Tuesday, November 6, 2012

0 တော်ဝင်သစ်အချောထည် စက်ရုံ က အလုပ်သမားတွေ ဘာ့ကြောင့် ပေါက်ကွဲမှု ကြီးမားလာလဲ ?

အဲဒီလို ထိခိုက် ဒဏ်ရာရ သူပေါင်း မြောက်များစွာကို တစ်ခါမှ မစောင့်ရှောက်ခဲ့တဲ့ တော်ဝင် သစ်အချောထည်စက်ရုံ က ပြဿနာ အမှန်တရား ဖက် မှာ အဆုံးအဖြတ်ရှိမရှိ နဲ့  -- အပြောင်းအလဲ ကို ဦးတည်နေတဲ့ သမ္မတကြီးနဲ့  ပြောင်းလဲစေ့ချင်သူတွေ သိစေဖို့ 

အခြေခံ နေ့  လုပ်ခ ၂၀၀၀ ကျပ် ၃၀၀၀ကျပ်နဲ့  နေ့ စား အပတ်ရှင်း နဲ့  အလုပ်သမားတွေ ခေါ်ပါတယ် တချို့ ဆို လုပ်သက် ၁၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ ပါမစ်နစ်မရှိ တနေ့ လုပ်မှ တနေ့ စားရတယ် ။ ၂၀၀၀ နဲ့  ခန်တော့ စက်ရုံအလုပ်မို့  သစ်ရွေး - ကော်ပတ်စား-ကျောက်ပြားကပ် လေးတွေအတွက်ရုပ်ရည်အသင့်အတင့်မိန်းကလေးတွေ ချောချောမောမောငယ်ငယ်ရွယ်ရွယ်လေးတွေ က အစ ၀င်လုပ်ကြတဲ့ အခါ --အလုပ်ဆင်းဆဲမှာပဲ ဆယ်ဘီးကား ကုန်တင် သစ်တင်ကားကြီးတွေ နဲ့ အပြင်ဆိုင်းအတွက် ခွဲဆင်းရတယ် ။

မိန်းကလေးတွေ ရထပ် အမြင့်ထိ ကျောက်ပြားသယ်ရတယ် ။ နောက်ဆုံး အပြင် ပန်း၇ံ သမား ပန်းရံ အလုပ်ကြမ်းအလုပ်လုပ်တွေ ခိုင်းလာတယ် --တကယ်ဆို တည်တည်ငြိမ်ငြိမ်ရှိချင်လို့  စက်၇ုံတွင်း ကို လုပ်ခ ၂၀၀၀ ကျပ်နဲ့ လုပ်ကြတာပါ ။ အပြင်မှာပန်ရံ လိုက်ဆင်းရင် မြေသယ်အုပ်သယ် -အဆင့်ပင် ၃၅၀၀ --၄၀၀၀ ရတာမို့  ၂၀၀၀ နဲ့ ခန့် ပြီး ခုလို ကြမ်းတမ်းစွာခိုင်းစေနေတာလည်း ပြဿနာကို စစေတဲ့ အဓိက
အချက်ပါ ။

စွပ်ကျယ် တီရှပ်ပါးပါးလေဒ အဖြူရောင် တော်ဝင်တံဆိပ်တပ်ထားတာကို ၂၀၀၀ ကျပ် နဲ့ ဝယ်ရတယ်

ဘောင်းဘီ ၃၅၀၀ နဲ့ ဝယ်ရတယ် ။ နှာခေါင်းပါးစပ် အကာအကွယ်ပစ္စည်း ၁၀၀ကျပ်နဲ့ဝယ်ရတယ် ။

ရွှေဝတ်ခွင့်မရှိဘူး ။ ဆံပင် ထောင်ခွင့် (ဂျယ်လိမ်း) ခွင့်မရှိဘူး ။ နားကပ်ဝတ်ခွင့် (ယောင်္ကျားလေး) ခွင့်မ၇ှိဘူး

မိန်းခလေး ဒေါက် ၁လက်မထက်ပိုတာစီးခွင့်မရှိဘူး ။ သူတို့ တံဆိပ်မတက်ရင် ၂ရက်ခ ဖြတ်တယ် ။

သကြားလုံးတစ်လုံးပါရင် လုပ်ခ ၂ရက်ခဖြတ်တယ် ။

ထိခိုက်ဒဏ်ရာရရင် အော်ခွင့်မရှိဘူး။

စတဲ့စတဲ့ မြောက်များစွာသော လူ့ အခွင့်အရေးချိုးဖောက်နေမှုတွေ ကြောင့် အလုပ်သမားတွေ အပင်းပမ်းအဆင်း၇ဲခံဆန္ဒပြနေတာကို ကျမတို့ မကြည့်ရပ်တော့ဘူး ဒါတွေ ကို ကျမ တို့ လက်ပိုက်ကြည့်မှာမဟုတ်ဘူးဆိုတာ သိစေအပ်ပါတယ် ။

စက်ရုံအမည် -TAW WIN FAMILY COMPANY / WOOD PRODUCT & FURNITURE FACTORY
ပိုင်ရှင်အမည် -- ဦးကိုကိုထွေး ဦးကိုကိုလေး
ထုတ်ကုန် -သစ်အချောထည်
အလုပ်သမားများတောင်းဆိုသည့်အချက် - (၁)စက်ရုံတွင်ရှိသောအလုပ်သမားများအားအပြင်ဆိုဒ်မပို့ ရ
(၂)အလုပ်သမားများ၏သဘောတူညီချက်မ၇ှိပဲ စည်းကမ်းချက်များအားမထုတ်ပြန်ရ
(၃)စက်ရုံအတွင်း ၀င်ခွင့်မပေးသောအလုပ်သမားများအား အွန်ဂျူတီပေးရနင့် လုပ်ခပေးရန် (လောလောဆယ်အပြင်ဆိုဒ်လျောက်ပို့ ထားခြင်း)
(၄)E-C စာချုပ် အမြန်ဆုံးချုပ်ဆိုပေးရန်
(၅) လူမှုဖူလုံရေးကပ်တစ်ပတ်အတွင်း အမြန်ဆုံးထုတ်ပေးရန်

ဤတောင်းဆိုချက်များကို မနေ့ ကအထိ အစိုးရပိုင်းမှ ၀င်ေ၇ာက်ရှင်းပေးသော်လည်း ညွှန်ကြားရေးမှုး မှ ဆုံးဖြတ်ပေးချက်ကို အလုပ်သမားများမှ လိုက်နာသော်လည်း အလုပ်ရှင်မှ လုံးဝမလိုက်နာခဲ့ပါ ။ဤသို ပြဿနာမျိုး သည် ယနေ့ ကာလတွင် မဖြစ်သင့်ကြောင်းခေါင်းမာနေသောအလုပ်ရှင် အား မိမိတို့ မှကြားဝင်စေ့စပ်ပါမည် ဟု ယနေ့  ကျမကိုယ်တိုင် သွားရောက် ဖိတ်ခေါ်ခဲ့သော်လည်း အသံပြန်မကြားရပါ ဤ အခြေအနေသည် အလုပ်သမားများက ဥပဒေချိုးဖောက်သည်လော အလုပ်၇ှင်မှဥပဒေချိုးဖောက်သည်လော ---

Ma May

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.