Saturday, August 6, 2011

0 စိုက်ပျိုးစားရိတ်လောက်ဌအောင်မထုတ်ပေးသောကြောင့် လယ်သမားများဒုက္ခရောက်




လယ်သမားတော်တော်များများဟာ လယ်တစ်ဧကကို ကုန်ကျစားရိတ်က တသိန်းအထက်မှာဘဲရှိပါတယ်။ အစိုးရကစိုက်ပျိုးစားရိတ်ထုတ်ချေးတာတစ်ဧကကို၂၀၀၀၀(နှစ်သောင်းဘဲထုတ်ချေးတော စိုက်ပျိုးစားရိတ်အတွက် လိုတဲ့ငွေကိုအတိုးနူန်းမြင့်မားစွာနဲ့ ငွေရှင်တွေဆီက ချေးရရော ရာသီဥတုတွေဖောက်ပြန်လို့ စပါးထွက်နူန်း တွေကျတော့ မဆပ်နိုင်တွေဖြစ်တော့အမူ့အခင်းတွေ ဖြစ်ကြပြန်ရော။

အဲဒီတော့လယ်သမားတွေကိုငွေရှင်ရယ်၊ အာဏာပိုင်ရယ်၊ မြေစာရင်းရယ်ပေါင်းပြီး လယ်သမားတွေကို ဒုက္ခ ပေးကြတော့တာဘဲ..လယ်သမားတွေ၊ ရာဇ၀တ်ပြစ်မူ့တွေနဲ့ထောင်တွေကျရရှာကြတယ်ဗျာ။

အဲဒါတွေကိုဖြေရှင်းနိုင်ဘို့ဆိုရင်လယ်သမားတွေကို စိုက်ပျိုးစားရိတ်လောက်ဌအောင် ထုတ်ပေးတာတို့ လယ်သမားတွေရဲ့ကျန်းမာရေးတွေကိုဂရုစိုက်ပေးတာတို.စတာတွေကို လယ်သမားတွေနဲ့ လက်တွေ့ ဆွေးနွေး ညှိနိုင်းအဖြေရှာကြရမယ့် တာဝန်ဟာပြည်သူ့အစိုးရလို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ တည်ဆဲအစိုးရရဲ့ တာဝန်တွေပါ..

ကျွန်တော်တို့လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)အနေနဲ့ကတော့ ဥပဒေဘောင်အတွင်းကနေလယ်သမားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးများကိုတောင်းဆိုသွားမယ်လို့

HRWDN (လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.