Sunday, May 8, 2011

0 စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ



စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ
      အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။
      ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။






ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.