Sunday, October 28, 2012

0 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး ၏ စကား

နိုင်ငံရေးအရဖြေရှင်းနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေးအရ ဘယ်လိုဘဲဖြေရှင်းမယ်ပြောပြော တိကျခိုင်မာတဲ့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် ဘယ်လိုမှဖြေရှင်းလို့ ရမှာမဟုတ်ပါဘူးဗျာ။ ကျွန်တော် တစ်ချက်ထောက်ပြချင် ပါတယ်။အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နဲ့ ပက်သက်ပြီးတော့ ချီတက်ဆန္ဒပြတဲ့နေရာမှာ ပါမစ်မတင်လို့ ၊ ခွင့်မပြုလို့ ဆိုပြီးတော့ လူငယ်လေးတွေတရားဥပဒေအရ၊ ပုဒ်မ ၁၈ အရ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဒါမျိုးကိုတောင်အရေးယူတယ်ဆိုရင် ကျန်တဲ့ အလားသဏ္ဍာန်တူသော ဖြစ်ရပ်မျိုးတွေကိုလည်းတိကျစေချင်ပါတယ်။ ဆိုလိုတာက ဒါရှင်းရှင်းဘဲ ပြောတာပါ။
ကျွန်တော်က အစ္စလာမ်ဘာသာဝင်ဖြစ်နေပါတယ်။ ဘက္ကရီအီးဒ်နဲ့ ပက်သက်လို့ ပြောပြချင်ပါတယ်။ ဘက္ကရီအီးဒ်ကို ရပ်ဆိုင်းလိုက်တယ်ဆိုတော့ ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ တွေ့ တာ ကျွန်တော်ပါပါတယ်။ အစ္စလာမ်အဖွဲ့ ကြီး ၅ ရပ်ရှိပါတယ်။ ရပ်ဆိုင်းရတဲ့အကြောင်းအရာက အစိုးရက လုံခြုံရေးမပေးနိုင်လို့ ရပ်ဆိုင်းတာ မဟုတ်ပါဘူး။ ပြဿနာကဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကလည်း တော်တော်ကြီးကြီးမားမားဖြစ်လာတယ်။

အဲဒီအခြေအနေကို ဘာသာရေးအသွင်သဏ္ဍာန်ဆောင်ပြီးတော့ ဆွဲယူနေတဲ့သူတွေကလည်းရှိနေပါတယ်။ ဘယ်သူရယ်ဘယ်ဝါရယ်လို့ တော့မပြောလိုပါဘူး။ အားလုံးလည်းသိကြမှာပါ။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ပြောပါရစေ။ ကျွန်တော် ဂျာနယ်တစ်စောင်မှာဖတ်ရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကို အိမ်မငှားရ၊ အိမ်မရောင်းရဆိုတဲ့ဟာမျိုးတွေ၊နောက်တစ်ခုက ဘာလဲဆိုတော့ ၀ါဒဖြန့် ချိမှုတွေများများလာတဲ့အခါဒီဘက်ကစိုးရိမ်ထိတ်လန့် စရာတွေ ဖြစ်လာတယ်။ အစိုးရကပေးတဲ့လုံခြုံရေးက ဘယ်လောက်စိတ်ချရသလဲ။ အစိုးရကပေးတဲ့ လုံခြုံရေးက အစ္စလာမ်ဘာသာဝင်အများစုအတွက် လုံခြုံတယ်လို့ မခံယူဘူး။ အဲဒီအပေါ်မှာ အစ်ဒ်လုပ်တဲ့ကိစ္စကိုရပ်လိုက်တယ်။ အဲဒါကလည်း ဘာလဲဆိုရင် with draw ပြန်လုပ်တာပါ။

ပြဿနာတစ်ရပ်ကို အကြမ်းဖက်ပြီးဖြေရှင်းတာက ကျွန်တော်တို့ ကြေညာချက်ထဲမှာပါတဲ့အတိုင်း ရလဒ်ကောင်းတွေထွက်လာမှာ မဟုတ်ပါဘူး။အဖြေမှန်တစ်ခုမဟုတ်ဘူးလို့ မြင်တယ်။ဒီကိစ္စကိုအကြမ်းဖက်ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးနည်းလမ်းအရဘဲ ဖြေရှင်းချင်ပါတယ်။ အဲဒါဖြေရှင်းဖို့ အတွက်ဆိုရင် သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတွေ၊ အစိုးရအဖွဲ့ အစည်းတွေ ပါပြီးတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ကျောသားရင်သားမခွဲခြားဘူးလို့  အတိအလင်းဘဲပြောချင်ပါတယ်။အစ္စလာမ်ဘာသာဝင်ဘဲခေါ်ခေါ်၊ ဘင်္ဂလီဘဲခေါ်ခေါ်။ မနေ့ ကဆိုရင် ကမန်တွေလာပါတယ်။ ကမန်ဟာ ၁၃၅ မျိုးထဲမှာ ပါပါတယ်။ ရခိုင်မျိုးနွယ်စုထဲမှာပါပါတယ်။ မရမာကြီးအိမ် ၂၅လုံး ဖျက်ခံရတဲ့ကိစ္စတွေလည်း ကြားပါတယ်။

ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီးဘဲ။သူတစ်ပြန်ကိုယ်တစ်ပြန် ဘယ်အချိန်ထိ လုပ်ကြမှာလဲ။ ဒါကိုလည်း အစိုးရကမသိကျိုးကျွံပြုပြီးတော့ လုံခြုံရေးအနေနဲ့ ပက်သက်ပြီးတော့ ဘာမှ တာဝန်ယူမှုမရှိဘူးဆိုရင် ဒီပြဿနာကြီးက တဖြည်းဖြည်းနဲ့ကြီးလာစရာမြင်တယ်။ပျောက်သွားဖို့ မမြင်ဘူး။ အဲဒီတော့ နှစ်ခုကိုသင့်မြတ်အောင်၊ မနေ့ ကဆိုရင်ဦးဌေးဦးပြောတဲ့စကား ဖတ်ရတယ်။ ပြောနေကြတာဘဲ။ လူမျိုးစုနှစ်ခုချကြတယ်။ ဟုတ်ပြီ၊ ဘယ်တော့အထိချကြမှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကုန်တဲ့အထိ ချကြတော့မှာလား။ ဒါဟာ အမှန်တစ်ခုရလိမ့်မယ်လို့  မမြင်ဘူး။migrant ပြဿနာဟာ migrant နဲ့ ဘဲ ဖြေရှင်းရမှာဖြစ်တယ်။ တစ်ဘက်ကနိုင်ငံသားမဟုတ်တဲ့ ဖြေရှင်းရမယ့် ပြဿနာတွေရှိတယ်။ ဒါတွေက စနစ်တကျတစ်ဆင့်တစ်ဆင့် ဖြေရှင်းရမယ် ဖြစ်တယ်။ မုန်းတီးရေးနဲ့  လက်စားချေလိုမှု နဲ့ တစ်ဘက်နဲ့ တစ်ဘက် သတ်ဖြတ်မှုတွေနဲ့ မရဘူးလို့  ကျွန်တော်မြင်တယ်။

အစ်ဒ်နဲ့ ပက်သက်ပြီးတော့ နှစ်ချက်ရှိပါတယ်။ နံပတ်တစ်အချက်က အစိုးရကပေးတဲ့လုံခြုံရေးအပေါ်မှာ အစ္စလာမ်ဘာသာဝင်အများစုအတွက် လုံခြုံမယ်လို့ မမြင်ပါဘူး။ အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာပြည်တစ်ပြည်လုံး မှာပြန့် ကျဲပြီးနေထိုင်ကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ၊ မန္တလေးမြို့ လုံခြုံခြင်းဟာ မြန်မာပြည်လုံခြုံတယ်လို့  မယူဆပါဘူး။ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့အတိုင်း၊ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် ဆိုတဲ့အတိုင်း တခြားအဖွဲ့ အစည်းတွေကို မထိခိုက်စေဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် ဆိုတဲ့မူဘောင်အတိုင်း တိတိကျကျ ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ဆန္ဒပါ ပါတယ်။

နံပတ်နှစ်အချက်က အခုလိုပြဿနာတွေ ကြီးထွားနေတဲ့အချိန်မှာခင်ဗျားတို့ လည်းသိတဲ့အတိုင်းဘဲ၊ အစ်ဒ်လုပ်တယ်ဆိုတဲ့ကိစ္စက ဓားတွေဘာတွေ သုံးရတဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒီအချိန်မှာ spam တစ်ခုဝင်သွားရင် တိုင်းပြည်အတွက်လည်း မကောင်းနိုင်ဘူးဆိုတဲ့အမြင်နဲ့ မလုပ်တာ။
ထပ်ပြီးပြောပါမယ်၊ မနေ့ က အစိုးရအဖွဲ့ ကနေ လုပ်ပါလုပ်ပါလို့  အကြိမ်ကြိမ်လာပြောပါတယ်။ အစိုးရလုံခြုံရေး မဟုတ်ဘူးဆိုတာ ပြောပါမယ်။
မနေ့ က ညနေအထိ၊ ဒီနေ့ မနက်အထိ ကျွန်တော်တို့ နဲ့ တော့ မဆိုင်ဘူး။ဒါပေမယ့် အစ်ဒ်နဲ့ ပက်သက်ပြီး လုပ်မှာမဟုတ်ပါဘူး။ ဒါ အစ်ဒ်နဲ့ ပက်သက်ပြီးရှင်းတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအတိုင်းဘဲ ဖြစ်လိုက်ပြောလိုက်ဖြစ်လိုက် ဒီလိုပြောလိုက်နဲ့  မရတော့ဘူးလို့ မြင်ပါတယ်။
နောက်ပြီးဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ အရေးအကြီးဆုံးအချက်က တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ဟိုရက်ပိုင်းကဆိုရင် ကြားမှာပါ။ ဘိုကလေးဈေးမှာဆန္ဒပြမယ်။ ဒီဘက်ကလည်း ဆူးလေဘုရားမှာဆန္ဒပြမယ်ဆိုတော့။ဒီ community နှစ်ခု ထိတ်တိုက်မတွေ့ ဖို့ အတွက်ကို ၈၈ က အကုန်လုံးညီအစ်ကိုမောင်နှမတွေ အငယ်တွေကအစ မနေနိုင်ဘူး။ ဆင်းပြီး တားကြပြုကြပေါ့။

ပြဿနာတွေကိုအမုန်းတရားတွေ။နဲ့ မီးတွေပွားပြီးတော့ ဖြေရှင်းလို့ မရဘူး။တစ်ဆင့်ချင်းနိုင်ငံရေးအရ ဖြေရှင်းစေချင်တယ်။ နိုင်ငံရေးအရဖြေရှင်းနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေးအရ ဘယ်လိုဘဲဖြေရှင်းမယ်ပြောပြော တိကျခိုင်မာတဲ့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် ဘယ်လိုမှဖြေရှင်းလို့ ရမှာမဟုတ်ပါဘူးဗျာ။ ကျွန်တော် တစ်ချက်ထောက်ပြချင်ပါတယ်။အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နဲ့ ပက်သက်ပြီးတော့ ချီတက်ဆန္ဒပြတဲ့နေရာမှာ ပါမစ်မတင်လို့ ၊ ခွင့်မပြုလို့ ဆိုပြီးတော့ လူငယ်လေးတွေတရားဥပဒေအရ၊ ပုဒ်မ ၁၈ အရ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဒါမျိုးကိုတောင်အရေးယူတယ်ဆိုရင် ကျန်တဲ့ အလားသဏ္ဍာန်တူသော ဖြစ်ရပ်မျိုးတွေကိုလည်းတိကျစေချင်ပါတယ်။ ဆိုလိုတာက ဒါရှင်းရှင်းဘဲ ပြောတာပါ။

ရာဇ၀တ်မှုမှာဘာသာ လူမျိုးဆိုတဲ့ တံဆိပ် မရှိပါဘူး။ ရာဇ၀တ်မှုကျူးလွန်တဲ့သူဟာဘာသာပေါင်းစုံကလည်း ဖြစ်နိုင်ပါတယ်။ လူ့ အဖွဲ့ အစည်းမှာ အရင်ကလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်း ရှိဦးမှာဖြစ်တယ်။ ရှိတိုင်းရှိတိုင်းမှာဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံတွေနဲ့  ဖြေရှင်းကြမယ်ဆိုရင်ဘယ်တော့မှ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ အစဉ်အဆက်က အေးအေးချမ်းချမ်းဘဲနေထိုင်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်ထဲမှာ သူခိုးလည်း ရှိမှာဘဲ။မုဒိမ်းကျင့်တဲ့ကောင်လည်း ရှိမှာဘဲ။ ဒါဟာ အစၥလာမ္ဘာသာ၀င္မွမဟုတ္ပါဘူး။ အဲဒီအပေါ်မှာ လူမျိုးရေးနဲ့ ကပ်၊ ဘာသာရေးနဲ့ ကပ်ပြီးတော့ဖြေရှင်းကြရင် အဖြေမှန်တစ်ခုကို ဘယ်လိုမှ မရနိုင်ဘူး။ မွတ်စလင်တစ်ယောက်က၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်က လူမျိုးမဟုတ်ဘူးခင်ဗျ။မွတ်စလင်တစ်ယောက်က ပြစ်မှုကျူးလွန်လို့ ရှိရင် တိတိကျကျအရေးယူပေးပါ။ အဲဒီလိုဘဲ မွတ်စလင်မဟုတ်သောလူက ရာဇ၀တ်မှုကျူးလွန်ခဲ့လို့ ရှိရင်လည်းတိတိကျကျ အရေးယူပေးပါ။

မြအေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.