Thursday, November 1, 2012

1 မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းဆက်ကြောင်းပေါ်မှ အရေးပါသောတံတားပြီးစီး

Photo..Mizzima
တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် တပ်မတော်အစိုးရနှင့် အပေးအယူဂိမ်းကစားရင်း မျှော်လင့်မထားဘဲ ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကြီးမားဆုံးဆုလာဘ်အဖြစ် ရရှိသွားခြင်းဖြစ်သည် ဟု မြန်မာ့ရေးရာအကဲခတ်လေ့လာသူများ က ပြောကြား
(IANS News မှ 24 Oct 2012 ရက်စွဲပါ “Bridge Completed For Myanmar-China gas pipeline” သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လင်ကန်းမြစ်(မဲခေါင်မြစ်ဖျားပိုင်း)ဖြတ်တံတားကို ဗုဒ္ဓဟူးနေ့က တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ရာလာမည့်နှစ်တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားသော မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပြီးသတ်ရန် အဓိကအဆင့်တစ်ခု ပြီးမြောက် သွားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Ximhua သတင်းဌာနကကြေညာသည်။

၎င်းတံတားသည် ဘိုရှန်မြို့တော်နှင့် ဘိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုအကြားနယ်နမိတ်တွင် တည်ရှိသည်။ “ဒီတံတားဟာ ပိုက်လိုင်း တစ်လျောက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှုတ်ထွေးတဲ့ပထဝီသွင်ပြင် အနေအထားကြောင့် အခက်ခဲဆုံးအင်ဂျင်နီယာ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ ပါတယ်”ဟု တံတားတည်ဆောက်သူ
china Railway major brdige engineering group co ltd မှအထွေထွေမန်နေဂျာ ဟူဟန်ဇိုက ပြောကြားသည်။

ယခုပိုက်လိုင်းသည် တရုတ်ပြည်အနောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် အလွန့်အလွန် အရေးပါလာလိမ့်မည်ဟု သူကဆိုပါသည်။

၎င်းပိုက်လိုင်းတည်ဆောက်မှုကို ၂၀၁၀ တွင်စတင်ခဲ့ပြီး ရေနံစိမ်းနှင့်ဓါတ်ငွေ့သီးခြားပိုက်လိုင်းနှစ်ခု ပါဝင်သည်။ အမြွှာပိုက်လိုင်းနှစ်ခုသည် ကျောက်ဖြူတွင်စတင်ပြီး မြန်မာနိုင်ငံကိုကန့်လန့်ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်နှင့် ကွီကျိုးပြည်နယ်များ၊ ချုံကင်းမြို့တော်နှင့် ဂွမ်ဇီရှောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသများကို ဆက်လက်ဖြတ်သန်းသွားမည် ဖြစ်သည်။

ရေနံပိုက်လိုင်းက တစ်နှစ်လျှင် တန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းက တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံစီ အသီးသီးပို့ဆောင်နိုင်စွမ်း ရှိအောင် ဒီဇိုင်းရေးဆွဲတည်ဆောက်နေသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် တပ်မတော်အစိုးရနှင့် အပေးအယူဂိမ်းကစားရင်း မျှော်လင့်မထားဘဲ ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကြီးမားဆုံးဆုလာဘ်အဖြစ် ရရှိသွားခြင်းဖြစ်သည် ဟု မြန်မာ့ရေးရာအကဲခတ်လေ့လာသူများ က ပြောကြားထားသည်။

Yangon chronicle

1 comment:

  1. တ ရုတ် က္ဈန် တွေ လက် မှတ် ထိုး ခဲ့ တာ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.