Tuesday, May 3, 2011

0 မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးဖို့


သို့ ဥက္ကဋ္ဌ

ပြည်ခိုင်ဖြိုးပါတီ

အကြောင်းအရာ။ ။မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးပါ။

မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်းရပ်ကွက်၊ဖောင်တော်ဦးဘုရားလမ်းမကြီး ပေါ်တွင်တည်ရှိနေသော ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်းဝင်း ရှိနေပါသည်။ထိုကျောင်းဝင်းအတွင်း၌ ဘုန်းတော်ကြီးသင် စာသင်ကျောင်း အားလွန်ခဲ့သော ၁၀နှစ်ခန့်မှ၍ ကိုယ်ထူကိုယ်ထ ကြိုးစားရပ်တည်၍ ဒေသခံ ကလေးသူငယ်များ၏ အခြေခံပညာရေးအား မြင့်မားနိင်ရန် ဆောင်ရွက်ခဲ့ပါသည်။၂၀၀၇ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ဦးစီးကာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရာ ဒေသခံကလေးသူငယ်များ ပိုမိုအဆင်ပြေစွာ စာသင်ကြား လာနိင်ခဲ့ပါသည်။သို့သော် ယခုနှစ် စာသင်နှစ်တွင်မူ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ ပဒေသာပင် အလှူငွေ ၁၂သိန်းကျော်အား ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးမှ ထုတ်ယူသုံးစွဲသွားသဖြင့် အခက်အခဲများ ကြုံတွေ့နေရပါသည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးဆိုသူမှာ ချဲနှစ်လုံးထီဖြင့်တရားမ၀င်စီးပွားရှာခဲ့ရာမှ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒမဲကာလသြဂုတ်လ (၂၉)ရက်နေ့ မဲရုံဝင်းအတွင်း၌ မဲရေတွက်မှု့လေ့လာရန်ရောက်ရှိလာသော NLDလူငယ် အဖွဲ့ဝင်ဟောင်း ကိုအေးသောင်း ဆိုသူအား လက်စွမ်းပြထိုးကျိတ်ခဲ့သဖြင့်အမှု ရင်ဆိုင်ဖြေရှင်းခဲ့ရခြင်း၊ နိင်ငံရေး အင်အားစုများအား အကြမ်းဖတ် ဖြေရှင်းရန် ကြိုးစားလေ့ရှိခြင်း၊ ညစဉ် ဖောင်တော်ဦးဘုရားလမ်းမကြီးပေါ်ရှိ တံတားပေါ် တွင်အရက်ဝိုင်းဖွဲ့၍ လူမိုက် လက်သက် မွေးကာ ပါတ်ဝန်းကျင်အား အစဉ်ထိတ်လန့် နေစေပါသည်။ ယခု၂၀၁၁ခုနှစ်တွင်မူ ဓမ္မလင်္ကာရဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ပဒေသာပင်အလှူငွေများ အား!!!ငါ့အဖေ ဦးဌေးဦးဟာငါသုံးတယ်ဆို၍ ထုတ်ယူသုံစွဲသွားကြောင်း ၂၀၁၁ခုနှစ်၊ဧပရယ်လ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့ တွင် မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းမှတ်တိုင် မဟာနွယ်လက္ဘ်ရည်ဆိုင်တွင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ တာဝန်ခံဆရာတော် ဦးဝရသာမိမှ ဒကာများအားပြောနေသည်ကို ကြားသိ ခဲ့ရပါသည်။ဦးဝရသာမိမှာ သက်ဆိုင်ရာသို့လဲ မတိုင်ရဲ၊(ကိုစန်းထွေးဆိုသူမှာ မြို့နယ်အာဏာပိုင်များ၏ အထူးအရေးပေးခြင်း ခံရသူဖြစ်ပါသည်။)ယခုနှစ် စာသင်နှစ် တွင်ကျောင်းလေး၏ ဖြစ်လာနိင်မည့်အခက်အခဲများအတွက်လဲ သောကကြီးစွာ ရောက်နေရသည်ကို ကြားသိရသဖြင့် အထူးပင် စိတ်မကောင်း ဖြစ်မိကာ ဒေသခံကလေးသူငယ်များ၏ ပညာရေးတွင် ထိခိုက် နှောင့်နှေး သွားမည်ကို မဖြစ်စေလိုခြင်း၊မူလစတင်ခဲ့သော ပြည်ခိုင်ဖြိုး၏မွန်မြတ်သောကျောင်းအလှူအား ယုတ်ညံ့သော စည်းရုံးရေးမှူးနှင့် အပေါင်းအပါများကြောင့် တာဝန်ရှိ လူကြီးမင်းများနှင့်ပြည်ခိုင်ဖြိုးဝင်များအား ပြည်သူလူထုမှ ယုံကြည်မှု မပျက်စေရန် အမြန်ဆုံးဆောင်ရွက် ဖြေရှင်း ပေးစေလိုပါသည်။ တရားဥပဒေအထက်တွင်မည်သူမှမရှိနေရဟုဆိုသော်လည်းမြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း ရပ်ကွက် ဖောင်တော်ဦးဘုရားလမ်းမနှင့်အနီးတစ်ဝိုက်နေထိုင်သူများမှာဖြင့်တရားဥပဒေထက်ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးကို သာကြောက်လန့်ရွံ့ရှာနေရပါသဖြင့်တာဝန်ရှိလူကြီးမင်းများမှအမြန်ဆုံးအဖြစ်မှန်ကိုဖြေရှင်းပေးရန်နှင့် စည်းရုံးရေးမှူး ၏ ရမ်းကားစွာပြုမူ ပြောဆို လုပ်ကိုင်နေမှုများအား စစ်ဆေးဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ကိုစန်းထွေးဆွေးမျိုးသားချင်းများနှင့် နောက်ပါ လူမိုက်များမှလွဲ၍ ဓမ္မလင်္ကာရကျောင်းဝင်းအတွင်းမှ သံဃာများအား ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးအကြောင်းအား အဖြစ်မှန် သိရှိ စုံစမ်းနိင်ပါသည်။ ယခုကဲ့သို့ကျောင်းပဒေသာပင်အလှူငွေများအား ကိုစန်းထွေးမှ ယူငင်သုံးစွဲထားသည်ကို ဒေသခံပြည်သူများမှ အားလုံး မသိရှိခင်အမြန်ဆုံး ဖြေရှင်းပေးစေလိုပါသည်။ဖြစ်စဉ်အား ဓမ္မလင်္ကာရကျောင်းဝင်းအတွင်းမှ သံဃာတော် အရှင်သူမြတ် တစ်ပါးမှ ကိုယ်တိုင်ကိုယ်ကျပြောဆို အသိပေးလာပါသည်။

တရားဥပဒေ ခိုင်မာရေးနှင့်ငြိမ်းချမ်းရေးကို လိုလားကာ ဗမာ့ပညာရေးအားမြင့်မားစေရန်အစဉ်လိုလားသော
မြောက်ဥက္ကလာပမြို့နယ်ဒေသခံရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် ဗမာ့ကျောင်းသားလူငယ်များ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.