Wednesday, March 28, 2012

0 သတင်းထောက် သူရမျိုးပြောသော စစစ စစ်ဆေးသဖြင့် သေမှုသေခင်း ဖြစ်သွားသည့် နန်းဝိုးဖန်း အမှုဖြစ်စဉ်

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ကောင်မလေးအလောင်း ခြေရင်းမှာ အမွှေးတိုင်ထွန်းထားတယ် သစ်သီးတွေထားတယ်။ သူ့သူငယ်ချင်း ရှမ်းမလေးတွေ ရှမ်းလေးတွေရှိတယ်။ သူနဲ့အတူစစ်ခံရတဲ့ ရှေ့နေ ဒေါ်အိအိအောင်ရှိတယ်။ စသုံးလုံးတွေက ရင်ခွဲရုံကို ၀ိုင်းထားသလောက် ရှိတယ် ။ ဒါနဲ့ ဓါတ်ပုံထရိုက်တယ်။ နောက်မေးတယ် အဲဒီတုန်းက စသုံးလုံးရုံးပေါ်က ပြုတ်ကျသွားတာ မသိသေးဘူး ။ ခေါ်ခေါ်စစ်နေတုန်း သူ့အိမ်က ခုန်ချတယ်လို့ဘဲထင်တာ။ ဘယ်သူမှမဖြေရဲဘူး မကြေနပ်ချက်တွေနဲ့ အကြောက်တရားတွေ ကြီးစိုးနေတယ်။ ဒါနဲ့ နောက်ခဏဆုတ်ပြီး ဖုန်းဆက်မယ်လုပ်တော့ အစ်ကိုတို့ကစသုံးလုံးက မင်းကိုဘယ်သူဖုန်းဆက်ခေါ်သတုန်း ဆို မေးတယ် ။ အင်တာနက်ပေါ်မှာတွေ့လို့ ဆိုပြီးဖောလိုက်တယ်။

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း

အဲဒီမှာ AD ဆီဖုန်းဆက်မယ်ဆိုပြီး ဖုန်းခေါ်တယ် ။ ဒီသတင်းမရေးနဲ့လို့ အစ်ကိုတို့မတားဘူး မင်းသိတဲ့သတင်းက မှားနေတယ် ခုန်ချတာမဟုတ်ဘူး ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ်။ အစ်ကိုတို့ စသုံးလုံးက ဒီကောင်မလေးအမှုတွေ လိုက်နေတာအများကြီး ။ ရဲစခန်းမှာလည်း စာရွက်စာတမ်းတွေ ရှိတယ် ။ ဒီတော့ ငါ့ညီမှာအန္တရာယ်ရှိတယ် လို့လာပြောတယ်။ သူစပြောကတည်းက ဖုန်းသိမ်းသလိုနဲ့ အိပ်ထဲက အသံဖမ်းစက်ဖွင့် ထားတယ်။ ဒါနဲ့ ဟုတ်ကဲ့ပါခင်ညာ ဘာညာဖောရှောရိုက်ပြီး ပြန်ထွက်လာတယ်။ ပြီးတော့ သိသမျှ သတင်းတိုက်တွေ အကုန် ဖုန်းဆက်ခေါ်လိုက်ပါတော့တယ်။

အခုသိသလောက် ဖြစ်စဉ်က ဒီလို ဂျပန်တစ်ကောင်နဲ့ကောင်မလေးဟာ လက်ထပ်စာချုပ်ရှိတယ် စီးပွားရေးအရပါဘဲ။ အဲဒီဂျပန်က ကောင်မလေး နာမည်နဲ့ မြေကွက်တွေလိုက်ဝယ်တယ်။ နောက် ကိုကို ဆိုတဲ့လူတစ်ယောက်ကို တစ်လနှစ်သိန်း ပေးခန့်တယ် ။ ကိုကိုနာမည်နဲ့ပါ မြေကွက်တွေဝယ်တယ်။ အဲဒီမှာ ကိုကိုက ရောင်းတုပ်လိုက်တယ် ။ သူ့နာမည်နဲ့ဝယ်ထားတဲ့ တိုက် က အိမ်ငှားတွေကိုလည်း တရားဆွဲတယ်။ အဲဒီမှာ ကိုကိုကို ၄၂၀ နဲ့တရားဆွဲတယ်။ လှိုင်သာယာ ၇ ရပ်ကွက် က ရဲစခန်းမှာ ။

ဒါပေမယ့် အမ်းထားတဲ့အတွက် ရဲစခန်းက ဖမ်းမပေးဘူး ကိုကိုဆိုတဲ့လူကတော့ ပုံမှန်သွားလာနေတာဘဲ ။ ဒါနဲ့ တရားခံပြေး အနေနဲ့ ပြောင်းလဲ သတ်မှတ်ပေးပါ ဆိုတော့ ၇ ရဲစခန်းက ဒုရဲအုပ် ကိုကိုဇော် က စသုံးလုံးသွားမှ ရမယ်ဆို ကြပ် ပေးလိုက်တယ်။ သူတို့အကြောင်းလဲ သိထားတော့ စစစ ကိုတေ့ပေးလိုက်တာ။ အဲဒီမတိုင်မှီ စစစ မှာအပိုင်ရှိတယ် အစတောင် ပျောက်သွားမယ်ဆို ကိုကို ဆိုတဲ့လူက ချိမ်းခြောက်ထားတာ ရှိတယ်။ စသုံးလုံးက ထုံးစံအတိုင်း စစ်ပြီးရေဖန်တာပေါ့ ။ အရမ်းဆဲဆိုပြီး စစ်တယ်လို့သိရတယ်။ အဲဒီမှာ ကလေးမက ကြောက်လန့်ပြီး အခုလိုဖြစ်သွားတာ ။ နောက်ဆက်တွဲ စသုံးလုံးအသိုင်းအ၀ိုင်းက ထပ်ကြားတာ အကွက်တွေ အပေးအယူလုပ်ပြီး ကောင်မလေးဆီက သိမ်းထားတာတွေရှိနေတယ်။

စစစကငနဲကပြောတယ် ခြေချော်ကျတာ တဲ့ ပြူတင်းပေါက်ပေါ်တက်ရပ်မှဘဲခြေချော်ကျမယ်။


ဘာလို့ ဒီလိုစစ်တာလဲ ဆိုတာကို ကိုသူရမျိုးက စီးပွားရေး စစ်တာ ဒီခြံတွေ မြေတွေကို ဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲဆိုတာ။ ပြောရရင်တော့ ငွေညှစ်သလိုမျိုးပါဘဲ။ အခုကိစ္စမှာ ကောင်မလေးက တိုင်းရင်းသားဖြစ်နေတယ် မြန်မာစကားရေရေလည်လည်မတတ်ဘူး ။ မိသားစုတွေကလည်း အဖွဲ့အစည်းကို တိုင်မယ် ။ ရှော့တော့ရှိတယ်။။ သေချာအရေးမယူပေးနိုင်ရင် ။ ပိုကြီးလာမယ် ။

YPI မှ အင်တာဗျူး သတင်း.....

https://www.facebook.com/note.php?note_id=341511149228847

Credit to သူရမျိုး (https://www.facebook.com/profile.php?id=535524610)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.