Monday, May 2, 2011

0 မြန်မာပြည်ကဘင်လာရွှေ မသေသေးပါ။



၂၀၀၁ စက်တင်ဘာ ၁၁ ရက် အမေရိကမြေပေါ်တွင် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးကို နောက်ကွယ်မှ စီစဉ်ညွှန်ကြား ခဲ့သူ အိုစမာ ဘင်လာဒင် ကိုအမေရိကန်တပ်များက ပါကစ္စတန်တွင် သတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ အိုဘားမားက တနင်္ဂနွေနေ့ညတွင် အိမ်ဖြူတော်မှ အတည်ပြု ပြောဆိုလိုက်သည်။

အိုဘားမားက “အယ်လ်ကိုင်ဒါ အကြမ်းဖက်တွေကို ဖြိုခွင်းဖို့ ကျနော်တို့ နိုင်ငံရဲ့ ကြိုးပမ်းနေမှုအတွက် ဘင်လာဒင် သေဆုံးမှုဟာ အရေးပါတဲ့ အောင်ပွဲနေ့ရက်ပါပဲ။ ကျနော့်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ အမေရိကန် တပ်ဖွဲငယ်တစ်ဖွဲ့က အစ္စလာမဘတ် မြို့တော်မှ ကီလိုမီတာ ၅၀ အကွာရှိ အဘော့တ်တာဘဒ်မြို့ရှိ အိမ်ကြီးတစ်လုံးကို ထူးခြားတဲ့ ရဲဝံ့စွန့်စားမှုတွေနဲ့ ၀င်ရောက် တိုက်ခဲ့ပါတယ်။ အမေရိကန် တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိပါဘူး။ အရပ်သား သေဆုံးမှုကို ဂရုစိုက် ရှောင်ရှားနိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ အိုစမာ ဘင်လာဒင် သေဆုံးခဲ့ပြီး၊ သူ့အလောင်းကို ရထားပါတယ်” ဟု ကြေငြာ ပြောဆိုခဲ့သည်။

ကြေငြာပြီး တနင်္ဂနွေနေ့ည အိမ်ဖြူတော်ပတ်လည်တွင် လူရာချီ စုဝေးကြပြီး USA! USA! ဟု ၀မ်းသာအားရ အော်ဟစ်ခဲ့ကြသည်။ တကမ္ဘာလုံးရှိ အမေရိကန် သံရုံးများနှင့် နိုင်ငံသားများကိုလည်း လက်တုံ့ပြန်မှုများ ဖြစ်လာနိုင်ကြောင်း အမေရိကန် အစိုးရက အရေးပေါ် သတိပေးထားသည်။

အမေရိကန်များကို ထိတ်လန့် ကြောက်ရွံ့စေပြီး၊ ညပေါင်းများစွာ အိပ်မပျော်နိုင်အောင် ဒုက္ခအဖုံဖုံ ပေးခဲ့တဲ့ အိုစမာဘင်လာဒင်မှာ ဆယ်စုနှစ် တစ်ခုကြာအောင် စီအိုင်အေနှင့် အမေရိကန်တပ်များရဲ့ လိုက်လံခံရပြီး နောက်ဆုံး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သမ္မတ အိုဘားမားက “တရားမျှတမှုဟာ အဆုံးတော့ ရောက်လာရတာပါပဲ” ဟု ပြောဆို ခဲ့သည်။
စာစု(မောက္ခ နိုင်ငံတကာသတင်း )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.