David Cameron met Aung San Suu Kyi on his visit to Burma in April. Photograph: Stefan Rouseau/PA
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်
source: The Guardian | The Financial Times
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် လန်ဒန်သို့အလည်အပတ်ခရီး တစ်ပတ်ကြာ သွားရောက်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းတွင် မိန့်ခွန်းပြောကြားမည်ဟု သိရသည်။ နိုင်ငံ့ခေါင်းဆောင်မဟုတ်ဘဲ ဗြိတိန်ပါလီမန်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားခွင့်ရခြင်းမှာ အလွန်ရှားပါးကြောင်း သိရသည်။
၁၉၆၀ ခုနှစ်များက ပညာသင်ကြားခဲ့သောOxford တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ယူဦးမည်ဖြစ်ပြီး သားနှင့်မြေးတို့ဆီကိုလည်း အလည်အပတ်သွားရောက်မည်ဟု သိရသည်။သောကြာနေ့ညက G8 ထိပ်သီးအစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ်က ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာပြည်သို့လှူဒါန်းသော ထောက်ပံ့ငွေများမှာ မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ပြောကြားခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ယခုထက်ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်မပြသေးသမျှ အစိုးရကို လှူးဒါန်းငွေတိုက်ရိုက်ပေးမည်မဟုတ်ကြောင်း၊ လှူဒါန်းသမျှငွေတိုင်းသည် မြန်မာပြည်သူတို့ အကျိုးရှိရန်အတွက်သာ အလေးပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ဝန်ကြီးချုပ်က မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်Commission for Responsible Investment အဖွဲ့ကိုဖွဲ့စည်းပြီး လေ့လာစောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဒပ်ဘလင်သို့ အလည်သွားမည်
source: Irish Times | Irish Examine
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့တော်သို့ တစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဒပ်ဘလင်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Ambassador of Conscience ဆုပေးမည်ဟုသိရပြီး ဒပ်ဘလင်ရှိ docklands တွင်Bord Gais Energy Theatreနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖျော်ဖြေမည်ဖြစ်ကြောင်း၊ U2အဖွဲ့မှ Walk On သီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သူ Bono ကိုယ်တိုင်တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။ ၂၀ဝ၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကFreedom of Dublin City ဆု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာသာပြန် မောင်သစ်စိမ်း(MMCP)အားကျေးဇူးတင်ရှိပါသည်...
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်