Friday, May 6, 2011

1 မြန်မာ့ နိုင်ငံရေးအကျဉ်းသား ၀ိသေသ လက္ခဏာများ (ဒေါက်တာလိုင်မြင့်)

မြန်မာ့ နိုင်ငံရေးအကျဉ်းသား ၀ိသေသ လက္ခဏာများ

CRITERIA of BURMA POLITICAL PRISONERS

ယနေ့ ကာလမှာကော ယခင်ကပါ န.အ.ဖ / န.၀.တ နှင့် မ.ဆ.လ ကထည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး ဗြောင်လိမ် လာပါတယ် ။ တိုင်းပြည်ကိုအုပ်ချုပ်သူတွေကို သတိပေးလိုတာက နိုင်ငံတော်ကိုအုပ်ချုပ်ရတဲ့နေရာမှာ လုပ်ကိုင်နေရင် မုသာ ( အလိမ်တွေ ) မသုံးကြပါနဲ့လို့  ။ ဒီနေရာဟာ လူထု တိုင်းသူပြည်သားတွေက ငါတို့ ကိုအတုယူကြမယ်ဆိုတာ နားလည်ထားဖို့ ရယ် ဒီနေရာဟာ လူကြိးလူကောင်း သမာဓိဂုဏ် နဲ့ပြည့်စုံသင့်ပါတဲ့နေရာပါ ။


ကျနော်ကတော့လိမ်ရမှာ အလွန်ဝန်လေးတယ်ဗျာ ။ မတတ်သာလို့  မလိမ်ရင်ကျော်ဖြတ်လို့ မရလို့  လိမ်ခဲ့ရတာရှိပါတယ် ။ အခုအထိ အဲဒီအတွက် စိတ်မသက်သာဘူးဗျာ ။ ကျနော်လိမ်ခဲံ့ရတာ အခြေအနေက မလိမ်ရင် မရလို့ လိမ်ရတာကို ကိုယ့်ကိုယ်ကို အခုထက်ထိ မသတီဘူးဗျာ ။ သူတို့ က မျက်နှာဗြောင်တိုက်လိမ်နေတာ ။ အလိမ်ခံရသူက မျက်လုံးထဲစိုက် ကြည့်တာနဲ့  သိနေတာဘဲ ။ လိမ်သူမှာလဲ လိမ်သာလိမ်ရတာ စိတ်မလုံပါဘူး ။

အခု နိုင်ငံရေးအကျဉ်းသားနဲ့ ဆိုင်တဲ့ ထူးခြားတဲ့ ၀ိသေသ တွေ ကို အချက်အလက်တွေနဲ့ ထုတ်ပြပါမယ် ။

အခု ဘုရားစူး ဒီမိုကရေစီ အစိုးရဟာ န.အ.ဖ ဆီက အာဏာ ကိုလွှဲပြောင်းရယူသလို .န.အ.ဖ ဟာလဲ မ.ဆ.လ ဆီက လွှဲပြောင်းရယူခဲ့တာပါ ။

( ၁ ) အဲဒီတော့ မ.ဆ.လ. ခေတ်ဥိးပိုင်းမှာ ၆၂-ခုနှစ် အာဏာသိမ်းပြိးစမှာ ဦးနု / ဥိးကျော်ငြိမ်း အပါအ၀င် အဲဒီတုံးက အစိုးရ၀န်ကြိးတွေ ၀န်ကြိးချုပ်တွေ ရှမ်းဆော်ဘွားတွေ ကို ဦးနေ၀င်းက အခု န.အ.ဖ က ကိုမင်းကိုနိုင်တို့ ကို ဖမ်းထားတဲ့ ပုဒ်မ ( ၅ / ည ) နဲ့ဘဲ ထိမ်းသိမ်းခဲ့တာပါ ။ သူတို့ ကို ဦးနေ၀င်းက နိုင်ငံရေးအကျဉ်းသားလို့  သတ်မှတ်ခဲ့ပြိး A Class / B Class / C Class သတ်မှတ်ချက်နဲ့  ကောင်းကောင်းမွန်မွန်ထားပေးပါတယ် ။ သူတို့ ကို ထောင်ပိုင်တွေကအစ လေးလေးစားစား ဆက်ဆံစေပါတယ် ။

သူတို့ ကို နိုင်ငံရေးအကျဉ်းသားလို့ ဘဲ တရားဝင်သတ်မှတ်ထားပါတယ် ။ ဦးနေ၀င်းကျင့်သုံးခဲ့တဲ့ ပုဒ်မ ( ၅ / ည ) ဟာအင်္ဂလိပ်အုပ်ချုပ်မှုဆီက လာတာပါ ။ ဥိးနုလက်ထက်မှာလဲ ကျင့်သုံးခဲ့ပါတယ် ။
နောက် ဇူလိုင်- ရ ရက် တက္ကသိုလ်ကျောင်းသားတွေကိုဖမ်းတော့လဲ အတူတူပါဘဲ ။

၁၉၇၇- ခုရောက်မှ ကျိုင်းတုံက အဖါးမကြိး ကြူကြူမား က ဖါးလိုက်ရာက ဦးနေ၀င်းကလဲ မယားဒေါ်ခင်မေသန်း( KITTY BA THAN ) ကသေပြိး နောက်မယား ဒေါ်နိနီမြင့်နဲ့ ကလဲ ကွဲနေတော့ တင်းနေတဲ့ကာလ ( အခု တပါတီနိုင်ငံရေးစံနစ်သွားနေတာ အတိုက်အခံပါတီဆိုတာ မရှိတော့လို့  နိုင်ငံရေးသမားဆိုတာ သတ်မှတ်ချက်ထားရန်မသင့်တော့လို့  ) ဘာပြောကောင်းမလဲ မော်လမြိုင်ကနှင်းဆီပွင့်ကြိး မျက်နှာကြိး ဖြစ်သွားတော့တာ ပါဘဲ ။

သူတို့ နားမလည်တာက အဲဒီလိုပြင်ချင်ရင် အခြေခံဥပဒေကို အရင်ပြင်ရပါမယ် ။ နိုင်ငံရေးသမားတွေကို ဖမ်းဖို့ ဥပဒေတခု အသစ်ထုတ်ပြန်ရပါမယ် ။ ပြိးအဲဒီ ( ၅ / ည )တွေကို လွှတ်ချင်လွှတ် မလတ်ချင်ရင် အမှုအသစ်ထပ်ကပ်ပြိး မှ မင်းတို့ ကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားတာ ရပ်ဆိုင်းပြီ ဆိုတာကို စာနဲ့ပေနဲ့ အသိပေးရမှာပါ ။ တိုင်းပြည်ကိုအုပ်ချုပ်တာကို စာအုပ်ပေါ်မှာ အတည်ပြုပြိး ကုလသမ္မဂ နဲ့  နိုင်ငံတကာ တရားရုံးချုပ်မှာ တင်ပြထားပြိးသား ဥပဒေကို လယ်ကန်သင်းရီုးမှာ ပြည့်တန်ဆာ နဲ့  ၀ါးရမ်းပြေး ကြာကူလီရိုက်လို့ မွေးလာတဲ့ကလေး အမွှေပေး ပုံမျိုး နဲ့ အတည်ပြုလို့ မရပါဘူး ။

ဒါကို ဥပဒေပညာရှင်ကြိးများ ပြန်သုံးသပ်ပေးအောင် အကြံပြုကြပါအုံး ။ ကျနော်ပြောတာ မတိကျနိုင်ပါဘူး ။ ပါးစပ်ကနေ အမိန့် ပေးရုံနဲ့  ပြောင်းတာ ဖါခမ်း မှမဟုတ်တာ ။ ဖါခမ်းမှာ လို ဖါသယ်မက မူပြလိုက်တာနဲ့  ဖါခေါင်းက ပြောင်းချ လိုက်သလို စည်းမဲ့ကမ်းမဲ့ ပြောင်းလို့ မှမရတာ ။ ဖါသယ်အတွေး ဖါသယ်အမြင်နဲ့  တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်ထင်တိုင်းမလုပ်ရပါဘူး ။ လုပ်ခွင့်မရှိပါဘူး ။

ဘာလို့ အခုလို ပစ်ပစ်နှယ်နှယ်ပြောရပါသလဲဆိုရင် ဥပဒေစာအုပ်ကြိးထဲမှာက ( ၅ / ည ) ဆိုတာ နိုင်ငံရေးတော်လုံခြုံရေးအရ ထိမ်းသိမ်းထားသူ လို့ အတိအလင်းဆိုထားတာကို မပြင်ထားဘူးလေ ။ အဲဒီဝေါဟာရကို မပြင်ဘဲ နိုင်ငံရေးအကျဉ်းသား မရှိဘူးပြောတာကတော့ အုပ်ချုပ်သူက သမတလုပ်နေသူက ဥပဒေစာအုပ်ကြိးကို နားမလည်တာလား / အရေးမလုပ်ဘူး ဆိုတာ တာလား ခင်ဗျားတို့ ဘဲဖြေပါ ။

နိုင်ငံတော်လုံခြုံရေးအရ ထိမ်းသိမ်းထားတာဟာ ပြစ်မှုလို့ သတ်မှတ်ခဲ့ရင် ဥိးနုတို့ ကိုဖမ်းတာလဲ ပြစ်မှုလို့ သတ်မှတ်ပေးရပါမယ်


ကောင်းပြီ ( ၅ / ည ) ကိုပြစ်မှုလို့ သတ်မှတ်ရင် နိုင်ငံတော်ဝန်ကြိးချုပ်လုပ်တာဟာ ပြစ်မှုမြောက်တယ် ဖြစ်မနေဘူးလား ။ ဥိးဏှောက် လဲသုံးကြပါအုံး ။ ငါ့မှာအာဏာရှိတယ် ငါ့ပါးစပ်က ဥပဒေကိုငါကြိုက်သလိုလုပ်တယ် ဘာဖြစ်လဲ ။ အခုဖြစ်တယ်လေ ။ ဒါဆို ဥိးနုဝန်ကြိးချုပ်လုပ်တာ ပြစ်မှု လို့ သတ်မှတ်လိုက်ရာရောက်သွားပါပြီ ။ ဒါဆို သန်းရွှေလဲဝန်ကြိးချုပ်လုပ်ခဲ့ဘူးတာဘဲလေ ။ ဖြေပါ ။ အခု ဥိးသိန်းစိန်သမတကြိးလုပ်တာလဲ ပြစ်မှုလား ။


( ၂ ) ဒီလိုပါဘဲ နိုင်ငံတော် လုံခြုံရေးအရ နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းတာလဲ ။ ကဲ ဥပမာ ဓါးပြမှုပေါ့ ။ လူတယောက်က ဓါးပြမှု အခုလွှတ်တယ် မကြာခင်ပြန်လုပ်တတ်တယ် .။ သူ့ ကျတော့ဘာလို့  နေအိမ်အကျယ်ချုပ်မချတာလဲ ။ ဓါးပြတိုက်ရင် မထင်ရင် လက်နက်တွေနဲ့  လူပါအသတ်ခံရတာလေ ။ နိုင်ငံတော်လုံခြုံရေး ပျက်တာမဟုတ်ဘူးလား ။ ဒေါ်စုကိုထိမ်းသိမ်းတဲ့  ၁၀ / က နဲ့  ၁၀/ ခ တို့ က ဘာလို့  အဲဒီလိုပစ်မှုသမားဓါးပြမှု ခနခနကျူးလွန်နေသူတွေအပေါ် မချမှတ်တာလဲ ။ ရှင်းနေတာဘဲ ။ ဒိပုဒ်မ ဟာနိုင်ငံရေးလုပ်သူအတွက် သီးသန့် လေ ။

ဓါးမြမှုတွေကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲမှာ သိပ်ကြာကြာမထားဘဲ လွှတ်လိုက်တော့ မနှစ်က ကွမ်းးခြံကုန်း လူသတ်ဓါးမြမှုက အဲဒီလို လွှတ်ပေးလိုက်သူတွေက ထပ်မံကျူးလွန်လိုက်တာပါ ။

( ၃ ) ဖမ်းဆီးခြင်း နိုင်ငံရေးသမားကို ဖမ်းရင် အများစုက ညမှာလာဖမ်းတယ် ။ ဧည့်စာရင်းစစ်မလို့ ပါ အိမ်ရှင်တို့  ။ လာတော့ ရဲက အိမ်အပြင်မှာ တခါတရံ ရဲတောင်မပါဘူး ။ ပါလဲအိမ်ထဲမ၀င်ဘူး ။ ထောက်လှမ်းရေးတွေဘဲ ၀င်တာပါ ။ ကျနော့်ကိုလာဖမ်းစဉ်က အိမ်မှာဧည့်စာရင်း မတိုင်ထားသူ ၂ ဥိးကို ဒီလူတွေ မတိုင်ထားပါဘူး ။ အဲဒါအရေးယူပေးပါ တောင်းဆိုတာပေါ့ ။ မရဘူး သူတို့ ကို မှတ်ပေးပါ တောင်းဆိုတာပေါ့ ။ ဧည့်စာရင်းမှု ကိုအမှုဖွင့်ရင် ကျနော်ကအိမ်ရှင်လေ ။ ကျနော်ကို နောက်နေ့  အပြင်ရုံးထုတ်ရတော့မှာလေ ။ လာတုံးကတော့ ယောက်ျားတန်မဲ့ ဧည့်စာရင်းစစ်မလို့ ပြောပြိး ဧည့်စာရင်းတိုင်မထားသူ နှစ်ဥိး ထိုးပေးတာ မှတ်တောင်မှတ်မသွားဘူး ။ ရှင်းပြီနော် ( ၅ / ည ) ဆိုတာ ။


( ၄ ) ရှာဖွေသိမ်းဆည်းခြင်း တခါ ပြစ်မှုဆိုပြိး အိမ်ကို ပိုက်စိပ်တိုက် ရှာဖွေတယ် ။ ဓါးမရှာဘူး ။ လက်နက်မရှာဘူး ။ ခိုးရာပါပစ္စည်းမရှာဘူး ။ ပိုက်စိပ်တိုက် ရှာတာက စာအုပ်တွေ တအုပ်ချင်း လှန်လျှောကြည့်တယ် ။ ကွန်ပျူတာကို ဖွင့်ကြည့်တယ် ။ အားလုံး -၄ -နာရီလောက်မွှေတယ် ။ ရဲတွေကအပြင်မှာ လှေခါးထစ်မှာ ထိုင်လို့  ။ ပြစ်မှုဆို ရဲက ရှာရမှာလေ ။



( ၅ ) သက်သေခံပစ္စည်း ရှာဖွေတာမှာ ကျနော်ဆီမှာ ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေ ဓါတ်ပုံတွေ သိမ်းသွားပါတယ် ။ ဗိုလ်ချုပ်ပုံသိမ်းတာ ပြစ်မှုနဲ့ ဆက်နွှယ်နေလို့ လား ။ ကိုယ့်အမျိုးသားခေါင်းဆောင်ပုံ လက်ဝယ်ထားတာ ပြစ်မှုမြောက်ရင် သန်းရွှေ အာဏာသိမ်းပြိးစက အချိန်တော်တော်ကြာအောင်အထိ သူ့ ရုံးခန်းမှာ ဗိုလ်ချုပ်ပုံက ရှိနေတာဘဲ ။ ကျနော်တို့ စစ်တဲ့ တရားရုံးမှာတောင် ဗိုလ်ချုပ်ပုံကြိး ချိတ်ဆွဲထားတာဘဲ ။

အဲဒီတော့ တရားရုံးမှာ ကိုမောင်မောင်ဝမ်းက ထပြောပါလေရော ။ သူကလဲ တရားရုံးမှာ ကျနော်တို့ ဖြင့် ရီလိုက်ရတာ အူကိုနာလို့  ။ တော်ကြာတရားရုံးမှာ မထီလေးစားလုပ်မှုတောင် ထပ်ကပ်အုံမှာ ပူမိတယ် ။ တရာသူကြိးက ဥိးမောင်မောင်ဝမ်း ၉ အဖ ဦးသောင်း ) ဟုတ်ပါသလားပေါ့ ။ အဖနံမည် မလိုပါဘူး ရေနံချောင်းက မောင်မောင်ဝမ်းဆိုရင် ကလေးကအစ တတိုင်းတပြည်လုံးတောင်သိနေတာဘဲ တရားသူကြိးမင်းလုပ်ပြိး ခင်ဗျား ကမသိဘူးလားလုပ်ပါလေရော ။

တရားခွင်ဆိုတာ အဖအမည်နဲ့  ပြောရဆိုရတာပေါ့ ။ ဒါဆို နံမည်လဲတူ အဖ အမည်လဲတူနေတာတွေ ရှိနိုင်တယ် ။ ရေနံချောင်းက မောင်မောင်ဝမ်းဆို တ၀မ်းဘဲ ရှိတယ်ဗျ ။ ကျနော်တို့မှာ ရီရတာလေ ။ တခွီခွီံးဗျာ အသံတောင်ထိမ်းမရဘူး ။ လူပျက်ဟာသတောင် ဒီလောက်မရီရဘူး ။

နောက် ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေသိမ်းရင် အခု တရားရုံးက ပုံတွေ ကဘာလို့ ချိတ်ထားတာလဲ ။ ကျနော်တို့ လက်ထဲက ထားခွင့် မရှိလို့ လား ။ အဲဒါပြစ်မှုမြောက်နေလို့ လား ။ ကျနော်ဆီကသိမ်းသွားတဲ့  ဗိုလ်ချုပ်ပုံတွေ ပြန်ပေးပါ ။ ဥပဒေထဲမှာ ဘယ်နေရာမှာဆိုထားပါသလဲ ပြပါ ။ ကျနော်လဲဥပဒေကျောင်းသားပါ လုပ်ပါလေရော ။ ပြိး ဗိုလ်ချုပ်ပုံကို သူက အလေးပြုလိုက်သေးတယ် ။

ထားပါ အခု နိုင်ငံတကာကလိုချင်နေတဲ့ ဘင်လာဒင် ပုံသိမ်းထားရင် ပြစ်မှုမြောက်ပါသလား ။ တချို့ အိမ်တွေမှာ ဒေါ်စုပုံတွေဆိုအကုန်သိမ်းတာ ။ ဒါပြစ်မှုနဲ့ ဆက်နွှယ်နေလို့ လား ။ သိမ်းတာမှ ကြိးကြိးသေးသေး အရေအတွက်တောင် ရေတွက်ပြိးသိမ်းတာ ။ ပါးစပ်ကပါ ပြောလိုက်သေး ဒေါ်စုကြည်ပုံက ဘယ်နှစ်ပုံ ဆိုလိုက်သေး ။ အဲဒါပြစ်မှုလား ။ အဲဒါဆို ဒေါ်စု နဲ့  ဗိုလ်ချုပ်မှုးကြိး လက်ဆွဲနုတ်ဆက်နေတဲ့ပုံ ကို ထားရင်ကော...???? ကျနော့်ဆီမှာ သမတကြိး ကနေဒီပုံတွေ သူ့ မိန့် ခွန်းတွေ သမတကလင်တန်မိန့် ခွန်းတွေ ရှိတယ် မသိမ်းသွားဘူး ။ နိုင်ငံခြားဗွီဒီယိုအခွေတွေ သိမ်းတယ် ။ ၄ားလာတာက စစ်တပ်က ဖွင့်ထားတဲ့ဆိုင် အမှုကပ်မလို့ ဘဲ ။

တရားရုံးကျတော့ ဘယ်ရမလဲ ။ ကျနော်ကို Australia- channel-9 ကလွှင့်တဲ့ ဒေါ်စုအင်တာဗျူး ဗိုလ်ချုပ်ထွန်းကြည်အင်တာဗျူး စတာတွေ ပါတဲ့အခွေအမှုနဲ့ တရားစွဲတယ် ။ ဗွီဒီယို အက်ဥပဒေတဲ့ ။ ကျနော်က ဟိုရုပ်ရှင် ဆင်တာမဲ့ ဗွီဒီယို အခွေ ခြောက်ခွေပါ အမှုဖွင့်ပါတောင်းတာပေါ့ ။ အဲဒါစာရင်းထဲမပါလာဘူးလုပ်တယ်လေ ။ ဖွင့်ရင် သူတို့  အခွေဆိုင်ပိုင်ရှင် တပ်ကဗိုလ်ကြိးပါငြိနေတာလေ ။ တခြားပြင်ပဆိုင်ကဆိုရင် အမှုကပ်မှာလေ ။ အဲဒါဥပဒေက မျက်နှာမလိုက်ပါဘူးတဲ့လား ။ ကျနော်ကတောင်းဆိုနေတာနော် ။

( ၆ ) ရဲစခမ်း ပါဝင်မှု ပြိးပြစ်မှုဆို ရင် ရဲကစစ်ချက်အရင်ယူရဖို့  ရဲစခမ်းကိုခေါ်သွားရမှာလေ ။ ရဲစခမ်းကို မခေါ်ဘူး ။ ထောက်လှမ်းရေးစခမ်းကို တန်းခေါ်သွားတာ ။ ဘာရဲမှလဲ မမြင်ဘူးပါဘူး ထောင်သာကျသွားတယ် ။ မြင်တောင်မမြင်ဘူးလိုက်ပါ ။

( ၇ ) စစ်ကျောခြင်း မှာ လိမ်ထားမှု / ခိုးဝှက်မှု / ရိုက်နက်မှု ဘာမှ ပြစ်မှုနဲ့ ဆိုင်တာမစစ်ဘူး ။ တခြားသူတော့မသိ ကျနော်ကို ( ၁၂ ချက် ) မေးခွန်းချပေးထားပြိး အဲဒီမေးခွန်းတွေကို ဖြေခိုင်းပါတယ် ။ မေခွန်းတွေထဲမှာ အဓိကက * ဒေါ်စု အပေါ်ဘယ်လိုသဘောထားသလဲ ။ * မြန်မာ့နိုင်ငံရေးအပေါ်ဘယ်လို မြင်သလဲ ။ ဒေါ်စု မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာ တိုင်းပြည် ထိခိုက်သလား / မထိခိုက်ဘူးလား ။ သူနဲ့ မြန်မာနိုင်ငံရေး ပါဝင်ပတ်သက်ခွင့် ရှိရဲ့ လား ။ အမျိုးသားညီလာခံအပေါ်ဘယ်လို မြင်သလဲ ။ စိးပွားရေးပိတ်ဆို့ တာလုပ်ရင် အကျိုးဆက်တွေ ဘာတွေ ဖြစ်လာမလဲ ။

အကုန်တော့မမှတ်မိတော့ပါဘူး ။ ပြစ်မှုမြောက်စေတာ တခုမှ မမေးဘူး ။ ဒါတွေ အပြင်မှာမေးတယ် ။ ဥပမာဗျာ ခင်ဗျားကိုလာမေးတယ် အပြင်လူပေါ့ ။ ကျနော်ဖြေထားသလိုဖြေလိုက်တယ် ။ အဲဒါပြစ်မှု မြောက်လား ။ အဖြေက ထပ်တူ ။ လူက တဦးကအပြင်မှာ တဦးက ဖမ်းထားသူ ။

တနည်းဗျာ ကျနော့်ကိုမေးထားတဲ့မေးခွန်းတွေ အပ်ြငလူတွေ ကိုဖြေခိုင်း မေခွန်းထုတ်ပေးလိုက်ပါ ။ ဘ်ယလိုအရေးယူမလဲ ။ ဘာပြစ်မှုနဲ့  သက်ဆိုင်တာ တခုမှ မမေးခဲ့ပါဘူးဗျာ ။

( ၈ ) ရမန်ယူခြင်း --- နိုင်ငံရေးအကျဉ်းသားတွေဟာ ရမန်ကြိး နှစ်ပတ် တခါ ယူတာလုပ်ပါတယ် ။ သာမန်လူနားလည်အောင် ၂၈- ရက်တခါ တရားရုံး တရားသူကြိးဆီမှာ နိုင်ငံရေးသမားကို ဆက်လက်ဖမ်းဆီးထားမိန့်  တောင်းပါတယ် ။ အဲဒီလိုတောင်းတာ သူတို့ ဟာသူတို့  တောင်းနေသလား ဘာမှမသိရပါဘူး ။ ကျနော်တို့ ကို တရားရုံး ခေါ်သွားပြိးတောင်းတာမဟုတ်ပါဘူး ။ မျက်ကွယ်မှာ လုပ်နေကြတာပါ ။

တခြားလူသတ်မှု အင်မတန်ဆိုးတဲ့  မန္တလေးက သူခိုးကြိး @ ရမ်ဘို @ တရုတ်ကြိး ဆိုရင် တရားရုံးထုတ်တာ နှစ်ခါ ရဲတွေကို ရိုက်နှက်ထွက်ပြေးသူကိုတောင် တရားရုံးကို ဆက်ထုတ်ပေးပါတယ် ။ ရမန်ကိုတရားရုံးမှာ လူပါဝင်လျှောက်ထားခွင့်ပေးပါတယ် ။

( ၆ ) အချုပ်ထောင်ဝင်စာ ---( ၅ / ည ) တွေမှာ ဖမ်းသွားတဲ့နေ့ ကနေစလို့  တိုက်ခန်းအပြင်မှာ မိသားစုနဲ့  ပြန်ဆုံခွင့်ရတာက ထောက်ချခံရပြိးမှ ထောင်ဝင်စာမှာတွေ့ ရတာပါ ။ အချုပ်ကာလမှာ အပြင်လူ ဘယ်သူနဲ့ မှတွေ့ ခွင့်မရှိပါ ။ အချုပ်ကာလမှာ ထောင်ဝင်စာတွေ့ ခွင့်လဲမရှိပါ ။ လူသတ်မှု / ဓါးမြမှု / မုဒိန်းမှုတွေက အချုပ်ကာလမှာကို တပတ်တကြိမ် တင်္နလာ နဲ့  အင်္ဂါ မှာသူတို့ ထောင်ဝင်စာ ( အချုပ်ထောင်ဝင်စာ ) ဆိုပြိးတွေ့ ရပါတယ် ။

နောက်တခါ သူတို့ က နှစ်ပတ်တခါ ( ရမန်-တပတ် - ၁၄- ရက် ) တခါ တရားရုံးထွက်ရတော့ ရုံးမှာ မိသားစုတွေ ရှေ့ နေတွေ နဲ့တွေ့ ခွင့်ရပါတယ် ။ အထုပ်လေးဘာလေး ထပ်သွင်းခွင့်ရပါတယ် ။ အဲဒီတော့ တကယ်ပြစ်မှုသမားတွေဟာ မိသားစုနဲ့  တလကို အချုပ်ထောင်ဝင်စာက နှစ်ကြိမ် လတ်ထိုးနိုင်သူဆို အကြိမ်ကြိမ် တရားရုံးမှာက နှစ်ကြိမ် တလ ကို လေးကြိမ်တွေ ဆုံခွင့်ရကြပါတယ် ။ ၅ / ည တွေကတော့ အချားနိမ်း ပါဘဲ ။ ထောင်ထမင်းကို ဘားလေးနဲ့ ပလွေးနေရတာပါ ။ တပတ်တခါ ပေးတဲ့ ငုံးနဲ့ ကြက် မှားအိပ်ထားတဲ့ ကြက်ဥလေးတလုံး စားရပါတယ် ။

( ရ ) ချုပ်နောင်ထားရှိမှု ၅ / ည တွေကို အချုပ်ကာလမှာလဲ ပြင်ပထွက်ခွင့်ရှိတဲ့ ( တရာရုံး ) ထွက်ခွင့်ရတဲ့ ခိုးဆိုးပြစ်မှုကျူးလွန်ထားသူတွေ နေတဲ့ အဆောင်မှာ မထားပါဘူး ။ တိုက်ထဲမှာမှ သိးသန်ထားပြိး လူသူ မဆက်သွယ်နိုင်အောင် သီးသန့် ချုပ်ထားပါတယ် ။ ထောင်ကျပြိးသူ တခြား ၅ / ည တွေ နဲ့တောင် ဆက်သွယ်မရအောင် လုပ်ထားပါတယ် ။

( ဂ ) ရှေ့ နေ၄ားရမ်းခွင့် ၅ / ည ထိမ်းသိမ်းထားသူတွေဟာ ရှေ့ နေ၄ားရမ်းခွင့် လုံးဝ မပေးပါ ။ အပြင်လူဘယ်သူနဲ့ မှ ဆက်သွယ်ခွင့်မပေးပါ ။ မိသားစုနဲ့ ဆက်သွယ်တာ မိရင် နောက်ထပ်ပြစ်မှုပါ ထပ်လုပ်ပါတယ် ။ အပြင်က အဆက်အသွယ်လက်ခံသူရော အဆက်အသွယ်လုပ်ပေးသူပါ အဖမ်းခံရပါတယ် ။

ဒုစရိုက်ပြစ်မှုကျူးလွန်သူတွေ ကိုတော့ ရှေ့ နေနဲ့  တွေ့ ခွင့်တောင် သီးသန့် ပေးပါတယ် ။ တတ်နိုင်ရင် နိုင်ငံခြားရှေ့ နေ၄ား ချင်လား ပေးတယ် ။

( ၉ ) တရားရုံး ၅ / ည- တွေကို အင်းစိန်ထောင်ဝင်းအတွင်း တနေရာမှာ ရှိတဲ့ အထူးတရားရုံးမှာ အပြင်လူ လုံးဝ ၀င်ခွင့်မပေးဘဲ တရားခံ သက်သေ ကလဲ ကိုယ်ကလဲသူ့ မမြင်ဘူး သူကလဲကိုယ့်မမြင်ဘူးသူတွေ ထိုင်ပေးနေစေပါတယ် ။ တရားလိုသက်သေကလဲ ကိုယ်မသိသူတွေ ရှေ့ နေဆိုတာလဲ ဘယ်သူမှန်းမသိသူတွေ ပါ ။ တချို့ အမှုတွေဆို တထိုင်ထဲ အမိန့် ချလိုက်ပါတယ် ။

ပြိး တရားခွင်အတွင်းမှာ နိုင်ငံတကာမှာကို ကမ္ဘာ့ ထုံးထမ်းစဉ်လာပါ ဓါတ်ပုံရိုက်ခွင့် ကင်မရာယူခွင့်မရှိတဲ့ နေရာပါ ။ အဲဒီမှာ ထောက်လှမ်းရေးတွေက ဒါတ်ပု့တွေ ဖလင်တလိပ်ပြိးတလိပ်ရိုက်ပါတော့တယ် ။ ကျနော်တို့ လဲ ရုပ်ရှင်မင်းသားတွေ ဖြစ်မှန်းမသိ ဖြစ်နေရတာပါ ။ အဲဒီလို တရားရုံးလက်စွဲကို ချိုးဖေါက်ကြတာပါ ။

ခိုးဆိုးဓါးမြတွေကျတော့ တရားရုံးရင်ဆိုင်နေလိုက်ရတာ အိမ်ကျန်ခဲ့ ဗိုက်ကြိးသယ်ဇနီး ကလေး မူကြိုတက်ချိန်တောင်ရောက်တဲ့အထိ မပြိးပြတ်တဲ့အမှုတွေ ရှိပါတယ် ။

( ၁၀ ) အမှုသက်သေစစ်ဆေးခြင်း ၅ / ည တွေမှာ သက်သေတင်ပြခွင့် မရှိပါဘူး ။ ဥပမာ ယခု၂၀၁၀ သင်္ကြန်ဗုံးခွဲမှုပေါ့ ။ တရားခံက သူက ဗုံးကွဲချိန်မှာ အလုပ်မှာ ရှိနေပါတယ်ကို သက်သေအခိုင်အမာ နဲ့ပြချင်ပါတယ်ပေါ့ ။ ပြနိုင်တယ်ပေါ့ ။ ဘယ်သူကို စစ်ပေးပါတောင်းဆိုခွင့် မပြုပါဘူး ။ သူတို့  ခေါ်ပြိးဟန်ပြတင်ပေးထားတဲ့ ဖိုးသူတော်လား ဆိတ်ကျောင်းသားလား မသိရသူတွေ က ထိုင်ရုံလေးထိုင်ပေးထားတာပါ ။ ဘာမှသူတို့ ကိုမေးမြန်းချင်း စစ်ဆေးခြင်းမလုပ်ပါဘူး ။ နောက်ဆုံးဗျာ ကျနော်အတွက် ကျနော့်ကို ကာကွယ်ထွက်ဆိုပေးမဲ့  ကူညီထွက်ဆိုပေးမဲ့ မှိုင်တိုင်တိုင်ထိုင်နေတဲ့ အဲဒီချာတိတ်လေးတွေနဲ့  မိတ်ဆက်တာတောင်လုပ်မပေးပါဘူးဗျာ ။

ဥပမာဗျာ ကျနော်က ဒေါ်စုကို န.အ.ဖ ကိုဘယ်လို တိုက်ပါတင်ပြမှုနဲ့  စွပ်စွဲရင် သက်သေအဖြစ် ဒေါ်စုကို ဟုတ်ပါသလားမေးရမှာပေါ့ ။ ဒေါ်စု ခေါ်ပေးပါတင်ပြရင် ရပါလိမ့် မယ် ။

ခိုးဆိုးတွေကျတော့ အမေလင်ရဲ့  အကိုတ၀မ်းကွဲရဲ့  မိတ်ဆွေရဲ့  ညီမကို ခေါ်အုံးမလား ရတယ် ။ အဲဒီလူ ရုံးမလာရင် တခါထပ်ခြိမ်း ။ အိုကေကို ဆိုပြေလို့  ။ အဲဒီလို ။


( ၁၁ ) ပြစ်ဒါဏ်ချခြင်း ၅ / ညတွေကို အများဆုံး ရုံထုတ်ရင် သုံးကြိမ်ပါဘဲ ။ တကြိမ်က အမှုက ဒါတွေ ဒါတွေ ဖတ်ပြတယ် ။ နောက်တခြိမ်းက သက်သေဆိုပြိး ရဲစခမ်းမှုးတွေ ရပ်ကွက်လူကြိးတွေ စွမ်းအားရှင်တွေ ကို တရားလိုပြ သက်သေစစ်တယ် ။ ( ရပ်ကွက်လူကြိး / စွမ်းအားရှင်တွေခမြာ မတရားအမှုတွေမှာ သူတို့ လဲ သိတာမဟုတ်ဘဲ ထွက်ခိုင်းတာတွေကို ဟုတ်ပါတယ် မြင်ပါတယ် လိမ်ထွက် တဖက်သားကို ဒုက္ခပေးရမှ စားရသောက်ရတဲ့ အဖြစ် အဲဒီအကျိုးတွေ နောင်ဘ၀ ဘယ်လောက် ကံဆိုးကြမယ်တောင် မမြင်နိုင်ရှာကြဘူး ။ )


ကိုယ်ဘက်က ဘာသက်သေမှ ခေါ်ခွင့်မရှိဘူးနော် ။

တတိယ တခြိမ်းကတော့ အမိန့် ချတာပါဘဲ ။ တချို့ ဆိုရင် ရုံးတထိုင်ထဲနဲ့ ချလွှတ်လိုက်တာပါ ။

ကျနော်တို့အမှုတုံးက ကျနော်ကို အမှုနှစ်ခု အပိုစွဲဆိုထားပါသေးတယ် ။ တမှုက ( JENE SHARP ) ရဲ့  ( အာဏာရှင်မှ ဒီမိုကရေစီ သို့  ) ဆိုတဲ့စာအုပ်ဖြန့် ဝေမှုပါ ။ တရာရု့းမှာ ကျနော့်အမှုတွဲ တောင်ကြိးအမတ် ဦးကျော်ခင် ဆီက အဲဒီစာအုပ်မိတ္တူကူးထားပြိး စာအုပ်မချုပ်ရသေးတဲ့  စာဖေါင်တွေ အထပ်လိုက်ရယ် စာအုပ်က တဒါဇင်လောက်မိထားပါတယ် ။ တရားသူကြိးက ခင်ဗျား ဂျင်ရပ်စာအုပ်ဖြန့် တယ်ပေါ့ ။

ဟုတ်ပါတယ် ။ ကျနော် အဆောင်ရေ နှစ်လောက်ဖြန့် ပါတယ် ။ အခုတရားသူကြိးမင်းပြတာက စာအုပ်လေး ။ မတူဘူး စာအုပ်လေးကြည့်ပါရစေပေါ့ ။ လာပြခိုင်းပါတယ် ။ ကျနော်က ဟာ ကျနော်ဖြန့် တာက ဂျင်းရှပ်ရေးတာပါဘဲ ။ ဒါက အာဏာရှင်ကို အကြမ်းမဖက်ဆန္ဒပြ ပြိး အနုနည်းနဲ့ တော်လှန်နည်းတွေလို့ ကြားဖူးတယ် ။ ကျနော်ဖြန့် တာက အာဏာရှင်ကို အကြမ်းဖက်ဖြုတ်ချနည်းဗျ ။ ဒီလိုစာအုပ်မဟုတ်ဘူး ။ ။ ဒီလောက်မထူဘူး ။ ပါးပါးလေး ။ ဒီလို ရှည်ရှည်လေး ။ စာဆောင်ပုံစံလေး ။ ပါတာကလဲ ၂၉- ချက်ထဲပါတာ ။ ကျနော်က အနုနည်းကို လုံးဝမယုံတဲ့သူ ။ အသာလွတ်လိမ်တာပေါ့ ။

စာအုပ်ဖြန့် ရင် ပုံနှိပ်မှုက ပုံနှိပ်အက်ဥပဒေက - ရ-နှစ် ။ စာအုပ်ဖြန့် မှုက နောက်ထပ် - ရ-နှစ် ။ ပေါင်း ၁၄ - နှစ်ပါ ။

ကျနော်တို့ တကယ်ဖြန့် ခဲ့တာက ဒီစာအုပ်မှ ဒီစာအုပ်ပါဗျာ ။ ဟိုကျနော်ပြောတဲ့ စာဆောင်ဆိုတာ တကယ်မရှိသောအရာပါ ။ အခုထိမရှိပါဘူး ။

ကျနော်မလိမ်တတ်ပါဘူး ။ မလိမ်ပါဘူး ။ တသက်မှာ ဒီတခါလိမ်လိုက်ရတာ ဘ၀မှာ အလွန်အရသာရှိသော လိမ်ခြင်းပါ ။ သူတို့ဘာလုပ်ရမှန်းမသိတော့ဘူး ။ ကျနော့်ကို စစ်ကြောရေးပြိးစ နျစ်ပတ်လောက်မှာ အရာရှိနှစ်ဥိးလာဆွေးနွေးတုံးက အစိုးရကိုအကြံပေးလုပ်ပေးရင် လွှတ်ပေးမယ် ။ ကျနော်တောင်းဆိုချက် နိုင်ငံသားတွေ တနေ့ အနိမ့်ဆုံးလုပ်ခ တနေ့  - ၃.၀- ဒေါ်လာ ရအောင် ပန်းတိုင်ထားရေး မှာ သဘောမတူနိုင်တော့ ခင်ဗျား ကျနော်တိုခေါ့်တာ လုက်ခဲ့ပါ ။ ခင်ဗျားမိသားစုအရေးသာ စဉ်းစားပါ ။ ခင်ဗျားခေါင်းအုံး သူများအုံးသွားမယ်ပေါ့ ။ ခင်ဗျားကို ချမဲ့အမှုက အနှစ်လေးဆယ်အောက် မယိုဘူးနော်တဲ့ ။


နောက်တမှုက အခု ကိုမင်းကိုနိုင်တို့ နဲ့ တတိယအကြိမ် ထောင်ပြန်ကျတဲ့ ( မားကီ @ ကိုကျော်ကျော်ထွေး ) တို့ ကျောင်းသားအ်ုပစုနဲ့  တွဲထားတဲ့အမှု ။ အဲဒါလဲ သူတို့ဖြန့် တဲ့ အစိုးရဆန့် ကျင်ရေးစာရွက် ။ အဲဒါလဲ အခုဖြန့် တဲ့စာရွက်မှာ ကျနော်မပါဘူး ။ ကျနော်ဖြန့် မှာက နောက်အခုရေးထားပြိးပြီ မရှုက်ရသေးဘူးပေါ့ ။ ဟိုကလဲဟုတ်ပါတယ်ပေါ့ ။ လွတ်ပြန်ကော ။ သူတို့ ကို ၁၃- နှစ်မောင်းလိုက်တာပါ ။


သူတို့ က တရားသူကလဲ ဟန်ပြပါ ။ တရားသူကြိးတွေက ကျနော်တို့ က စိုက်ကြည့်ရင် ကျနော်တို့ မျက် လုံးဒါဏ်ကို ရင်မဆိုင်ရဲရှာဘူး ။ မျက်နှာလွှဲလွှဲနေရရှာတာ ။ တရားသူကြိးမင်းကို သနားတောင်သနားသေးတယ် ။ သူတရားစီရင်ခဲ့တာ ဒီမိုကရေစီရရင် ပြန်ခေါ်ပြိး ပြန်စစ်ခိုင်းရင် ထိုင်ငိုရှာရမှာပါ ။

ခင်ညွှန့် ရုံးက ရေးပေးထားတာလေး ဖတ်နေရတာပါ ။ အဲဒီတော့ကျနော်က ဗြောင်လိမ်လိုက်တော့ သူလဲဘာလုပ်ရမှန်းမသိတော့ဘူး ။ အမှုတွဲတွေကလဲ တခြားအမှုတွေတွေက တပြုံကြိး ။ အားလုံးနောက်တပတ် ရုံးချိန်းမှာ အမိန့် ချရတော့မှာ ။

( ၁၂ ) အမိန့် ချမှုအတိုင်းအတာ ၅ /ည တွေကို အမှုအတွက် အမိန့် ချရင် တရားသူကြိးက တကယ်တော့ သူဘာမှ ကိုယ်ပိုင်ဆုံးဖြတ်ရတာမဟုတ်ပါဘူး ။ ခင်ညွှန့် ရုံးကပေးလာတဲ့  ချိတ်ပိတ်ထားတဲ့  စာအိတ်လေးဖေါက်ပြိး ဖတ်ပေ့းရရှာတာပါ ။

အမိန့် ကလဲ ဥပမာ ဥပဒေထဲမှာ ဆိုထားတာ ယခုပြစ်ဒါဏ်အတွက် အနိမ်ဆုံး ထောင်ဒါဏ် - ၃- ကနေ အမြင့်ဆုံး ထောင်ဒါဏ် - ရ- နှစ် အထိချမှတ်နိုင်သည် လို့  ဆိုထားရင် ၅ / ညတွေဟာ ဘယ်တော့မှ အနိမ့်ဆုံး ဒါဏ်ကို ခံစားခွင့်မရှိပါဘူး ။ အမြင့်ဆုံးဒါဏ်ကိုသာချမှတ်ပါတယ် ။

1 comment:

  1. ဆရာ ရဲ့ စာတွေကို ဆူနာမီ-စစ်ကိုင်းကောင်းမူတော် ဆောင်းပါးက စပြီး ဖတ်ဖူး တာပါ... နောက်ပိုင်းမပြတ်တမ်းဖတ်ပြီး အားပေးနေသူ ပါ.. အဲဒီ့ အရင် ရေးခဲ့တာတွေ ရှိရင် လဲ ဖတ်ရူ့မှတ်သား လိုပါသေးတယ်..ဘယ်သူဘာပြောပြော စာထဲက ဆရာ့ ရဲ့ စေတနာကို မြင်နေရလို့ ဆက်လက်အားပေးသွားမှာ ပါ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.