Sunday, May 27, 2012

0 လျှပ်စစ်မီးကိစ္စဆန္ဒဖော်ထုတ်မှုကို (၈၈) မျိုးဆက်ကိုကိုကြီးသဘောထား


၈၈ မျိုးဆက်ကျောင်းသား ကျောင်းသားဟောင်းခေါင်းဆောင် ဦးကိုကိုကြီးအားပြည်တွင်းပြည်ပ မီဒီယာများက ယခုတလောဖြစ် ပွားနေသော လျှပ်စစ်မီးကိစ္စ/ဆန္ဒ ဖော်ထုတ်မူကိစ္စများအပေါ်သဘော ထားမှတ်ချက်ပေးပါရန် မေးမြန်း ချက်များကို ယခုလိုဖြေကြားသွား ခဲ့သည်။

အခုဒီမီးပျက်တဲ့ကိစ္စတွေက တော့ အထူးသဖြင့်တော့ မြို့ကြီး တွေမှာ ဒီဒုက္ခတွေခံစားနေကြရ တာတော်တော်ကြာပါပြီ။ အခု တိုင်းပြည်ကနည်းနည်းပွင့်လင်းလာ တော့ လူထုကလည်းသူတို့လိုအပ် ချက်တွေကို တင်ပြတောင်းဆိုတာ တွေ ဆန္ဒဖော်ထုတ်တာတွေလုပ် လာတာဟာ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းမှာကြိုဆိုရမယ့်ကိစ္စတွေပါ ၀န်ကြီးကလျှပ်စစ်နဲ့ ပတ်သက်လို့ လူထုရဲ့တင်ပြမူတွေ ဆန္ဒဖော်ထုတ် မူတွေအပေါ်မှာတုန့်ပြန်တဲ့ ကြေညာချက်လည်းပေးတယ် ဒါဟာလူထုရဲ့လိုအပ်ချက်ကိုအလေး ထားလာတယ်။ဂရုတစိုက်နဲ့ပြန်ပြီး တုန့်ပြန်လာတယ်ဆိုတော့ကြိုဆို ရမယ့်တစ်ချက်ပါပဲ။

အစိုးရက ယခင်ကလို ဖမ်းလားဆီးလားကိစ္စ မျိုးတွေဖြစ်လာဦးမှာလားဆိုပြီး မေးမြန်းချက်ကိုတော့ ကိုကိုကြီးက ဒါအခြေအနေချင်းနည်းနည်းကွာ သွားတယ်။ အဲဒီကာလကစစ်အုပ် ချုပ်ရေးကာလ အခုကဖွဲ့စည်းပုံ အခြေခံဥပဒေအရလွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော်က နေရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့ပေါ်လာတယ်ဆိုတော့ ဒီလိုပြဿနာတွေကို ကိုင်တွယ်တဲ့ ပုံစံတွေပြောင်းလဲသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်ဟု ပြောသည်။ တစ်ဘက်ကလည်း လူထုကိုသည်းခံဖို့မေတ္တာရပ်ခံတဲ့ ကြေညာချက် ထွက်လာတော့သည်း ခံဖို့ဆိုတာကတော့ ကျွန်တော်တို့ ကသည်းခံလာကတစ်လျှောက်လုံး ပါပဲ။

အခုကိစ္စယနေ့ချင်းညချင်း ကြီးတော့ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ သာမန်လူထုရဲ့ အမြင်မှာ တော့ ကျွန်တော်တို့နိုင်ငံမှာ သဘောဝဓာတ်ငွေ့တွေအပြင် ထုတ်ရောင်းနေတယ်။ ရေအား လျှပ်စစ်တွေအရင်အမြစ်တွေအများ ကြီးရှိနေတယ်ပြည်ပကိုထုတ်ရောင်း နေတဲ့အခြေအနေမှာ ပြည်တွင်း မှာ မှောင်ထဲငုတ်တုတ်ထိုင်နေရ မယ်ဆိုတာကတော့ မကျေနပ်တာ အမှန်ပါဘဲ။ အဲဒီတော့နိုင်ငံတော် အနေနှင့် Good Govermance ပေါ့ ကောင်းမွန်တဲ့အုပ်ချုပ် ရေးစနစ် ဒါကိုသမ္မတကလည်း အကြိမ်ကြိမ် ပြောထားတော့ အဓိက နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို အထူးပြုပြီးတော့ ဆောင်ရွက်တဲ့ စီမံချက်တွေ၊ အဲဒါရှေ့ဆက်ပြီးတော့ ဒီလိုမျိုးလျှပ်စစ်မီးတင်မဟုတ်ဘဲ နေ့စဉ်ကြုံတွေရတဲ့ ပြဿနာတွေ ကို ဘယ်လိုဘယ်ပုံ ဖြေရှင်းမယ်ဆို တာကို ဒါလူထုနားလည်လက်ခံ လာအောင်ရှင်းပြတာမျိုးတွေပါ။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ် ရေးကို ကျင့်သုံးတာတွေပါဆက်ပြီးတော့ လုပ်သင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်ဟုဆိုသည်။

မီဒီယာတစ်ခုက အခုလို ကိစ္စတွေမှာ အာဏာပိုင်အပိုင်းက နိုင်ငံရေးအမြတ်ထုတ်လိုသူတချို့ ရှိလာမယ်လို့စိုးရိမ်စိတ်ယူဆတာ တွေဖြစ်လာနိုင်သလားဟုမေးခဲ့ရာ ဦးကိုကိုကြီးမှ ကျွန်တော့်အနေနှင့် ကတော့နိုင်ငံတော်အကြီးအကဲတွေ ရဲ့ မိန့်ခွန်းမှာထပ်ခါတလဲလဲပြော နေတဲ့အချက်က အမူအကျင့် အဟောင်းတွေအတွေးအခေါ် အဟောင်းတွေကို ပြင်ဆင်ဖို့ဆို တာက ကျွန်တော်လည်းသတိထား မိပါတယ်။ အဲဒီတော့ ဒီလိုမျိုးနိုင်ငံ သားတွေပြည်သူတွေရဲ့ လိုအပ် ချက်တွေကို ထုတ်ဖော်တဲ့နေရာ မှာ တစ်ဘက်က တာဝန်ရှိသူတွေ ကိုယ်၌ကလည်းရှုမြင်တဲ့ပုံစံတွေ ပြောင်းသင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်သူကတစ်ခုခုဖြစ်တိုင်း ဖြစ်တိုင်းမှာနောက်ကွက်ကနေပြီး တော့ ဘယ်သူလှုံ့ဆော်သလဲ။ ဘယ်သူကနေစီမံဖန်တီးသလဲဆို တာကို သဘောကတော့ အပြစ် ရှာတဲ့ပုံစံ၊ တရားခံရှာတဲ့ ပုံစံနှင့် ချဉ်းကပ်တာထက် ဒီပြဿနာတွေ ဟာ တိုင်းပြည်မှာတကယ်ဖြစ်ပျက် နေတဲ့ပြဿနာဆိုတာတွေကိုအရှိ အတိုင်းလက်ခံဖို့လိုတယ် အဲဒါကို ဖြေရှင်းမယ်နည်းလမ်းတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ကြိုးပမ်းသင့်တယ်၊ ပြင်ဆင်သင့် တယ်လို့မြင်တယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ ဒါလူထုဟာတစ်ခါမှဆန္ဒထုတ် ဖော်ခွင့်မရခဲ့ဘူး။ အခုအစိုးရသစ် အပေါ်မှာ ယုံကြည်မျှော်လင့်ပြီး တော့ သူတို့ဒီလိုမျိုးဆန္ဒထုတ်ဖော် ပြသလိုက်ရင်တော့ထိထိရောက် ရောက်ကိုင်တွယ်ဖြေရှင်းပေးမှာဘဲ ဆိုတဲ့မျှော်လင့်ချက်ကိုချိုးနှိမ်ပစ်တဲ့ ချဉ်းကပ်မူမျိုးဖြေရှင်းမူမျိုးတော့ မလုပ်သင်ဘူးလို့လည်းကျွန်တော် မြင်ပါတယ်။

ဆန္ဒဖော်ထုတ်တဲ့သူတွေအပိုင်း ကလည်း သတိထားရမှာက ကျွန်တော်တို့က ကျွန်တော်တို့ တကယ်လိုအပ်တဲ့ တကယ်နစ်နာ တဲ့ဟာကို အထက်အဖွဲ့အစည်း အဆင့်ဆင့်ကနေအရေးတယူဆောင် ရွက်ပေးအောင် ဆန္ဒဖော်ထုတ်တာ ဘဲဖြစ်သင့်တယ်အဲဒီကနေပြီးတော့ မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေ ဒါက ကိုယ်ကိုယ်တိုင် မလုပ်ယုံတင် မကဘူး။ အဲဒီလိုအခြေအနေရောက် အောင်တွန်းပို့နိုင်တဲ့ ဖန်တီးမှုမျိုး တွေဟာ ဘက်အသီးသီးက ဖြစ် လာနိုင်တယ် အဲဒါမျိုးတွေကို သတိကြီးစွာထားပြီးတော့ ရှောင် ရှားသင့်တယ်လို ကျွန်တော်တော့ မြင်ပါတယ်ဟုပြောပြသွားပါသည်။

http://www.hotnewsweekly.com/archives/5058#.T793_6UGqqt.facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.