Friday, July 27, 2012

0 အေဘီအက်ဒီအက်ပထမဆုံးဥက္ကဌဦးထွန်းအောင်ကျော် နှင့်ငါးဦးပါအဖွဲ့မြန်မာပြည်သို့ သွားရောက်လေ့လာမည်ဆိုခြင်း...

၁၉၇၄ခုနှစ်ဦးသန့်အရေးအခင်းတွင်ဦးဆောင်ပါဝင်ခဲ့သူတဦးလဲဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ပထမဆုံးသောဥက္ကဌဖြစ်သူဦးထွန်း အောင်ကျော်နှင့်အတူ ကိုမိုးသီးဇွန်၊ကိုကိုလေး၊ကိုရင်အေး၊ကိုမူးသာတို့သည်မကြာမှီမြန်မာနိုင်ငံသို့ လေ့လာ ရေးသွားရောက်ကြမည်ဟုသိရပါသည်။

ဦးထွန်းအောင်ကျော်နှင့်အဖွဲ့သည်သမ္မတကြီးဦးသိန်းစိန်၏ပြည်ပမြန်မာများတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လာရောက်ကြရန်နှစ်ကြိမ်တိုင်တိုင်ဖိတ်ခေါ်မှုကြောင့်လေ့လာရေးခရီးစဉ်အဖြစ်သွားရောက်ကြမည်ဟုသိရပါသည်။မြန်မာနိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးရေးအတွက်မိမိတို့မည်သည့်နေရာမှ ပုခုန်းထမ်းဝင်ရောက်လုပ်ကိုင်နိုင်မည်ကိုလေ့လာကြမည်ဟုသိရပါသည်။
ယခု ခရီးစဉ်အား ဦးထွန်းအောင်ကျော်မှ ဦးဆောင်မည်ဟု သိရပါတယ်။

http://htwduwintinfoundation.blogspot.jp/2012/07/blog-post_1848.html

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.