Sunday, May 27, 2012

0 ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု လူအင်အားပိုမိုများပြားလာ





ပုသိမ်မြို့တွင် လျှပ်စစ်မီးမှန်မှန်ရရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုတတိယနေ့ကို ယနေ့ည ၇နာရီ ၂၀မိနစ်မှ စတင်ခဲ့ကြရာ ယမန့်နေ့က လုပ်ဆောင်ခဲ့ကြသည့် အတိုင်း တိုင်းလျှပ်စစ်ရုံးရှေ့မှ စတင်ကာ ရွှေမုဋ္ဌော ဘုရားထိ လမ်းလျှောက်ကိုင်ဆောင်ခဲ့ကြသည်။

ယနေ့ည စတင်ရာနေရာ၌ လူ ၈၀၀ ခန့်က ဖယောင်းတိုင် စတင်ထွန်းညှိပြီး မြေနုလမ်း၊ မင်းကြီးလမ်း မှတဆင့် မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့များသို့ ဖြတ်ကျော် ကာ နောက်ဆုံး ရွှေမုဋ္ဌောဘုရားတွင် သွားရောက် ဆီမီးပူဇော်ပြီး ၈နာရီ ၄၀ မိနစ်၌ လူစုခွဲခဲ့ကြသည်။ လုံခြုံရေးရဲများ တိုင်းလျှပ်စစ်ရုံးရှေ့တွင် ညနေစောင်းမှ စတင်ချထားသော်လည်း ဖယောင်းတိုင် ထွန်းညှိသူများအား နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ။

သတင်းဓာတ်ပုံ..Laypyay aung, ကိုထက်(ပုသိမ် hrdp)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.