Friday, September 23, 2011

0 အာဏာရှင်စံနစ်လား။စည်းကမ်းရှိသောဒီမိုကရေစီလား

ဦးဝင်းချို

အခုတလောကျနော်စိတ်ထဲမကောင်းဘူးဗျာ။(အမှန်ကစိတ်ဆိုးရမှာ။စိတ်မဆိုးချင်လို့)အဲဒီအတွက်စိတ်ပျက်လာတယ်။ဒါလည်းစိတ်ညစ်တာကိုအကျင့် မလုပ်တော့ တဲ့ အခါ့ မညစ်ပတ်တော့ ဘဲတခါတည်းကို ပျက်စီးသွား တော့ တာ။ပျက်တဲ့ စိတ်တွေများလာရင် စိတ်ကုန်သွားတော့ မယ်။
ကျနော်စိတ်မကုန်ချင်သေးဘူး။ဒါကြောင့် ဒီစာကိုရေးတာပါ။ကျနော့် စာကိုဖတ်တဲ့ မိတ်ဆွေများနဲ့ အုပ်ချုပ်သူအာဏာပိုင်များခင်ဗျား။ကျနော်လူပင်ပန်း၊စိတ်ပင်ပန်းခံပြီးရေးထားတဲ့ ဒီစာကို အားနာပါးနာ ဘဲ ဖြစ်ဖြစ် သေသေချာချာဖတ်ဘို့ တောင်းပန်ပါတယ်ခင်ဗျား။
(၂၀၁၀)ရွေးကောက်ပွဲအပြီး ကျနော်တို့ နိုင်ငံဟာ စည်းကမ်းပြည့် ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်မယ်အထင်နဲ့ ကျနော်ကတစ်သီးပုဂ္ဂလကိုယ်စားလှယ်ဆိုပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကိုဝင်ခဲ့ တာ။အခွင့် ထူးခံလူတန်းစားတွေကိုပြည်သူ့ ဆန္ဒနဲ့ အညီရွေးကောက်ခံရတဲ့ 
ကိုယ်စားလှယ်တွေကပြည်သူ့ ကိုယ်စားဖယ်ရှားပေးမယ်ထင်လို့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လိုဘဲဖြစ်ဖြစ် လက်ခံပေးတာ။ ရွေးကောက်ပွဲအပြီးမှာလာဘ်စားမှုတွေ။ဆင်းရဲနွမ်းပါးမှုတွေ ၊ဘယ်လိုဘဲရှိရှိ၊ အာဏာရှင် စံနစ်ကို တော့ ဦးတည်မှာမဟုတ်တော့ ဘူး ဆိုရင်ဘဲတော်ပြီလို့ သဘောထားခဲ့ တာ။

ရွေးကောက်ပွဲမတိုင်ခင်အချိန် ဒလမြို့ နယ်မှာတရားဟောစဉ်က အာဏာရှင်စံနစ်ကို ကျနော်ကတတ်သလောက်မှတ်သလောက်နဲ့ ပြောခဲ့ ဘူးတယ်။(၁)ဥပဒေပြုရေး (၂)အုပ်ချုပ်ရေး (၃)တရားစီရင်ရေးဆိုတဲ့ အာဏာ(၃)ရပ်ဟာအပြန်အလှန်ထိန်းကျောင်းရမယ်။မထိန်းကျောင်းနိုင်အောင်(သို့ )သီးခြားဆောင်ရွက်ခွင့် မရှိအောင်ချုပ်ကိုင်ရင် အာဏာရှင်စံနစ်အစပျိုးလာပြီ။ခေါင်းထောင်လာပြီလို့ ပြောခဲ့ တယ်။
ချုပ်ကိုင်လေ့ ရှိတာကလည်းအုပ်ချုပ်ရေးအာဏာပိုင်တွေကဘဲလုပ်လေ့ ရှိတယ်လို့ လည်းပြောခဲ့ တယ်။ အဲဒါမှားလား။ မှားမယ်မထင်ဘူး။မှားရင်အဲဒီအချိန်ကတည်းက ကျနော့် ကိုအရေးယူရမှာ။
ကဲ ၊ကျနော်တို့ ရဲ့ စည်းကမ်းပြည်ဝသောဒီမိုကရေစီနိုင်ငံကလည်းအာဏာရှင်စံနစ်ဆီကိုများ ဦးတည်ချင်နေသလားလို့ ။ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၅၄။(က) နဲ့ (ခ) မှာပြဌာန်းထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည်ရွယ်ပြီးဝင်းချို ။နေမျိုးဝေ။စိုးကြည်။မင်းအောင် ကျနော်တို့ (၄)ယောက် ဆန္ဒပြချင်တယ်။စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်ကိုဦးတည်တယ်ပြောထားတာကိုး။“့ စည်းကမ်းမရှိဘူး။”
”မင်းတို့ နဲ့ မတန်ဘူး”ဆိုတာမျိုးမဖြစ်ဘို့ အတွက်ဘယ်လိုပြရမလဲ။လမ်းညွှန်ပေးပါလို့ တောင်းဆိုတယ်။ မရဘူး။ မရရင်ကျနော်တို့ ကလည်းမပြဘူး။ကျနော်တို သိချင်တာကဖွဲ့ စည်းပုံအခြေခံဥပဒေ တကယ် အာဏာသက်ရောက်ပြီလားသိချင်တာ။မသက်ရောက်သေးဘူး။ဒါဆိုရင်ဘယ်လောက်အချိန်ယူမလဲ။ တိကျတဲ့ အချိန်သတ်မှတ်ချက်တော့ ရှိသင့် တာပေါ့ ။အစိုးရတရပ် ပီပီပြင်ပြင်ရှိပြီဘဲ။အဲဒါက(၂၀၁၁)ဇွန်လ (၅)ရက်နေ့ က။(ပြည့် ပြည့် စုံစုံသိချင်ရင်အဲဒီအချိန်ကသတင်းတွေ မှာပြန်ရှာကြည့် ကြပါဗျာ)
မနေ့တနေ့ကonlineပ်ါမှာသတင်းတက်လာတယ်။“ဧရာဝတီအတွက်”တရုပ်နိုင်ငံသံရုံးရှေ့  မှာဆန္ဒပြမယ်တဲ့ ။ကျနော်စီစဉ်တဲကိစ္စမဟုတ်ပေမဲ့ ဦးတည်ချက်ချင်းတူတယ်။အားပေးမယ်ဆိုပြီးသွားပါတယ်။့ လားလား မနည်းပါလား။ဆန္ဒပြမဲ့ သူတွေမဟုတ်ဘူး။လုံခြုံရေးတွေ။သံရုံးရှေ့ နားကျနော်ငှားလာတဲ့ တက္ကစီရပ်လိုက်တာနဲ့ ဝေါကနဲလုံခြုံရေးကားရောက်လာတယ်။ထားပါလေ။သူကသူုအလုပ်သူလုပ်တာဘဲ။
ကိုယ်လည်းကိုယ့် အလုပ်ကိုယ်လုပ်ရမှာဘဲ ဆိုပြီး “ဧရာဝတီ” တီရှပ်ဝတ်ထားတာ ဘယ်သူများရှိသလဲ လိုက်ရှာရတာပေါ့ ။ ကျနော်ဖုံးဆက်ပြီးချိန်းထားတဲ့ ကိုစိုးကြည်(သံလျင်)ရောက်လာတယ်။ကျနော်တို့ လဘက်ရည်ဆိုင်ထိုင်တယ်။လိုက်ပတ်ရှာတယ်။ဘယ်သူမှမတွေ့ တော့ အိမ်ပြန်ကြတယ်။

အဲဒါက“ပထမနေ့”။ကျနော်ဆန္ဒပြဘို့အစီအစဉ်မရှိဘူး။အစီအစဉ်ရှိရင်လည်းကျနော်ကကြေငြာပြီးမှလုပ်တယ်။အဲဒါ၁၉-၉-၂၀၁၁။နောက်ရက်၂၀-၉-၂၀၁၁ရက်နေ့ ဒေးဒရဲဘက်ခရီးထွက်တယ်။ အဲဒီခရီးစဉ်က တပတ်လောက် ကြိုစီစဉ်ထားတာ။

အဲဒီနယ်ကရွာသားတွေပြောစကားနားထောင်ဘို့ ။(ရွာကကိစ္စ သီးသန့် ရေးပါမယ်။ကိုနေမျိုးဝေ ရေးပါလိမ့် မယ်။)ရွာကိုရောက်နေတုံးရန်ကုန်မှာဆန္ဒပြတယ်ဆိုတဲ့ အသံတွေကြားတယ်။““တရုပ်သံရုံးရှေ့ မှာ ဆန္ဒပြကြတယ်။”“တယောက်ကိုချုပ်ပြီးဖမ်းသွားတယ်” “မဟုတ်ဘူး။(၄)ယောက်”။
ဘာတွေမှန်းကိုတိတိကျကျမသိရဘူး။အဲဒါနဲ့ရန်ကုန်ကိုဖုံးဆက်ပြီးသတင်းမေးရတယ်။(ရွာမှာဖုံးရှိတယ်။အင်တာနက်တော့ မရှိဘူး။ဖျာပုံမြို့ နယ်။ဒေးဒရဲအပိုင်။မငေးကြီးကျေးရွာလို့ ခေါ်ပါတယ်။)on line ပေါ်ကရတဲ့ သတင်းကိုမိတ်ဆွေက ပြောပြတယ်။ကိုအောင်သိန်းလှလို့ ခေါ်တယ်။
တောင်ဥက္ကလာမှာနေတယ်ပြောတယ်။ဖမ်းသွားတာလည်းအမှန်ဘဲတဲ့ ။ဒါပေမဲ့  မပါတာက သူ့ ကို ဘယ်ခေါ်သွားသလဲ။ဘယ်မှာချုပ်ထားသလဲ။ဘာပုဒ်မတပ်ပြီးချုပ်သလဲ။သူ့ ဘက်ကဘယ်သူတွေလိုက်ပြီး
ဥပဒေ အရကာကွယ်ပေးနေသလဲ။ “အဲဒါတွေမပါဘူး”ရတယ်။ရန်ကုန်ပြန်ရောက်ရင်စုံစမ်းမယ်လို့ စဉ်းစားပြီးအိပ်ပျော်အောင်အိပ်လိုက်တယ်။
၂၁/၉/၂၀၁၁နေ့ညရန်ကုန်ပြန်ရောက်တယ်။သိချင်တာတွေကိုစုံစမ်းကြည်တယ်။ဘယ်သူသိလဲ။ဘယ်သူမှမသိဘူးဆိုတော့ ကျနော်မေးရတော့ မယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ၃၇၆။အရပြဌာန်းထားတဲ့ ““နိုင်ငံသားတို့ ရဲ့ ခံစားခွင့်”ကို“ နိုင်ငံတော်လုံခြုံရေး” ဆိုတာ နဲ့ ဆင်ခြေပေးမှာလား။“အများပြည်သူအကျိုးငှာ ”လို့ အကြောင်းပြမှာလား။“ဖွဲ့ စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ပြီ”ဆိုပြီးကြေငြာတာမမှန်သတင်းလား။
ဒါဆိုရင်တော့ အာဏာရှင်စံနစ်ကိုဦးတည်နေပြီနော်။သမ္မတကြီးပြောထားတာတွေနဲ့ အာဏာပိုင်တွေ လုပ်နေတာနဲ့ လွဲနေပြီ။အပြောနဲ့ အလုပ်ထပ်တူညီမှကောင်းမယ်။
(၂၀၁၀)ရွေးကောက်ပွဲအပြီးမှာရွေးချယ်ခံရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရယ်။ခန့် အပ်ခံရတဲ့ အာဏာပိုင်တွေရယ်ဟာပြည်သူ့ ဆန္ဒကိုတကယ်လေးစားတယ်ဆိုရင်။စည်းကမ်းပြည့် ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ချင်တာဆိုရင်ဘယ်သူတားတားဆက်လုပ်မယ်။ U N လည်းတားခွင့် မရှိဘူး။လို့ ပြောတဲ့ လျှပ်စစ်ဝန်ကြီးကိုဒီအတိုင်းမြှောက်စားနေတာတော့ မဖြစ်သင့် ဘူး။နောက်ပြီးဖွဲ့ စည်းပုံအခြေခံဥပဒေအာဏာသက်ရောက်နေပြီလို့ ရိုးရိုးသားသားထင်မြင်ပြီးနိုင်ငံသားအခွင့် အရေးနဲ့ အညီဆန္ဒဖေါ်ထုတ်ခဲ့ တဲ့ “ကိုအောင်သိန်းလှ”နဲ့ ပတ်သက်ပြီးပြည်သူတွေသိအောင်သတင်းထုတ်ပြန်
ပေးရလိမ့် မယ်။အရေးယူခွင့် မရှိဘူး။အဲသလိုမဟုတ်ဘဲပြည်သူတွေကို အာဏာရှင်လိုဆက်ဆံတဲ့ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကိုမြှောက်စားနေသေးတယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအားကိုးအားထားပြုဘ်ု့ ကြိုးစားနေတဲ့ ပြည်သူတွေ ဦးကျိုးသွားအောင် နောက်ထပ်ဘယ်သူမှဆန္ဒမပြရဲအောင်“သံရုံးဆန္ဒပြခဲ့ တဲ ကိုအောင်ကျော်လှ”ကို (လူမသိ၊သူမသိ) တရားစီရင်မယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီ စံနစ်ကိုဦးတည်တာမဟုတ်ဘဲ အာဏာရှင်စံနစ်စံနစ်ကိုဦးတည်တာဖြစ်သွားပြီ။

ပြည်သူတွေကိုအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရဆိုရင် A S E A N မှာဥက္ကဌလုပ်ဘို့ သင့် တော်ပါ့ မလားလို့ တခြားနိုင်ငံအစိုးရတွေစဉ်းစားကြမှာပါ။ဒီစာကို on line ပေါ်မရောက်ခင် ဖတ်မိတဲ့ မိတ်ဆွေတွေက “မင်းအဖမ်းခံရလိမ်မယ်”လို့သတိပေးကြပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အချို့ သောအစိုးရအဖွဲ့ ဝင်တွေဟာပြုပြင်၊ပြောင်းလဲလိုတဲ့ ဆန္ဒရှိသူတွေဖြစ်တယ် ဆိုတာကို ကျနော်ယုံကြည် ပါတယ်။ အမှန်တကယ်အရေးယူသင့် တဲသူတွေကို အရေးမယူပါဘဲ နိုင်ငံကောင်းစေချင်တဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီးရေးခဲ့ တဲ့ ကျနော်အဖမ်းခံရတယ်ဆိုရင် လည်းကျနော်တို့ နိုင်ငံသားပြည်သူတွေ ကို ဘ၀နဲ့ ရင်းပြီး သတိပေးခဲ့ ပြီးသားဖြစ်သွားပါပြီ.

အာဏာရှင်စံနစ်ကိုဦးတည်နေတာကျိန်းသေသွားပြီ။
အာဏာရှင်စံနစ်ကိုဦးတည်နေတာတိကျသွားပြီ။
အာဏာရှင်စံနစ်ကိုဦးတည်နေတာခိုင်လုံသွားပါပြီ
။ ဒီလောက်ပါဘဲ။

ကျနော်ဦးဝင်းချိုပါ။ဖုံးနံပါတ်၀၉-၈၀၃၃၅၅၄နဲ့ ၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄ကိုဆက်သွယ်နိုင်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.