Monday, July 23, 2012

1 ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၄၈ နှစ်မြောက်အထိမ်းအမှတ်ပွဲ(ဓာတ်ပုံ)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၄၈)နှစ်မြောက်နှစ်ပတ်လည်နေ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်မှ အမှတ်တရစကား ပြောကြားနေစဉ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ အမှတ်တရစကား ပြောကြားနေစဉ်
 ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီက စတင်ကျင်းပခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများ၊ စာပေ အနုပညာရှင်များနဲ့ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ ပရိသတ် အယောက် ၈၀၀ ကျော် တက်ရောက်လာခဲ့ကြပါတယ်။
အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်များနဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတွက် တမိနစ်ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
အဲ့ဒီနောက် ခေတ္တရာတမာချိုအဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းနဲ့ ဖျော်ဖြေပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်အဖြစ် ပေးပို့တဲ့ သဝဏ်လွှာတွေအနက်မှ ဆရာဒဂုန်တာရာရဲ့ သဝဏ်လွှာကို ဆရာမကြီး ဒေါ်ခင်ဆွေဦးက ဖတ်ကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကိုတော့ ဆရာ ဖျာပုံနီလုံဦးမှ ဖတ်ကြားခဲ့ပြီးတဲ့နောက် အဲ့ဒီ အခမ်းအနားကို တက်ရောက်လာတဲ့သူတွေက ဆရာကြီးအတွက် အမှတ်တရစကားတွေကို အသီးသီး ပြောကြားခဲ့ကြပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ် ရှိပြီဖြစ်တဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကလေးဘဝက သီပေါမင်း ပါတော်မူတာကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် နယ်ချဲ့
ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကာ မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ သမိုင်းဆရာ၊ သတင်းစာဆရာဘဝမှာ ဆောင်းပါး၊ ကဗျာ၊ လေးချိုး၊ ဋီကာပေါင်းများစွာကို ရေးသားခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့ကာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းစာအတိုလေး ဖတ်ရှုမိတဲ့ အချိန်ကစပြီး အိပ်ယာထဲလဲကာ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ကြာသပတေးနေ့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တာ အခုဆို ၄၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။by-Burma vj media
Photo.Eleven media group

1 comment:

  1. အမှတ်တရတွေကကောင်းတယ်ဆိုပေမဲ့သင်ခန်းစာယူတတ်ဖို့နဲ့မမေ့အောင်ထိမ်းသိမ်းကြဖို့ပါ။တကယ်အရေးကြီးတာတွေကတရုပ်၊ကုလားဝါးမျိုနေတဲ့အနာဂတ်နိုင်ငံတော်မှာပြည်သူတွေအသိခံစားမူစည်းလုံးညီညွတ်မူတွေနဲ့၊နိုင်ငံတော်၊နိုင်ငံသားကိုယ်ခံအားကောင်းမွန်တိုးတတ်လာအောင်ရှင်းလင်းချပြနိုင်ရေးကိုအဓိကထားပြီး ၈၈ တွေဦးဆောင်လူပ်ရှားစေချင်ပါတယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.