Monday, September 19, 2011

0 ‎"ဖြတ်သာသွားတယ် မနားတယ်" (သီချင်းရေးသူ-ဆရာစိုင်းခမ်းလိတ်)


ဒီသီချင်းက လောပိတ ကထွက်တဲ့ ငွေရောင်လျှပ်စစ်ဓါတ်အားလိုင်း ကြေးနန်းကြိုးကြီးတွေဟာ
မြို့တွေရွာတွေကိုဖြတ်သွားပေမယ့် မီးမရတဲ့အတွက် အမှောင်ထဲမှာနေသားကျနေကြသလို
ဖြစ်နေကြရတဲ့ ပြည်သူတွေ ကိုယ်စား ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တာပါ၊

"ဖြတ်သာသွားတယ် မနားတယ်"
တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့
...
ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

အိမ်မှာခဏလေးဖြစ်ဖြစ် နားပါကွယ်

ဖြူစင်စေတနာရှေ့ထား ဖိတ်မိတယ်

တွင်တွင်သာ သူ့ခေါင်းကို ခါရှာတယ်

ဖြတ်သာသွားတယ် မနားတယ်....

အရှေ့ဘက်ကထွက်တဲ့ ကုန်တွေပါရင် ဝယ်ဦးမယ်

မလောင်ပေမယ့် လင်းတဲ့ မီးစာရယ်..

ရောင်းခွင့် မရသေးရင်လည်း နေပါစေတော့ကွယ်

အမှောင်မှာနေတာကျင့်သားရပြီပဲ...

တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့

ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ဖြတ်သာသွားတယ် မနားတယ်.....

Chocho Myaing Facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.