Tuesday, May 10, 2011

0 ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်နှင့်ဂျာနယ်လစ်များ၏ လုံခြုံရေး(ပြည်သူ့ခေတ်ဂျာနယ်မှ)


ငြိမ်းဆက်လင်း(မြစ်မခ)

`ဂျာနယ်လစ်ဘ၀မှာ အရေးကြီးဆုံးက မိမိရဲ့လုံခြုံရေးပါပဲ၊ ဘယ်သတင်း ဘယ်သတင်းဓါတ်ပုံကမှ ကိုယ့်အသက်နဲ့ ဘ၀လောက်အရေးမကြီးဘူး`

၁၀ စုနှစ်တစ်ခု ကျော်ဖြတ်ပြီးမှ သိခဲ့ရသည်ကတော့ ကျွန်မ၏ လေ့လာအား အားနည်းခြင်းကြောင့်လည်း ဖြစ်မည် ထင်သည်။မေလ ၃ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်ရှိသောနေ့ဖြစ်ကြောင်း သိခဲ့သည်မှာ သိတ်မကြာလှသေးပါ။ သတင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း လုပ်သက်
ဘ၀နှင့် အသက်ကိုတောင် ပေးဆပ်ရင်းနှီးခဲ့သော သတင်းသမားတွေလည်း ရှိကြောင်း ထိုအခါကျမှ သိခဲ့ရပါသည်။ ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို သတ်မှတ်ထားကြောင်း သတင်းလွတ်လပ်ခွင့်နည်းပါးသော နိုင်ငံပေါင်းများစွာ ယနေ့ကမ္ဘာတွင် ရှိနေဆဲဖြစ်ကြောင်း သိခဲ့ရသည်က ၂၀၀၇ ခုနှစ် နှစ်ကုန်ခါနီးမှ ဖြစ်သည်။ သတင်းအတွက်
ဒီကနေ့ခေတ်ကမ္ဘာတွင် စစ်ပွဲသဘောသဘာဝ နည်းပါးသွားသော်လည်း အကြမ်းဖက်ခြင်းများ၊ အကြေမ်းဖက် တိုက်ခိုက်ခြင်းများရှိနေသည့်အတွက် ထိုအကြမ်းဖက်ခြင်းများအား လူသားတို့ ခါးသီးစွာ ရင်ဆိုင်နေကြရသည်။ ထိုထဲတွင် သတင်းထောက်များလည်း အပါအ၀င်ဖြစ်လာခဲ့သည်။ သတင်းထောက်တို့သည် မိမိတို့ပြည်သူအတွက်၊မိမိတို့ ပရိတ်သတ်များအတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ကြရရင်း သေဆုံးနေသော သတင်းထောက်များမှာ နှစ်စဉ်တိုးလာခဲ့သည်။

၂၀၀၈ ခုနှစ်၊ အီရတ်တွင် သတင်းထောက် ၁၅ ဦးသေဆုံးခဲ့ရပြီး၊ပါကစ္စတန်တွင် သတင်းထောက် ၇ဦး၊ ဖိလစ်ပိုင်တွင်း သတင်းထောက် ၆ဦး၊ မက္ကဆီကိုတွင် သတင်းထောက် ၄ ဦးတို့ အသက်ပေးခဲ့ရပြီး သတင်းထောက်ပေါင်း ၆၇၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

အဆိုပါ စစ်တမ်းများအရ အီရတ်တွင်သေဆုံးခဲ့ရသော သတင်းထောက်များမှာအများဆုံးဖြစ်ကြောင်း တွေ့မြင်ရပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အီရတ်နိုင်ငံတစ်ခုတည်းတွင် သေဆုံးခဲ့ရသော သတင်းထောက်ပေါင်း ၂၅၀ ကျော်ခန့်အထိ ရှိနေပြီး အများစုမှာ အကြမ်းဖက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ( Committee to Protect Journalists )မှ စစ်တမ်းအရ နှစ် ၂၀ အတွင်း ဂျာနယ်လစ်ပေါင်း ၈၆၁ ဦးသေဆုံးခဲ့ရပြီး၊ ထောင်နှင့်ချီသော ဂျာနယ်လစ်များ ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းတို့၏ မှတ်တမ်းဖော်ပြချက်များ သိရှိရပါသည်။`ဂျာနယ်လစ်ဘ၀မှာ အရေးကြီးဆုံးက မိမိရဲ့လုံခြုံရေးပါပဲ၊ ဘယ်သတင်း ဘယ်သတင်းဓါတ်ပုံကမှ ကိုယ့်အသက်နဲ့ ဘ၀လောက်အရေးမကြီးဘူး`ဟု စီနီယာဂျာနယ်လစ်များ၊ အယ်ဒီတာများက သတင်းသွားယူကြမည့် သတင်းသမားများအား ဘယ်လောက်ပင် မှာကြားထားခဲ့ပါစေ။ သတင်းထောက်များအနေဖြင့် သတင်းရရှိနိုင်ရေးအတွက်၊ သတင်းဓါတ်ပုံရရှိရေးအတွက်ဆိုလျှင် ကိုယ့်ကိုယ်ကိုပင် မေ့လျော့ပြီး သတင်းယူတတ်ကြမြဲဖြစ်သည်။ ထို့ကြောင့်လည်း သတင်းထောက်တို့မှာ သတင်းယူရင်းနှင့်ပင် သေဆုံးခြင်း၊ ဖမ်းဆီးခံကြရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ကြခြင်းဖြစ်ပါသည်။

ပြီးခဲ့သော ဧပြီလ ၂၀ ရက်နေ့က လစ်ဗျားတွင် ဓါတ်ပုံဂျာနယ်လစ် တင်ဟီသာရင်တန်နှင့် ဆုရဓါတ်ပုံဆရာ ခရစ်ဟွန်ဒရိုတို့ သေဆုံးခဲ့ကြကြောင်း စိတ်မကောင်းဖွယ်ရာ၊နှမျောဖွယ်ရာ သိခဲ့ရသည်။

ဟီသာရင်တန်နှင့် ဟွန်ဒရိုတို့သည်လည်း စစ်မြေပြင်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး မည်သို့ သတင်းယူရမည်ကို သိရှိထားကြသော အတွေ့အကြုံရှိထားသူများဖြစ်သည်။ သို့သော်လည်း သတင်းထောက်များမှာ လက်နက်မရှိ၊ ကျဉ်ကာ အကျီာင်္မ၀တ်သော အကာကွယ်မဲ့သူများသာ ဖြစ်ကြပြီး သတင်းဖော်ထုတ်နိုင်တင်ပြနိုင်ရေးအတွက် အချိန်မရွေး အသက်စွန့်ရဲသူများလည်း ဖြစ်ကြောင်း သိရသည်။ လစ်ဗျားတွင် ထိုသတင်းသမားနှစ်ဦးအပြင် အယ်လ်ဂျာဇီးယားမှ ဓါတ်ပုံဆရာတစ်ဦးနှင့် လစ်ဗျားရုပ်သံ Al-HurraTV မှ သတင်းထောက်တဦး သေဆုံးခဲ့ကြောင်း CPJ၏ မှတ်တမ်းဖော်ပြချက်များအရသိရပါသည်။

ယနေ့ နိုင်ငံတကာတွင် သတင်းလုပ်ငန်းများ အား လုပ်ကိုင်ဆောင်ရွက်နေကြသော ဂျာနယ်လစ်များအား အမျိုးအစား ခွဲခြားသတ်မှတ်ကြည့်ပါက ၁၂ မျိုးနီးပါးခန့်ရှိကြောင်း တွေ့မြင်ရပါသည်။ အထွေထွေသတင်းထောက်(General)။ စီးပွားရေးသတင်းထောက်(Business and Eco)၊ နိုင်ငံရေးသတင်းထောက်(Politic)၊မှုခင်းသတင်းထောက်(Crime)၊အားကစားသတင်းထောက်(Sport)၊သိပ္ပံနည်းပညာနှင့်စက်မှုလက်မှုသတင်းထောက်(Hightech)၊အင်တာနက်သတင်းထောက်(Citizen)၊စစ်သတင်းထောက်(WarCorrespondent)၊အလွတ်တန်းသတင်းထောက်(Freelance)၊အစိုးရသတင်းထောက်(Sturff))၊အနုပညာရေးရာသတင်းထောက်(POP)နှင့်လူမှုရေးအဖွဲ့အစည်းများနှင့်သဘာဝကပ်ဘေးအန္တရာယ်ဆိုင်ရာသတင်းထောက်(Social )တို့ဖြစ်သည်။ ထိုဂျာနယ်လစ်များတွင် မည်သည့်အမျိုးအစားကတော့ အန္တရာယ်အကင်းဆုံး ဖြစ်သည်ဟု တစ်ထစ်ချ ယူဆလို့မရနိုင်ကြောင်းလည်း တွေ့မြင်ရသည်။ အခြေအနေ၊ အချိန်အခါနှင့် မိမိလိုက်နေသော သတင်းပေါ်တွင် မူတည်ပြီး ဂျာနယ်လစ်များ အန္တရာယ်ရှိနေကြခြင်းဖြစ်သည်။

ကမ္ဘာကြီးအတွက် လူသားများအတွက် အမှန်တရားအတွက် ဖော်ထုတ်လုပ်ကိုင်နေကြသော ဂျာနယ်လစ်များအဖို့ မသမာသူများ၊ အမှန်တရားကို ဖုံးကွယ်လိုသူများ၊ အကြမ်းဖက်လိုသူများ၏ ရန်သူ၊ပစ်မှတ်များ ဖြစ်နေဦးမှာပဲ ဖြစ်သည်။ ထို့ကြောင့်လဲ ဂျာနယ်လစ်များအပေါ်တွင် တိုက်ခိုက်မှုများ၊ ဖမ်းဆီးခြင်းများ၊ လက်သည်မပေါ်ပဲ သတ်ခြင်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်အတွက် အခြား စိတ်မကောင်းစရာ သတင်းတစ်ခုမှာ Freedom Hourse မှာ ထုတ်ပြန်လိုက်သော စစ်တမ်း၏ အဖြေရလဒ်ပင် ဖြစ်သည်။

ကမ္ဘာ့မီဒီယာညွှန်းကိန်းတွင် နိုင်ငံနှင့် နယ်နမိတ်ပေါင်း ၁၉၆ ခုပါရှိပြီး ထိုထဲမှ နိုင်ငံပေါင်း ၆၀ ကျော်ခန့်ကသာ လွတ်လပ်သော မီဒီယာများရှိနေသည်ဟု ဖော်ပြပါရှိခဲ့သည်။ အီဂျစ်၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊မက္ကဆီကို၊ တောင်ကိုရီးယား၊ထိုင်း ၊ယူကရိန်းစသည့်နိုင်ငံများတွင် မီဒီယာလွတ်လပ်ခွင့်မှာ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံအချို့မှာ ဆက်သွယ်ရေးမီဒီယာ အသစ်ဖြစ်ကြသော ဂြိုလ်တု စလောင်း၊ အင်တာနက်၊ တယ်လီဖုန်းစသည့် များကို ထိန်းချုပ်နေကြောင်း ပါရှိခဲ့သည်ကို တွေ့မြင်ရသည်။

ကမ္ဘာနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး၊ လူသားချင်း စာနာထောက်ထားရေးစသည်တို့ကို အခြေခံပြီး လုပ်ဆောင်ကြသူများသာ ဖြစ်သည်။ သတင်းလုပ်ငန်း၊ သတင်းအချက်အလက်ပေးခြင်းလုပ်ငန်းတို့မှာ လူသားတို့ အမြင်အကြားတို့အား သိသာကျယ်ပြန့်စေရန် ဆောင်ရွက်ပေးရသော လုပ်ငန်းမျိုးဖြစ်ပြီး။ ဂျာနယ်လစ်များသည်ကလည်း

ထိုလုပ်ငန်းများအားပိတ်ပင် တားဆီးခြင်းဆိုသည်မှာ လူသားအခွင့်အရေးကို ချိုးဖောက်ရုံသာမက လူသားရန်သူ၊ ကမ္ဘာ့ရန်သူအဖြစ်ပင် သတ်မှတ်လိုက်သင့်ကြောင်း ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ရှိသော နိုင်ငံများနှင့် ဂျာနယ်လစ်များကလည်း ဝေဖန်ထောက်ပြလျက်ရှိကြောင်း သိရှိရသည်။

Ref: Freedom House,CNN,Internet,AFP,Reuters.

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.