Thursday, November 1, 2012

0 ၀ါဝါ၀င်းကုမ္ပဏီ အရှေ့မှ ဆန္ဒဖေါ်ထုတ်မှု ဦးဝင်းချိုနှင့် မေးမြန်းမှု (ရုပ်/သံ)

လသာမြို့နယ် ။ စဉ့်အိုးတန်းလမ်းထိပ် အနော်ရထာလမ်းပေါ်။ ဒီကနေ့ ၃၁-၁၀-၂၀၁၂ ဗုဒ္ဓဟူး နေ့ တွင် ၀ါဝါ၀င်းကုမ္ပဏီ အရှေ့မှ ဆန္ဒဖေါ်ထုတ်မှု ။ ဦးဝင်းချိုနှင့် မေးမြန်းမှု ရုပ်သံဖိုင် ။
Video..Ah Ba Yah

္ပမတရား လယ်မြေ သိမ်းဆည်းခံထားရခြင်းကို ဖြေရှင်းပေးရန် မထ တမ်း ဆန္ဒပြနေသော ၀ါဝါ၀င်း ကုမ္ပဏီ ရှေ့တွင် ဆန္ဒပြနေသူများနှင့် ရဲတပ်ဖွဲ့များ တင်းမာနေပြီး။ ယခု နောက်ဆုံး ည ခုနှစ်နာရီ သတင်း အရ၊ မြို့နယ် ထွေအုပ်မှ လူစုခွဲရန်နှင့် ဆန္ဒပြခွင့်ကို ရုပ်သိမ်းပြီးကြောင်း၊ ဆက်လက်ပြီးဥပဒေအရအရေးယူ ဆောင်ရွက်ဖွယ်များကို ဆက်လက် ဆောင်ရွက် မည်ဖြစ်ပါကြောင်း လက်မှတ်များကို လာထိုးခိုင်းနေရာ ။ လယ်သမားများက ထိုးပေးလိုက်ပြီး၊ညဉ့် အမှောင်ထု အောက် လမ်းဘေး ပလက်ဖေါင်းပေါ်တွင် ဆီမီးငယ်များထွန်းကာ ဘုရားရှိခိုး ဆုတောင်းနေကြကြောင်း၊ မကြာမှီ အချိန် အနည်းငယ်အတွင်း အကြမ်းဖက် ဖြိုခွဲခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း။ လယ်သမားများဘက်က တော့ မတရား သိမ်းခံထားရသော သူတို့ လယ်ယာမြေများ အရေး ပြန်လည်ဖြေရှင်းပေးခြင်း မရှိသရွေ့ မထ တမ်း ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုနေရာတွင် လယ်သမားများနှင့် အတူ ရှိနေသော ဦးဝင်းချို (ဖုန်း 0973206838 ) က ပြောကြားပါသည်။

သတင်း မီဒီယာများ ဦးဝင်းချိုထံ ဆက်သွယ်မေးမြန်းပြီး တောင်သူလယ်ယာမဲ့ များ အရေးကို ၀ိုင်းဝန်း ကူညီနိုင်ကြပါသည်။ လယ်သမားများ စားဝတ်နေရေးအတွက်လည်း တပိုင်တနိုင် သွားရောက်ကူညီနိုင်ကြပါသည်။ ယခု အခင်းဖြစ်ပေါ်နေသော နေရာမှာ စဉ့်အိုးတန်း လမ်းထောင့် တွင်ဖြစ်ပါသည်။
Nay myo zin

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.