Tuesday, July 24, 2012

0 မြန်မာ့ဆင်တွေနယ်စပ်စပ်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံသို့တရားမဝင်ရောင်းချ။

မြန်မာနိုင်ငံတောအုပ်တွေမှာကျက်စားနေထိုင်တဲ့ဆင်တွေကိုဖမ်းဆီးပြီးနယ်စပ်ဖြတ်ကျော်ကာထိုင်းနိုင်ငံသို့ရောင်းချနေမှုသည် အနာဂတ်မျိုးစိတ်ပျက်သုန်းရေးအတွက် စိုးရိမ်စရာများဖြစ်လာတော့မည်ဟု Ecologist Film Unit (EFU)သက်ရှိသတ္တဝါ၊တိရစ္ဆာန်၊သစ်ပင်စသည်တို့နှင့်ပတ်ဝန်းကျင်ဆက်စပ်မှုအခြေအနေကို လေ့လာသောပညာရှင်များအဖွဲ့စုံစမ်းပြီး ကြေညာလိုက်သည်။

ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုအလုပ်အကျွေးပြုနေရသော မြန်မာနိုင်ငံတောအုပ်များမှဆင်ပေါက်၊ဆင်မငယ်များကိုဖမ်းဆီးသည့်အရေအတွက်မှာ နှစ်စဉ်ကောင်ရေ ၅၀မှ ၁၀၀ကျော်မည်ဟု လေ့လာစုံစမ်းမှုမှတ်တမ်းများအရသိရသည်။ ထိုင်း-မြန်မာနယ်စပ်များတွင် ကမ္ဘာလှည့်ခရီးသည်ကျက်စားရာနေရာများ ဖြစ်လာသော ဆင်လေ့ကျင်ရေးစခန်း၊ ဆင်ပွဲတော်များကျင်းပခြင်းတို့ဖြင့် ကမ္ဘာလှည့်ခရီးသည်များစွဲဆောင်ထားနိုင်ခဲ့သည်။

နှစ်စဉ် သန်းနှင့်ချီသောအင်္ဂလန်ခရီးသွားဧည့်သည်များသွားရောက်လည်ပါတ်ကြပြီး အခြားနိုင်ငံများမှ ခရီးသွား များသည် လည်း နေ့စဉ်ထောင်နှင့်ချီ၍ လည်ပါတ်မှုများရှိကြောင်းသိရသည်။ ပညာရှင်များအဖွဲ့က နိုင်ငံတကာနှင့်သက်ဆိုင်သောအန္တရာယ်ရှိသောတရားမဝင်ရောင်းဝယ်မှုဆိုင်ရာတားဆီးပိတ်ပင်ရေးသဘောတူညီချက်ကို လေးစားလိုက်နာထိမ်းသိန်းရန်အတွက်ထိုင်းတာဝန်ရှိသူများကိုစတင်လှုံဆော်တိုက်တွန်းနေကြပြီဖြစ်သည်။

Ecologist Film Unit (EFU) အဖွဲ့မှလေ့လာမှတ်တမ်းတင်ထားသောဗီဒီယို -



Aung pan Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.