(Bangkok Post မှ 20 July 2012 ရက်စွဲပါ “Only solution unaccepted” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)
နောက်ဆုံးတွင်မူ မြန်မာသမ္မတဦးသိန်းစိန်သည် ၄င်း၏ပထမဆုံးထိုင်းနိုင်ငံခရီးစဉ်ကို ရက်သတ်မှတ်လိုက်လေပြီ။ တနင်္ဂနွေနေ့မှစတင်၍ ၃ ရက်ကြာ လာရောက်မည့် အနောက်ဖက်အိမ်နီးချင်းနိုင်ငံခေါင်းဆောင်ကို ထိုင်းနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မည်။
ဦးသိန်းစိန်၏ ခရီးစဉ်မတိုင်မီပြင်ဆင်မှုများမှာ အပြည့်အဝရှင်းလင်းပြောကြား၍ မရလောက်အောင် ရှုပ်ထွေးလျက်ရှိသည်။ သူသည် နှစ်ကြိမ်တိုင်တိုင် လာမည်ဟုအဆိုပြုခဲ့ပြီး နှစ်ကြိမ်စလုံး ရောက်မလာခဲ့ပါ။
အဆိုပါခရီးစဉ်နှောင့်နှေးမှုအကြောင်းအရင်းများကိုစပ်စုလိုကြခြင်းမှာတစုံတရာအမှားအယွင်းမရှိဟု စောဒကတက်ကြရာတွင် နှစ်နိုင်ငံစလုံး မအောင်မြင်သောကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် ဦးသိန်းစိန်၏ခရီးစဉ် နှောင့်နှေးမှုတွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံခေါင်းဆောင်ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဟူသော ထိထိမိမိမှန်းဆမှု ရှိနေသောကြောင့်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သော ၈ လအတွင်း အထင်ကြီးစရာအပြောင်းအလဲများပြုလုပ်ခဲ့သော အစိုးရအကြီးအကဲအဖြစ် ထိုင်းနိုင်ငံသို့ ရာက်လာလေပြီ။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများသည်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မျှော်မှန်းကာတန်းစီနေကြသည်။ အင်အားကြီး General Electric သည် ယခင်အပတ်က X-ray ဓာတ်မှန်စက်များရောင်းချပေးကာ မြန်မာနိုင်ငံ၌ အမေရိကန်တို့၏ ခြေလှမ်းကို စတင်ဖွင့်လှစ်လိုက်ပြီ။
သို့သော် မြန်မာနိုင်ငံနှင့် ယင်း၏ ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်သော နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်း ဖွာလန်ကျဲသွားခဲ့သော အပေါက်အပြဲများကို ဖာထေးရန်အတွက် ခရီးရှည်ကြီးလျှောက်ရန် ကျန်နေသေးသည်။ မကြာသေးမီက ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများက မြန်မာနိုင်ငံ၏ စည်းလုံးမှုဟန်ဆောင်မျက်နှာဖုံးကို ကွာကျသွားစေသည်။ လတ်တလောကာလအတွင်း ပြုပြင်ပြောင်းလဲရေး အစိုးရ၏ အပြင်းထန်ဆုံးသတိပေးမှုများကို ဦးသိန်းစိန်က ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သော အပတ်အတွင်း သမ္မတဦးသိန်းစိန်ကကုလသမဂ္ဂအား “မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်သန်းကို လက်မခံနိုင်ကြောင်း၊ ၄င်းတို့သည် တိုင်းရင်းသားမဟုတ်သောလူမျိုး၊ ဘာသာမတူသူများဖြစ်၍ ဒုက္ခသည်စခန်းသို့ပို့ခြင်း(သို့)နှင်ထုတ်ခြင်း ခံရမည် ဖြစ်ကြောင်း၊ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးသို့ ဒုက္ခသည်များအဖြစ် လွှဲပြောင်းခြင်း(သို့)၄င်းတို့အား လက်ခံလိုသော တတိယနိုင်ငံများ၌ အခြေချစေခြင်းပင်ဖြစ်ကြောင်း”ထုတ်ဖော်ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံဟာ သူ့ရဲ့တိုင်းရင်းသားလူမျိုးစုတွေအတွက် တာဝန်ယူမှာဖြစ်သော်လည်း၊ တိုင်းရင်းသားမျိုးနွယ်မဟုတ်ဘဲ တရားမ၀င် နယ်စပ်ဖြတ်ကူးလာသော ရိုဟင်ဂျာများကို အသိအမှတ်ပြုရန်လုံးဝမဖြစ်နိုင်”ဟု သမ္မတရုံးဝက်ဆိုဒ်တွင် ဦးသိန်းစိန်က ပြောကြားထားသည်။
ယင်းစကားလုံးများသည် ပြင်းထန်သည့်အပြင် လက်ခံနိုင်ဖွယ်မရှိပါ။ တပ်မတော်အစိုးရ အဆက်ဆက်လက်ထက်တွင် တီထွင်ခေါ်ဝေါ်ခဲ့သည့် နာမည်ဖြစ်သည့် ရိုပာင်ဂျာများတွင်လည်း လူ့အခွင့်အရေးရှိသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ရိုဟင်ဂျာများကို အနှောင့်အယှက်များဟု သတ်မှတ်ယူဆ နိုင်သော်လည်း၊ ထိုအခြေအနေများကို လက်သင့်ခံခြင်းသည်သာ ဖြေရှင်းနည်း ဖြစ်သည်။
ထို့ကြောင့်ရိုဟင်ဂျာတို့၏ အခက်အခဲကို ဦးသိန်းစိန်၏ ခရီးစဉ်တွင်ဖော်ထုတ်ရပါမည်။ ထိုင်းနှင့်အိမ်နီးချင်းများသည်လည်း ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိနေသူများ ဖြစ်ကြသည်။ ဇာတိမှထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက် သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီးတစ်ထောက် နားကြသည်။ သို့သော် မြန်မာနိုင်ငံမှမြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံကြိုဆိုခြင်း မပြုကြပါ။
မြန်မာနိုင်ငံသည် တပ်မတော်၏ သေနတ်ပြောင်းဝ ဖိအားအောက်တွင် ကြာရှည်အထီးကျန်နေခဲ့ရခြင်းကြောင့် ယခု မြန်မာသမ္မတ၏ တုန်လှုပ်ဖွယ် စကားကို နားလည်ခွင့်လွှတ်ပေးကြဖွယ် ရှိသော်လည်း မြန်မာပြည်သူများနှင့် ကိုယ့်ပြဿနာကိုယ်ရှင်းနေသော သမ္မတဦးသိန်းစိန်အနေဖြင့် ဂရုဏာထားရမည့် ကျင့်ဝတ်ကိုမူ မဖောက်ဖျက်သင့်ပါ။ သူ့စကားများကို သဘောမတူနိုင်ပါက ပံ့ပိုးမည့်လုပ်ရပ်မှန်သမျှကိုလည်း လက်သင့်ခံနိုင်ကြမည် မဟုတ်ဆိုသည်ကို ဦးသိန်းစိန် သိထားသင့်သည်။
မြန်မာနိုင်ငံသည် နာတာရှည်အကြမ်းဖက် အမှောင်ကမ္ဘာထဲမှရုန်းထွက်ကာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ နှင့်လုံးဝခြားနားသော ကျင့်ဝတ်စံနှုန်းများနှင့် ကမ္ဘာသစ်ထဲသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သော်လည်း ရိုဟင်ဂျာများနှင့်ပက်သက်၍ သမ္မတ၏ ပြောစကားများမှာမူ လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များ လွှမ်းနေသည်။
Yangonchronicle
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
I agree with President.
ReplyDeleteသမ္မတ ဦးသိန်းစိန်၏ ပြောစကားကို လုံးဝ ထောက်ခံ သည်။ အထက်ပါဆောင်းပါး ဝေဖန်ချက်သည် ကို လိုရာ ဆွဲ တွေး အပစ်တင် တစ်ဖက်စောင်းနင်း အမြင် မကင်းသူ၏ ဝေ ဖန်ချက်သာ ဖြစ်သည်။ သမ္မတ ၏ ပြော စကားသည် လူမျိုးစွဲ စိတ် ပြင်းပြ သည် ဆိုပါက မည်သည့် ရိုဟင်ဂျာ ကို မျှ လက်မခံနိုင်ဟု ပြောရုံသာ ရှိသည်။ ၁၉၄၈ မတိုင်မှီ ၀င်ရောက်ခဲ့  သော ဘင်္ဂလီ ရိုဟင်ဂျာ များက ပေါက်ဖွားလာတဲ့ မြေး အဆင့် ဘင်္ဂလီ ရိုဟင်ဂျာ များကိုသာ နိုင်ငံသား အဖြစ် လက်ခံမှာ ဖြစ် ကြောင်း နိုင်ငံတော် သမ္မတ အနေဖြင့် ဥပဒေကြောင်းအရ ရှင်းရှင်း လင်းလင်း အသိပေး ပြောကြားခဲ့တာဖြစ်တယ်။ နောက်ပိုင်း တရားမ၀င် ၀င်ရောက်လာသူ မည်သူ့ ကို မဆို မရား မ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ခံ ရမှာသာဖြစ် ကြောင်း ရှင်းလင်းတယ်။ ကမ္ဘာ ပေါ် ကဘယ်နိုင်ငံ မှာ မဆို တရားမ၀င် ၀င်ရောက်လာသူ မှန်သမျ ကို နိုင်ငံသား အဖြစ် လက်ခံ တဲ့ နိုင်ငံ မရှိဘူး ဆိုတာကို နိုင်ငံရေး ကို အနည်း အကျဉ်း မျှ သိရုံ လောက်နဲ့  လူတိုင်း နားလည်ပါ လျက် အထက် ပါ ဆောင်းပါး ရေးသူ သည် နိုင်ငံရေး အကြောင်း နကန်း တစ် လုံးမျှ နားလည် ဟန် မရှိ တစ်ဖက် စောင်းနင်း ပုဂ္ဂိုလ် ရေး အမြင် စောင်းပြီး သမ္မတ အားတိုက်ခိုက်နေသည်မှာ ပေါ် လွင်နေသည်။ သမ္မတ ၏ စကားအား ခြိမ်းခြောက်ခြင်း အငွေ့  အသက် များ လွှမ်းနေသည် ဟု ဖေါ်ပြထားသည်မှာ လည်း လူ ရီစရာ ဖြစ်နေသည်။ နိုင်ငံတော် အစိုး ရ ပြောစကားများကို ပြည် ပ သတင်း ဌာန များက ပြောနေ ကြ လက်သုံးစကားသာ ဖြစ်သည်။ အမှန်မှာ အကြောက်လွန် နေသူများသာ ဖြစ်ကြောင်း မိမိ ကိုယ်တိုင် ရှင်းရှင်း လင်းလင်း သိသင့်သည်။ သတ္တိ အရာ ချို့ တဲ့ သူ ၊ အကြောက် လွန် နေသူ၊ အမှား အယွင်း များစွာ လုပ်ထားသူ များသည် မည်သူ က ဘာပြောပြော မိမိကို ခြိမ်းခြောက် နေသည် ဟု ထင်နေကြတတ်သည် ကို စိတ်ပညာ နားလည် သူများ အသိဖြစ် ကြောင်း အသိပေးလိုသည်။
ReplyDelete