Wednesday, May 11, 2011

0 အ၀င်နဲ့အထွက်


ပုဂံစာအုပ်တိုက်က ထုတ်ဝေသည့် မြန်မာပြည်မြောက်ပိုင်း စာအုပ် ဖြန့်ဝေခြင်း အခမ်းအနားတွင် တွေ့ရသည့် နတ်နွယ်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ပါရဂူ။


အ၀င်နဲ့အထွက်

ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသူများရှိသလို၊ ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွာသွားသူများ သည်လည်း ဒုနဲ့ဒေး။ ကမ္ဘာမြေပြင်ပေါ်တွင် ရောက်ရှိပြီး သံသရာတွင်ကျင်လည် ကျက်စားကြရင်း သက်တမ်းမကုန်မီစပ်ကြား ပြန်လည်ထွက်ခွာသွားသူတို့သည်လည်း ဒုနဲ့ဒေး။

၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ မဟာဆွေလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားသော စာရေးဆရာကြီး နတ်နွယ်(ခ) ဦးလှမြင့် အသက် (၇၈)နှစ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သော ရုပ်ကလပ် (အလောင်း) အား သယ်ဆောင်ကာ ရေဝေသုဿန်အအေးခန်းသို့ နေ့လည် (၂း၀၀) နာရီတွင် ပို့ဆောင်ပေးခဲ့သည်။

ယင်းနေ့ ၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင်လည်း ရေဝေးသုဿန်၌ ၁၁.၁.၂၀၁၁ နေ့တွင် ကွယ်လွန်သွားပြီဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ဇနီး ဒေါ်ချိုချိုရီ အသက် (၅၉) နှစ်၏ ဈာပနအခမ်းအနား ကျင်းပချိန်လည်း ဖြစ်သည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များဖြင့် စည်ကားစွာ ဒေါ်ချိုချိုရီ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဆရာ နတ်နွယ်သည် ရေဝေးသုဿန်အအေးခန်းသို့ အ၀င်၊ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ မဟေသီ ဒေါ်ချိုချိုရီသည် ရေဝေးသုဿန်ခန်းမမှ အထွက်ပင် ဖြစ်တော့သည်။
ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.