Sunday, October 23, 2011

0 ပခုက္ကူ ရေဘေးအလှူအတွက် တတ်နိုင်သမျှ ဖြန့်ဝေပေးစေလိုပါသည် ..


Photo..Eleven media group
ပခုက္ကူ ဒေသတစ်ဝိုက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်ခြင်းကြောင့် တံတားများကျိုးပျက်ခြင်း၊ အိမ်များရေထဲမျောပါခြင်း စသဖြင့် ရေဘေးဒုက္ခများကြုံတွေ့နေရပြီး အောက်တိုဘာလ(၂၁)ရက်နေ့အထိ လူ(၁၄၇)ဦးခန့် သေဆုံးကြောင်း သတင်းများကြားသိရပါသည်။ ထို့အပြင် ရေကြီးနေသော ဒေသတဝိုက်တွင် နေထိုင်ကြသော ဒုက္ခသည်များအနေဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေးများ ပြန်လည်ထူထောင်ရေးများ အမှန်တကယ်လိုအပ်နေကြောင်း ကြားသိရပါသည်။

သို့ဖြစ်ပါ၍ ပခုက္ကူရေဘေးအလှုအတွက် Facebook ပေါ်တွင် တွေ့ဆုံခင်မင်ကြသော အပေါင်းအသင်းများဖြင့် စုပေါင်း၍ ကူညီလှုဒါန်းနိုင်ရေးအတွက် ယခု Page ကိုဖွင့်၍ လှုဒါန်းနိုင်ရန် စုစည်းတိုင်ပင်ဆောင်ရွက်နေကြပါသည်။ မိမိတို့ တတ်အားသမျှ ပါဝင်ကူညီထည့်ဝင်လှုဒါန်း၍သော်လည်းကောင်း မိတ်ဆွေသူငယ်ချင်းများကို သတင်းပေး၍ ကောင်းမှုဒါနပြုကြစေရန်အတွက်လည်းကောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကောက်ခံရရှိသော အလှုငွေများကို ရေဘေးသင့်ဒေသရှိ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီအောင် လှုဒါန်းနိုင်ရေးအတွက် ပခုက္ကူဒေသမှ ရေဘေးကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးများကို အဓိကထား ဆောင်ရွက်ပေးနေကြသော ဆရာတော်များ၊ မြို့မိမြို့ဖများနှင့် လှုဒါန်းရန်အစီအစဉ်ကို အသေးစိတ်စီစဉ်၍ ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ လှုဒါန်းရာတွင် ထိထိရောက်ရောက် အကျိုးရှိရှိ လှုဒါန်းနိုင်ရန်အတွက် ကောက်ခံရရှိလာသော လှုဒါန်းငွေများကို ရေဘေးကယ်ဆယ်ရေး ဦးဆောင်နာယက ဆရာတော်များသို့ လွှဲအပ်လှုဒါန်းသွားမည်ဖြစ်ပြီး ဆရာတော်များ၏ စီမံမှုအတိုင်း လိုအပ်ချက်များကို ထိထိရောက်ရောက် ပေးအပ်ကူညီသွားနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အလှုငွေများကို အပိုင်းနှစ်ပိုင်းခွဲ၍ ကောက်ခံလှုဒါန်းသွားမည်ဖြစ်ပါသည်။ ပထမအသုတ်အနေဖြင့် ရေဘေးသင့်ဒေသမှ ဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေနိုင်ရန်အတွက် " 28.10.2011, Friday " နောက်ဆုံးထား၍ လက်ခံရရှိသော လှုဒါန်းငွေများကို ပေးအပ်လှုဒါန်းသွားမညိဖြစ်ပါသည်။

ဒုတိယ အသုတ်အနေဖြင့် "29.10.2011, Saturday မှနေ၍ 30.11.2011, Wednesday " အထိ လှုဒါန်းရရှိငွေများကို ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးအနေဖြင့် လှုဒါန်းသွားမည်ဖြစ်ပါသည်။

ဆက်သွယ်လှုဒါန်းရန် နေရာများကတော့ -

(၁) ရန်ကုန် >> ကိုမျိုးသက်ပိုင်(09-5275239)

(၂) စင်္ကာပူ >> POSB Bank Account: 245-93746-6

ဆက်သွယ်ရန် : ကိုဝနဆွေ(81014631), နိုင်ထူးအောင်(97767074)

(၃) မလေးရှား >> ကိုအောင်စိုး (+60163853222)

(၄) မန္တလေး >> TeZa Hlaing (0991046819)

လှုဒါန်းရရှိသာ အလှုငွေ၊ ငွေစာရင်းများကို အလှုခံနေရာများအလိုက် ဤ facebook Page တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.