ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နေ့လည်ပိုင်းလွှတ်တော်တွင် တွေ့ရစဉ် (Photo..ခွန်ဒီးယမ်)
သတင်းတွေဘာတွေယူတဲ့အခါမှာပေါ့ သတင်းတွေမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာကအခြေအနေတွေဘာတွေ သုံးသပ်တဲ့အခါမှာ လေးလေးနက်နက်ကြည့်၊ အပေါ်ယံကြောမကြည့်နဲ့၊ နောက်တစ်ခုကလည်း လူတွေရဲ့လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ အရှေ့၊ အနောက်ညီလားဆိုတာ အမြဲစစ်ဆေးနေ..အဲ့ဒါအရေးကြီ
းတယ်..ခုတစ်မျိုးခုတစ်မျိုးဆိုတဲ့ဟာမျိုးဟာ ဘယ်တော့မှစိတ်မချရဘူးဆိုတာသိရမယ်..နောက်ပြီးတော့ အပေါ်ယံကြောလေးကြည့်ပြီးတော့ ဆုံးဖြတ်ချက်နဲ့ဆိုလို့ရှိရင် အများအကျိုးမပေးဘူး..အများကိုတစ်ချိန်လုံးပဲသတိပေးနေတာ...
အထူးသဖြင့်မီဒီယာရဲ့လူငယ်တွေပေါ့နော်..အခုထဲကကိုယ့်ကိုယ့်ကို ဖြောင့်မတ်တဲ့လမ်းပေါ်တင်ထားကြပါ..နောက်အသက်ကြီးလားလို့ရှိရင်ပြောင်းရ ပြုရခက်တယ်.ဘာလို့်လဲဆိုတော့လူကပိုးဝင်သွားတတ်တယ်..နေရာ.အာဏာ.သြဇာ သာယာသွားနိုင်တယ်..အဲ့ဒါကို အမြဲသတိထားရမယ်..ကိုယ့်ကိုယ့်ကို လည်းသတိထား.သူများကိုလည်း ကြည့်ရမယ်..ဘယ်သူကပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေပြတတ်တယ်..
အဲ့တော့ ကိုယ့်ဘာကိုယ်ဒါကိုကြည့်တတ်ရမယ်..ရှေ့နောက်မညီတဲ့ကိစ္စတွေ အပြင်နောက်သာယာလာတဲ့
ကိစ္စတွေပေါ့နော်...မီဒီယာမှာလည်းဖြစ်တတ်တယ်...မီဒီယာမှာကျတော့ သတိထားရမှာက...အခုခေတ်က မီဒီယာကတော်တော်သြဇာရှိတယ်..လူတွေဟာ သြဇာရှိရင် မြောက်သွားတတ်တယ်..သူတို့ အဂလိပ်အဆိုအရဆိုလို့ရင်တော့..
Power Corrupt .သြဇာအာဏာဟာလူကိုပျက်စီးစေတယ်ဆိုတာအဲ့ဒါကိုပြောတာabsolute power ...absolute corrupt လုံးဝအာဏာရှိလို့ရှိရင် လုံးဝပျက်ဆီးစေတယ်
သြဇာအာဏာရှိခြင်းကိုက လူတွေကို ပျက်စီးစေတယ်..အဲ့တော့ ကိုယ်ကိုယ်ကိုယ်လည်းဒီဟာကို အမြဲဆင်ခြင်ရမယ်..မီဒီယာက အခုခေတ်မှာ သြဇာအာဏာရှိတယ်..
ငါတို့ကပြောလိုက်လို့ရှိရင် လူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲနိုင်တယ်ဆိုတာက အသိဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့.ဒါဟာတာဝန်...အဲ့တော့..ကိုယ့်ကြောင့်လူတစ်ယောက်ရဲ့ဘ၀ပျက်သွားမှာဆိုလို့ရှိရင်.ကိုယ့်ကြောင့်တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သွားမယ်..ဆိုတာ အမြဲပဲစဉ်းစားရမယ်....အဲ့တော့ အမေက လူငယ်တွေကိုပဲ ပြောရမှာပဲ ..လူကြီးတွေက တော့ အစထဲကအဲ့စိတ်ဓာတ်မရှိလို့ရှိရင် အခုမှပြင်ပေးလို့မရတော့ဘူး...ခေါက်ရိုးကျိုးကုန်ပြီ........
သတင်းစာဆရာကြီးတွေထဲမှာဆိုလို့ရှိရင်လူရိုသေရှင်ရိုသေပေါ့နော်တစ်သက်လုံး....ခိုင်ခိုင်မာမာနဲ့လုပ်သွားတဲ့ သတင်းစာဆရာကြီးတွေရဲ့နမူနာကိုယူပါ...အခုတချို့ဆိုလို့ရှိရင်ပိုက်ဆံရရေးပေါ့..ပိုက်ဆံရရေးလုပ်တဲ့အခါမှာ...တချို့ကိစ္စတွေ ကျတော့ ပြောရမယ်ဆိုလို့ရှိရင် ဥပဒေအရတော့ဘာမှလုပ်လို့မရဘူးပေါ့..ဒါပေမယ့်အတင်းအဖျင်းတွေဘာတွေ...ရိုးရိုးပုဂိုလ်တွေရဲ့ သူတို့ကိုယ်ရေးကိုယ်တာကိစတွေဖော်ထုတ်တာတွေဟာတကယ်တော့လည်းတိုင်းပြည်နဲ့လည်းမဆိုင်ဘူး..ကိုယ်ရဲ့နိုင်ငံ..ကိုယ့်ရဲ့အသိုင်းအ၀ိုင်းရဲ့အကျိုးအမြတ်နဲ့လည်း မဆိုင်ဘဲနဲ့လူတွေ ဖတ်လို့ကောင်းအောင်ဆိုပြီးရေးတာတွေက.
ပုဂိုလ်တွေရဲ့ဘ၀တွေပျက်စရာရှိပါတယ်..
အဲ့ဒါတွေကျတော့ အမေ့အနေနဲ့.ဒါမြင့်မြတ်တဲ့မီဒီယာရဲ့လုပ်ကိုင်မှုမျိုးလို့မမြင်ဘူး.
.ထောက်ပြသင့်တာထောက်ပြတာကတစ်မျိုးပေါ့နော်...ဒါပေမယ့် အလကားသပ်သပ်သတင်းထူးဆိုပြီးတော့ လူဝယ်ဖတ်အောင်လုပ်တာမျိုးတော့ တခြားသူတွေပေါ်မှာလည်း ကိုယ့်မှာ လူသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတာတော့ ကလေးတွေမှတ်ထားကြ..အမေတို့မီဒီယာကကံကောင်းတာဘာလဲဆိုတော့.အခုမှစတယ်ဆိုတော့ လူငယ်တွေအရမ်းများတယ်..လူငယ်တွေဆိုတော့ကိုယ်ကိုယ်ကိုတည့်သွားနိုင်တယ်..ခေါက်ရိုးကျိုးနေတဲ့လူတွေကတော့ ကျိုးနေပြီ.ဘယ်လိုမှလုပ်လို့မရတော့ဘူး."
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့(၂၂.အောက်တိုဘာ.၂၀၁၂) ပြောကြားသွားခြင်း ဖြစ်သည်။
Ref- Monica Lynn
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်