Wednesday, October 31, 2012

1 စူပါမုန်တိုင်း Sandy ကြောင့်ဘယ်သောအခါမှ မအိပ်စက်သည့်မြို့ကြီးဟု လူသိများသည့် နူးယောက်ခ်မြို့ကြီး အမှောင်အတိ ဖုံးလွှမ်း

အတုယူစရာတခုပါ... ခေါင်းဆောင်ပီသသူ...ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူ... ချစ်စရာကောင်းတဲ့စိတ်ဓါတ်ရှိတဲ့သူ...သမ္မတအိုဘားမား ...
မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဖျက်သိမ်းပြီး စန္ဒီမုန်တိုင်းအရေး ကြိုတင် စီစဉ်စရာ ရှိတာတွေကို ဦးဆောင် စီမံခန့်ခွဲနိုင်ဖို့ အိမ်ဖြူတော်ကို မိုးထဲရေထဲမှာ ပြန်လာခဲ့တဲ့ သမ္မတအိုဘားမား (အောက်တိုဘာ ၂၉)Photo..BBC

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတုန်းက ပြည်သူတွေအားလုံးဒုက္ခရောက်နေချိန်မှာ အခုပြဿနာဖြစ်နေတဲ့ ဒီမိုကရေစီမကျတဲ့ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုအတည်ပြုဖို့ အာဏာနဲ့ စစ်အစိုးရက အတင်းအကြပ်ပြည်သူလူထုကိုမမှန်ကန်တဲ့နည်းနဲ့နည်းပေါင်းစုံ လုပ်ခဲ့တယ်.

.ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို စောင့်ရှောက်ရမဲ့အစား အာဏာတည်မြဲရေးအတွက်ပြုလုပ်ခဲ့ကြတယ်.. ဒီ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရက ဆက်လက်ဖက်တွဲထားဆဲဆိုတာ အားလုံးမမေ့ကြပါနဲ့။ City that Never Sleeps (သို့) ဘယ်သောအခါမှ မအိပ်စက်သည့်မြို့ကြီးဟု လူသိများသည့် နူးယောက်ခ်မြို့ကြီးသည် တနင်္လာနေ့ညပိုင်းတွင် စူပါမုန်တိုင်း Sandy ကြောင့် အမှောင်အတိ ဖုံးလွှမ်းသွားခဲ့ရသည်။

သမ္မတအိုဘာမားမှ နူးယောက်ခ်မြို့နှင့် Long Island တို့အား သဘာဝဘေးသင့် အရေးပေါ်အခြေအနေရှိ ဒေသများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

နူးယောက်ခ်မြို့နှင့် Long Island သည် စူပါမုန်တိုင်း Sandy ၏ ဘေးဒဏ်အား အဆိုးဆုံး ခံစားခဲ့ရသည့် ဒေသများဖြစ်ပြီး လက်ရှိအချိန်၌ ဒေသခံ ၂ သန်းနီးပါမှာ လျှပ်စစ်မီးပြတ်တောက်နေသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက တက်ရောက်လာသည့် ရေများသည် စံချိန်တွင် အမြင့်များသို့ ရောက်ရှိခဲ့ပြီး နူးယောက်ခ်မြို့ရှိ ကားနှင့် ရထားသွား ဥမင်လှိုင်ခေါင်းများ အားလုံးနီးပါး ရေပြည့်သွားခဲ့ရသည်။

အာဏာပိုင်များက နူးယောက်ခ်မြို့၏ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများနှင့် Subway များ ပြန်လည် လည်ပတ်ရန် မည်မျှကြာမည်ကို မပြောကြားသော်လည်း ရက်အတန်ကြာ ကြာမြင့်မည်မှာ သေချာနေသည်။

Shwelone

1 comment:

  1. မုန်တိုင်း သတင်းရေးတဲ့ ဆီမှာလဲ အစိုးရကိုပုတ်ခတ်တာပဲလား။ အတိုက်အခံလို့
    ဂျာနယ်လို့ခေါင်းစဉ်တပ်ထားတဲ့ဂျာနယ်တွေ အနည်းငယ်တော့ ပြင်သင့်ပြီထင်တယ်။ အကျိုးမရှိတဲ့ ပုတ်ခတ်မှုတွေကို ရေးနေမဲ့ အစား ဘက်လိုက်မှုကင်းတဲ့ နိုင်ငံရေးသုံးသပ်ချက်တွေ ပြသ၁နာ ဖြေရျင်းဖို့ ကိစ္စတွေကို ဦးစားပေးရေးရင်ကောင်းမယ်။ ပုတ်ခတ်ရေးတာက လူတိုင်းနီးပါးလောက်ရေးတတ်ပါတယ်ဗျာ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.