Saturday, June 12, 2010

0 တပ်ရင်း တစ်ခုလုံး နုတ်ထွက်ဖို့ကြိုးပမ်းမှုကြီး

ကရင်ပြည်နယ် နတ်ကြီးကျေးရွာမှာ အခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃) မှာ တပ်ရင်း တစ်ရင်းလုံး နုတ်ထွက်ဖို့ ကြိုး ပမ်းမှု ဖြစ်ပွား ခဲ့တယ် လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘီးလင်း မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

Burmese Soldiersစစ်တပ်အတွင်း အောက်ခြေနဲ့ အထက် အရာရှိ တွေကြား ကွာဟမှုတွေရှိအဲဒီတပ်ဟာ မော်လမြိုင် ရန်ကုန် ကားလမ်း နံဘေးက ဘီးလင်းမြို့အနားမှာ အခြေစိုက်တာ ဖြစ်ပါတယ်။တပ်တွင်းမှာ အောက်ခြေက တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အထက်က အမိန့်ပေး ခိုင်းစေတာတွေကို မကျေနပ်ကြတဲ့ အတွက် တပ်ရင်းမှူးက အစ အောက်ခြေ တပ်သားတွေ အဆုံး နုတ်ထွက်ဖို့ ပြင်ဆင် ကြတာကို တပ်မမှူး သိသွားလို့ ထိန်းချုပ် ထားလိုက်တဲ့ အကြောင်းလည်း ဘီးလင်း မြို့ခံက ဘီဘီစီကို ပြောပါတယ်။

အခုတော့ တပ်ရင်းမှူး အပြောင်းအလဲ လုပ်လိုက်ပြီး ပထမတပ်ရင်းမှူး အပါအဝင် ဂျီတူး နဲ့ ဂျီ သရီး တွေ အပြင် တခြား တာဝန်ရှိသူ တွေကိုလည်း ထုချေလွှာ တောင်းပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။မြန်မာ စစ်တပ် အတွင်းမှာ အခုလို တပ်တွင်းမှာ မကျေမနပ် ဖြစ်မှုတွေ အကြောင်း မကြာ ခဏကြားရတတ်လေ့ ရှိပေမဲ့ မြန်မာ အစိုးရ ဘက်က တရားဝင် သတင်း ထုတ်ပြန် လေ့ မရှိလို့ အတည်ပြုချက် ရယူဖို့ ခက်ပါတယ်။ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ထဲမှာ စားဝတ် နေရေး မပြေလည်တဲ့ အတွက် အင်းမက တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့မှာ တပ်တွင်း အမိန့်မနာခံမှု တွေ ဖြစ်ခဲ့ပါတယ်။
(ဘီဘီစီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.