Sunday, November 4, 2012

2 “မြန်မာပြည်မှာ မမြင်ဖူးတဲ့ အထူးဆန်းဆုံးလမ်း”

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ မြို့အ၀င်အထွက်(၆)မိုင်ခရီး ကွန်ကရစ်ခင်း ကားလမ်းမကြီးတဲ့မြန်မာနိုင်ငံတနံတလျား ဘယ်မြို့ဘယ်ဒေသမှာမှ မမြင်ဖူးထူးဆန်းဖွယ် ကွန်ကရစ်ခင်း ကားလမ်းကို မြင်ရပါမယ်။ တံတားကို ကားဘီးနင်းဖို့ ခင်းထားတဲ့ သစ်သားခင်းပုံစံ ယခင်ကျောက်ခင်းမြေလမ်းပေါ်တွင် ဘယ်ညာနှစ်ဖက် ကွန်ကရစ်လောင်းထားတဲ့လမ်းကို တစ်ဖက်သုံးပေစီ။ အလယ်အလွတ်ထားပြီး နှစ်ပေခွဲခန့်ကွက်လပ်ထဲကို သဲမြေလောင်းထားပါတယ်။ လမ်းခင်းကွန်ကခရစ်ရဲ့ ထုအထူက ဆယ်လက်မခန့်ရှိပါတယ်။ ဒီလမ်းမျိုး၊ မြန်မာပြည် ဘယ်တိုင်းပြည်နယ်မှာမှ မမြင်ဖူးပါဘူး။

ဒီလမ်းကို ၂၀၁၂-ခု၊ January ၁၆ ရက်နာဂဒေသလေရှီးမြို့မှာ ကျင်းပတဲ့ နာဂရိုးရာပွဲတော်လာတဲ့ နိုင်ငံတော် ဒုတိယသမ္မတကြီးသီဟသူရတင်အောင်မြင့်ဦးက နာဂပွဲအပြန်ဟုမ္မလင်းကို ၀င်ပြီး ဟုမ္မလင်းမြို့အ၀င်(၆)မိုင်လမ်းကို ကတ္တရာခင်းဖို့ ခွင့်ပြုမိန့်ပေးခဲ့ပါတယ်။ ဒီခရီးမှာ မြန်မာ့မဟာစစ်အာဏာရှင်ကြီးတို့ရဲ့ အစဉ်အလာအတိုင်း စစ်တပ်ထဲမှာလို စီနီယာဒု-သမ္မတက ဂျူနီယာတိုင်းဝန်ကြီးချုပ်ဦးသာအေးကို လူရှေ့သူရှေ့ မကြာခဏငေါက်ပါတယ်။

ဦးသာအေးကလဲ ချောင်ကပ်ပြီးငေးနေရာရှာတာပေါ့။ စိတ်ထဲမှာတော့ အစာမကျေခဲ့ပါဘူး။ ဒီခရီးကအပြန်သိပ်မကြာခင်မှာပဲ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဒု-သမ္မတက
ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဒီပွဲမှာ တင်အောင်မြင့်ဦးရော ၀န်ကြီးချုပ်သာအေးပါ မနာကြပါဘူး။ ဒါပေမဲ့ ထုံးစံအတိုင်းနာနေကျ ကျွန်တော်တို့ ပြည်သူတွေပဲ နာတော့တာပေါ့။

ဒု-သမ္မတကြီးပေးသွားတာက ကတ္တရာလမ်း၊ အစာမကျေခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဆင့်အမိန့်ပြန်ပေးတော့ ကွန်ကရစ်လမ်းခင်းရမယ်ဆိုပြီး မိန့်တော်မူလို့ ခုမြင်ကြတဲ့ မျဉ်းနှစ်ကြောင်းပြေးသလို မဟာကွန်ကရစ်လမ်းမကြီးဖြစ်ပေါ်လာပါတယ်။ စစ်အာဏာရှင်တွေပါဝါချင်းပြိုင်တာနဲ့ကတ္တရာကနေကွန်ကရစ်အဖြစ်ခွင့်ပြုငွေကဘယ်လောက်ပေးမှန်းမသိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းအထူး(၁၀)နဲ့ သူတို့ တိုင်းအင်ဂျင်နီယာမှူးကြီးဆိုတဲ့ သစ္စာရှင်ပြည်သူ့ဝန်ထမ်းတွေကလဲ မှန်းချက်နဲ့ နှမ်းထွက်ကိုက်အောင် တာဝန်ရှိတာမို့ ခုလို ကျွန်တော်တို့ ဟုမ္မလင်းရွှေမြို့တော်မှာ မျဉ်းနှစ်ကြောင်းဆွဲသလို မဟာကွန်ကရစ်လမ်းမကြီးပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ဒီလမ်းက ဟုမ္မလင်းကနေ မဟာဗျူဟာလမ်းမကြီးခေါ် မဟာမြိုင်-သက်ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးသွားလမ်းမကြီးနဲ့ (၆)မိုင်ခရီးမှာ သွားဆုံတာပါ။

မဟာဗျူဟာလမ်းမကြီးဆိုတာကလဲ ဆောက်လုပ်ရေးကပွင့်လင်းရာသီရောက်တိုင်း နှစ်တိုင်းပြုပြင်ပါတယ်။ ဒါပေမယ့် (၁)နှစ်ကို နွေသုံးလပြည့်အောင် ကားမောင်းလို့ အဆင်မပြေပါဘူး၊ ၁၉၉၆-ခုနှစ်ကစပြီး အင်ဂျင်နီယာတပ် BEကနေ ဆောက်လုပ်ရေးဌာနကလွှဲယူပြီးဒီမဟာဗျူဟာလမ်းကိုတာဝန်ယူပြုပြင်ဖောက်လုပ်နေတာ(၁၆)နှစ်ကျော်ခဲ့ပါပြီ။ နှစ်တိုင်းနိုင်ငံတော်ပြည်သူ့ဘဏ္ဍာငွေက ခွင့်ပြုငွေဘတ်ဂျက် တန်ဖိုးငွေစက္ကူကို ချပြီးခင်းမယ်ဆိုရင် မုံရွာဟုမ္မလင်းလမ်းမိုင်အရှည်ဆက်မိလောက်ပါပြီ။ ဒါပေမဲ့ အများပြည်သူသိတဲ့အတိုင်း ၀န်ကြီး-MD-CE-DSE-EE-AE-SAE-JE-ဆိုဒ်ကြပ်-လုပ်သားစတဲ့ အဆင့်ဆင့် ၀ိုင်းပြီးစားကြ၀ါးကြတာဆိုတော့ လမ်းပေါ်ခင်းဖြစ်တဲ့တန်ဖိုးက မဖြစ်စလောက်ပါ။ ဒီကြားထဲ အော်ဒစ်တို့ စာရင်းစစ် စာရင်းရုံးတို့ဆိုတဲ့ အကောင်တွေကလဲ စားရင်းဝါးရင်းစစ်ကြတာမို့ ခွင့်ပြုငွေဘယ်လောက်ရပြီး တကယ်လမ်းခင်းဖြစ်တဲ့ တန်ဖိုးအမှန်ကို ဘယ်ပြည်သူပြည်သားကမှ မသိရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ အထက်ချင်းတွင်းဒေသက ပြည်သူတွေဟာ သွားရေးလာရေးအတွက် ချင်းတွင်းမြစ်ကိုပဲ အားကိုးနေရပါတယ်။ ချင်းတွင်းမြစ်ကြီး ကျန်းမာဖို့ကိုလဲ အမြဲဆုတောင်းနေရပါတယ်။

ဒီ(၆)မိုင်ကွန်ကရစ်လမ်းဟာ ဒီအတိုင်းမျဉ်းနှစ်ကြောင်းဆွဲထားသလိုသာခင်းထားမယ်ဆိုရင် ကားနှစ်စီးလဲ မရှောင်သာ ဒီဒေသက လူငယ်တွေဆိုတာကလဲ တရုတ်ဆိုင်ကယ်လေးစီးရတာကို ဟုတ်လှပြီထင်ပြီး ဘ၀င်လေဟတ် နားရွက်အဖျားပဲ့လောက်အောင် ဆိုင်ကယ်ကိုspeedတင်ပြီး စောက်ရမ်းစီးကြတာမို့ ရင်ခွဲရုံ၊ ရဲစခန်း၊အချုပ် မဆံ့လောက်အောင်ပဲ ဒုက္ခရောက်ကြတော့ မှာ သေချာပါတယ်။ သေသေချာချာတွေးရင် မသေမချာနဲ့ အင်မတန်ရင်လေးစရာပါပဲ။ မြို့စောင့်နတ်အရှင် ဘိုးသီလနှင့်တကွ မြို့တာဝန်ရှိအမတ်မင်းများ၊ ၀န်ကြီးများ၊မြို့မိမြို့ဖ၊ မြို့မိဒွေးမြို့ဖထွေးပါမကျန် ဆရာကြီးဆရာမကြီးများအလေးထားပြီး မျဉ်းနှစ်ကြောင်း ကွန်ကရစ်လမ်းကို အဆင်ပြေအောင်ပြုပြင်ပေးဖို့ အထက်အစိုးရမင်းများကို အရေးဆိုပေးကြပါလို့ လေးလေးနက်နက် အရေးပေါ်တိုက်တွန်းလိုက်ပါတယ်။

မြို့စောင့်( TMO )
ps-TMO=တိုလီမိုလီ officer
U Da Vid

2 comments:

  1. Hey! very very surprised.

    ReplyDelete
  2. Engineers and technicians must stand strong on technology that you have taught.
    Should not lead to made such a shameful and out of normal concept & common sense.
    Really bad..

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.