Wednesday, May 11, 2011

0 လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးအားမျက်နှာလိုမျက်နှာရပြုလုပ်၍ သကြားစက်ရုံဝန်ထမ်းများအားမတရားခိုင်းစေနေ

ကျွန်တော်က ပျဉ်းမနားမြို့အရှေ့ဘက် အမှတ်(3)သကြားစက်ဝန်ထမ်းတစ်ဦးပါ။
ကျွန်တော်ကိုအကူအညီလေးတစ်ခုလောက်ပေးပါ..

ကျွန်တော်တို့သကြားစက်ဝန်ထမ်းများအားလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၏ ကြံစိုက်ခင်းဧက 50 လောက်နေ့တိုင်း ကြံခင်း ဘောင်လုံး ပေါင်းရှင်း ၊ မြက်နုတ်၊ စိုက်ခင်းအတွက် မြေသြဇာ များ အား ကိုက်၂၀၀ အကွာအဝေးသို့ ထမ်း၍ သယ်ခိုင်းခြင်း ၊စသည်များကိုနေ့စဉ်ရက်ဆက် ခိုင်းစေနေပါသည်။သို့သော် ၀န်ကြီးဖြစ်သူမှာ သူ၏ကိုယ်ပိုင်စိုက်ခင်း ကို ယခုလို ၀န်ထမ်းများကို မတရားခိုင်းစေနေခြင်းကို မသိပါ။

တစ်နေ့က ၀န်ထမ်းတွေ ကြံခင်း လုပ်အားပေးနေ ခိုက် ၀န်ကြီး ရောက်ရှိလာသောအခါ ၀န်ကြီးမမြင်စေရန် ၀န်ထမ်းများအား ပြေး၍ ပုန်းခိုင်းပါသည်။

ဝန်ထမ်းများသည် စနေ တနင်္ဂနွေ မရှောင် မနက် အစော ညမိုးချုပ် မရှောင် နေ့စဉ်ရက်ဆက် အလကား ကိုယ့်ထမင်းကိုစား ကိုယ့်ရေဗူး ကိုယ်သောက် အလုပ်လုပ်ပေးနေရပါသည်။

ဤသို့လုပ်နေရခြင်းမှာ ၀န်ကြီးကမသိပါ.ဒု MD မှ ရုံးချုပ်မှ ခိုင်းစေနေခြင်း မျက်နှာလုပ်နေခြင်း ဖြစ်ပါသည်။

နောက်ပြီး ကျွန်တော့ အမှတ်(၂) အမှတ်(၃) သကြားစက်ဝန်ထမ်းတွေဟာ ရုံးတက်ချိန် မနက် ၈း၀၀ နာရီး မှ ညနေ ၄း၃၀ ထိ အလုပ်ဆင်းရပါတယ်။

ဘယ်အစိုးရ၀န်ထမ်းမဆို နက် ၉း၃၀ မှ ၄း၀၀ နာရီ အလုပ်ဆင်းချိန်ဖြစ်ပါသည်။
ကျွန်တော် အဲဒါကိုလည်း ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labor Organization)ကို တိုင်ကြားချင်ပါတယ်..အားလုံးသိအောင်ဖော်ပြပေးစေလိုပါတယ်....

ပျဉ်းမနားမြို့အရှေ့ဘက် သကြားစက်ဝန်ထမ်းတစ်ဦး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.