Sunday, September 5, 2010

1 ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး



သေဆုံးသွားသော အောင်သူဟိန်း၏ဓာတ်ပုံ

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သားများနှင့် ရန်ဖြစ်ကြပြီး နောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ ထို့နောက်ပြန်လာပြီး စစ်သား(၁၀)ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာ သေနတ်ဒဏ်ရာဖြင့် အောင်သူဟိန်းက၆ချက်ထိ--စိုးပိုင်ဇော်က၄ချက်ထိပြီးနေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်းသတင်းရရှိပါသည်။ ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့အကောင်တွေ သေချင်းဆိုးနဲ့သေလိမ့်မယ်"လို့အော်ဟစ်ကြိမ်းမောင်းသွားကြောင်းမျက်မြင်သက်သေများက ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန်တောင်းဆိုခဲ့ခြင်းကို အာဏာပိုင်များကတားမြစ်နေကြောင်းသိရှိရပါသည်.
သေဆုံးသွားသော စိုးပိုင်ဇော်၏ဓာတ်ပုံ

videoနှင့်ဓာတ်ပုံသတင်းအတွက် ဦးအေးမြင့် (လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။

1 comment:

  1. လီးပဲကွာ ငါလိုးမသား စစ်သားတွေ...မင်းတို့ က လက်နက်အားကိုးပြီး လက်နက်မဲ့ တဲ့ ပြည်သူတွေကို ဒီလိုအနိုင်ကျင့် တာ မင်းတို့ အတွက် အရမ်းကို သတ္တိပြောင်မြောက်လွန်းတယ်ပေါ့ ..ဟုတ်လား...ငါလိုးမသားတွေ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.