Tuesday, May 10, 2011

0 ပြည်သူ့ ခရီးကြမ်း


ပြည်သူ့ ခရီးကြမ်း

သံတိုင်အထပ်ထပ်
သော့ နဲ့ ခတ်လည်း
မင်းခွန်မင်းအား
စိတ်ဓာတ်များက
သွေးတို့ ရဲနီ
တာဝန်ကြေခဲ့ ပြီ......။

ယုတ်ရင်းကြမ်းတမ်း
အာဏာရှင်ရဲ့ 
ငရဲခန်းမှာ
နှိပ်စက်ညှဉ်းပမ်း
ပြည်သူတွေအတွက်
ခရီးလည်းပမ်းခဲ့ ပြီ....။

မင်းရဲ့ စိတ်ဓာတ်
ဆုံးဖြတ်ချက်က
နိုင်ငံအရေး
ကိုယ်အရေးလို
အနစ်နာခံ
ဇွဲသန်သန်နဲ့ 
ပြည်သူထဲကတစ်ယောက်
ရဲရဲတောက်တောက်ခဲ့ ပြီ....။

မင်းရဲ့ တိုက်ပွဲ
မပြီးသေးလည်း
မျက်နှာအဟောင်း
အသစ်တစ်ယောက်
ပြောင်းခဲ့ ပြီ.....။

အာဏာရှင်
တစ်ယောက်ပြီးတစ်ယောက် ရဲ့ လက်ထဲ
တိုင်းပြည်လည်းမွဲခဲ့ ပြီ.....။

တို့ ရဲတိုက်ပွဲ
ရှေ့ ဆက်နွဲရန်
မင်းရဲ့ ဆန္ဒ
ထက်တူကြအောင်
တို့ ကြိုးစားနေတယ် သူငယ်ချင်း....။


ကိုမိုးဟိန်း (နိုင်ငံရေး တက်ကြွလှုပ်ရှား သူ လူငယ်တစ်ဦး )

-နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုကြည်ဖြူအတွက် ဂုဏ်ပြုကဗျာ ။

ပေးပို့သူ....KHIT NAY

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.