Tuesday, August 2, 2011

0 မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ နယားကျောင်း ဆရာတော် ဦးကောသလ္လ ဘဝနတ်ထံ ပျံလွန်တော်မူခြင်း။


နယားကျောင်း ဆရာတော်ဦးကောသလ္လ သည် မန္တလေးကျောင်းသားထု နှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ချစ်ခင်ကြည်ညိုလေးစားရသော ဆရာတော်တစ်ပါးဖြစ်ပြီး ၊ လူသိများ ထင်ရှားသူ ဖြစ်သည့် အတွက် ရပ်ဝေးရပ်နီး မှ တပည့်သံဃာများ၊ ကျောင်းသား/သူများ သိစေန...ိုင်ရန်(ဖူးမြော်နိုင်ရန်) Video အကြမ်းတင် ပေးလိုက်ပါသည်။

ဆရာတော်သည် ၁၉၉၀ခု၊ ပတ္တနိက္ကုဇ္စ္ဖန ကံဆောင်ရာတွင် ၊မန္တလေး လေးပြင်လေးရပ် သံဃာ့သမဂ္ဂီ တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ကျောင်းသားလှုပ်ရှားမှုများကို လည်း အားပေးကူညီခဲ့သည်။ ကျောင်းသား/သူ တို့နှင့် သား/အဖ သဖွယ်၊ သူငယ်ချင်း သဖွယ် ဖက်လှယ်တကင်းနေထိုင်တတ်ပြီး ကျောင်းသားများနှင့် နိုင်ငံရေး အသိုင်းအဝန်းမှ ဦးဖိုးစိုး ဟု ချစ်စနိုး ခေါ်တွင်ရာမှ မူလ ဘွဲ့ ဦးကောသလ္လ ပင် အချို့က မေ့ကုန်သည်။ ကျောင်းသားများနှင့်ပတ်သက်လျှင်​ ပြုံးပြုံးကြီး အနစ်နာခံ ပေးဆပ်ပေးခဲ့သော ဆရာတော် ဘုရားသည် (၃၁-၇-၁၁) နေ့တွက်ပျံလွန်တော်မူခဲ့လေပြီ ဖြစ်သည်။

ကျွန်တော်တို့ ချစ်ခင် ကြည်ညိုရသော ဆရာတော် ဦးကောသလ္လ(ဦးဇင်း ဖိုးစိုး)၏ နောက်ဆုံးခရီးကို လိုက်ပါပို့ ဆောင်ရင်း မှတ်တမ်းယူခွင့်ရခဲ့၍ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပါသော်လည်း ကြေကွဲခြင်းများစွာနှင့်ပါ။
ဆရာတော်ဘုရား နှင့် နွဲခဲ့သော အချိန်များကို အောင့်မေ့တမ်းတရင်း အကျဉ်းကာလ တစ်လျှောက် အတူတူ နေခဲ့ရသည်များကိုလည်း လွမ်းမိပါသည်။

ထိုအထဲတွင် အတူနေခဲ့ကြသော နိုင်ငံရေး အကျဉ်းသားဟောင်းများ မှ လွမ်းသူ ပန်းခြင်းနှင့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့၏ လွမ်းသူ ကန်တော့ပန်းခြင်းနှင့် အတူ ကြံ့ခိုင်ရေး ပါတီ၏ ပန်းခွေ ကို တွေ့ မြင်ရပေမည်။မန္တလေးမြို့ရှိ နိုင်ငံရေးအသိုင်းအဝန်း နှင့် ကျောင်းသားများ က လိုက်ပါပို့ ဆောင်ခဲ့ပြီး စည်ကား သိုက်မြိုက်စွာ ပြီးစီးခဲ့ပါကြောင်း …။

ဆရာတော်ဘုရား လွတ်မြောက်ရာ အရပ်တွင်သာ အေးချမ်းစွာ သီတင်းသုံးနိုင်ပါစေ...(ရဲကြီး)​..။


ကိုဝိုင်ဝိုင်ကေ
၀၁-၀၈-၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.